Home        Articles        News        Poems        Love Poems        Aesop Fable        Links        Shwe Gas       

Thursday, December 3, 2009

ဘာသာရေးဆိတ်သုန်မှုနှင့် မြန်မာမှုပြုခံရခိုင်စာပီ


ဘာသာရေးဆိတ်သုန်မှုနှင့် မြန်မာမှုပြုခံရခိုင်စာပီ

သမုဒ္ဒရာ၊ တောတောင်ရီမြီ၊ လီ၊ သြကာသလောက ဖြစ်ပေါ်ခပြီး သက်ဟိသတ္တ၀ါ၊ လူတရိစ္ဆာန်အစဟိသည်ဖြင့်ပေါ်ထွန်းခသည့် သတ္တလောကကြီးကိုသင်္ခါရလောက၏ ပြုပျင်ပြောင်းလဲ စီမံဖန်တီးမှုမှာ နှစ်ပရိစ္ဆေဒ အသင်္ချအသင်္ချာ ကြာမြင့်ခပါသည်၊၊ အသိညာဏ်ဟိသော လူသတ္တာဝါရို့ လောကသုံးပါးကို စိုးမိုးခကာ လူသားရို့၏ယိုင်ကျေးမှုကို တည်ဆောက်ခပါသည်၊၊ ခေါမ၊ ရောမခေတ်များမှ အနောက်တိုင်းယိုင်ကျေးမူ၊ အရှိတိုင်း ယိုင်ကျေးမှုများ ဖြစ်ထွန်းရန်ကျောက်ခေတ်၊ သံခေတ်စသဖြင့် ခေတ်ပေါင်းများစွာကို ဖြတ်သန်းလာခရပါသည်။ ထိုသို့ ဖြတ်သန်းလာခရာ၌ လွန်ခရေ နှစ်ထောင်စုကာလအတွင်းများမှာ လူ့ယိုင်ကျေးမှုသည်သိသာထင်ရှားစွာ တိုးတက်ခပါသည်၊၊
ဗုဒ္ဓပွင့်တော်မူခြင်း၊ ခရစ်တော်မွီးဖွားခြင်းစသော ဘာသာအယူဝါဒများသာမက လူမူရေး၊ နိုင်ငံရေး၊ ဘာသာရေး၊ စာပီယိုင်ကျေးမှုများလည်း လွန်ခရေထောင်စုနှစ်များကာလအတွင်း အောက်ခြီတည်ခပေသည်၊၊ ယင်းအောက်ခြီစတည်ခသည်နှင့်အတူ ရခိုင်နိုင်ငံသည်လည်း
ကျောက်ခေတ်မှသည် လူသားရို့စိုက်ပျိုးခြင်း၊ ချက်ပြုတ်စားသောက်ခြင်း၊ ကိုးကွယ်ယုံကြည်ခြင်းအထိ ယိုင်ကျေးနီကြသည့် အထောက်အထားများကို တွိရပါသည်၊၊

ဒွါရ၀တီသံတွဲပင်ဖြစ်ပါသည်။ လွန်ခရေ နှစ်ထောင်စုများစွာကပင် ရခိုင့်နိုင်ငံသားရို့ မြို့ပြကျွန်းရွာများဖွဲ့စည်းကာ ဘုရင်များအုပ်ချုပ်သောနိုင်ငံ တည်ထောင်ခပါသည်၊၊
ရခိုင့်နိုင်ငံအဖို့ကား ဗုဒ္ဓဘုရား သက်တော်ထင်ရှားဟိစိုင်က ဓည၀တီခေတ်၊ စန္ဒသူရိယမင်းလက်ထက် ဘုရားသျှင်အားပင့်ဖိတ်၍ ဗုဒ္ဓမြတ်စွာဘုရားသျှင်သည် ရခိုင်ပြည်သို့ကြွရောက်ကာ မဟာမုနိရုပ်ထုတော်အားသွန်းလုပ်ရန်ခွင့်ပြုတော်မူခလီပါသည်၊၊

သင်္ခါရမတည်မြဲခြင်းတရား၊ ဗုဒ္ဓ၏အဘိဓမ္မာကိုနာယူကာ ကနိထိတိုင် ခိုင်လုံသောဗုဒ္ဓဘာသာ ယိုင်ကျေးမူကိုရဟိခပါသည်၊ ဗုဒ္ဓဘာသာနှင့်အတူ စာပီယိုင်ကျေးမှုမှသည် ပိသုကာအတတ်၊ ပညာရပ်များအထိ တိုးတက်ဖွံွ့ဖြိုးလာခပါသည်၊၊ စန္ဒသူရိယခေတ်မှစတင်ကာ ဓည၀တီ၊ ဝေသာလီ၊ လေးမြို့၊ မြောက်ဦးခေတ်အထိစီးပွားရေး၊ နိုင်ငံရေး၊ လူမှုရေး၊ စာပီယိုင်ကျေးမှုမှာ
အထွတ်ထိပ်သို့ရောက်ဟိခပါသည်၊၊ သို့သော်မြောက်ဦးခေတ်နှောင်းပိုင်းမှာကား တိုင်းတပါး၏ယုတ်မာမှုကြောင့် ပျက်စီးခြင်းမလှပျက်စီးခရပါသည်၊၊

ရခိုင်နိုင်ငံတော်သည်ဤကဲ့သို့ သမိုင်းအမွီအနှစ်များနှင့်အတူ တခေတ်ပြီးတခေတ် နိုင်ငံရေး၊ စီးပွားရေး၊ လူမူရေး၊ စာပီယိုင်ကျေးမှု ဖံြွ့ဖိုးတိုးတက်ခသည်ကို ရခိုင်ပြည်သူ ပြည်သားများအားလုံး အသိပင်ဖြစ်ပါသည်၊၊ ကမ္ဘာ့ပြည်သူများလည်းသိကြပါ၏၊၊

ကနိကမ္ဘာ့အလယ်တွင်လူမျိုးတမျိုးသည် လွတ်လပ်သောလူမျိုးတမျိုးအဖြစ် ဆက်လက်တည်တံ့ခိုင်မြဲလိုလျှင် မိမိရို့၏ဘာသာတရား၊ နောက်ခံသမိုင်း၊ စာပီယိုင်ကျေးမူများကို မိမိရို့ဆင့်ပွားသိနားလည် ချစ်မြတ်နိုးရန်လိုအပ်ပါသည်၊၊ သိနားလည်နိုင်အောင်လည်း ကြိုးစားအားထုတ်ကြရမည် ဖြစ်ပါ၏။ ထို့ကြောင့် မိမိရို့၏စာပီ၊ ဘာသာတရား၊ ယိုင်ကျေးမှုသမိုင်းများကို သိနားလည်ချစ်မြတ်နိုးရန်မှာ ရခိုင်သားအားလုံး၏ အလွန်အရေးကြီးသော တာဝန်ကြီးတရပ်ဖြစ်ပါသည်။

ရခိုင်လူမျိုးရို့မှာလည်း ရခိုင်နိုင်ငံတော်နှင့်ရခိုင်လူမျိုးကို ကမ္ဘာ့အလယ်တွင် တင့်တယ်ထည်ဝါစွာ မြင်လိုကြားလိုပါလျှင် မိမိရို့၏စာပီ၊ ဘာသာတရား၊ ယိုင်ကျေးမှုသမိုင်းကို ရခိုင်သူရခိုင်သားရို့ ထုတ်ဖော်ရွီးသားကြရန်၊ သိနားလည်ရန် ကြိုးစားအားထုတ်ကြရန် လိုအပ်ပေသည်၊၊ ထိုသို့ဖြစ်ပေါ်လာစီရန်လည်း ရခိုင့်စာပီပညာသျှင်များနှင့် ရခိုင့်တော်လှန်ရေး ဂေါင်းဆောင်ကြီးများ (၀ါ) ရခိုင့်မျိုးချစ်ပြည်ချစ်များမှာ ပို၍တာဝန်ဟိပါသည်။

ရခိုင်စာပီယိုင်ကျေးမှုကိုမှ ရခိုင်မျိုးချစ်ပြည်ချစ်ဂေါင်းဆောင်ကြီးများက တန်ဘိုးမထား၊ မချစ်မမြတ်နိုးလျှင် ဇာပိုင် မျိုးချစ်ပြည်ချစ်ဂေါင်းဆောင်ဟု အကျွန်ုပ်ရို့ခေါ်ဆိုနိုင်ပါမည်နည်း။ (အမျိုးသားစည်းလုံးညီညွတ်မှု) ဆိုပျာာ စကားလုံအလှပလှချေသုံးပြီး
မိုးဦးကျဖားချေတိပိုင် လိုင်ကြောတင်းအောင် ငြင်းနီကတ်တေရခိုင်အမျိုးသား တော်လှန်ရေးဂေါင်းဆောင်တချို့ကိုလည်း တွိဖူးပါသည်။ သူရို့သည် (ရီမချိုးဘဲ သနပ်ခါးနှိမ်းထားသော တလင်ကွာမဆမနှင့် ထပ်တူဖြစ်၏)။ ယင်းပိုင်အရည်အချင်းညံ့ဖျင်းသော နိုင်ငံရေးဦးဆောင်မှုနှင့် ဇာပိုင် အမျိုးသားစည်းလုံးညီညွတ်မှုကို တည်ဆောက်၍ ရနိုင်ပါမည်နည်း။ ရခိုင်စာပီမထွန်းကားသမျှကာလပတ်လုံး ရခိုင်အမျိုးသားစည်းလုံးညီညွတ်မှုကို ဇာခါလည်း တည်ဆောက်၍ ရနိုင်လိမ့်မည်မဟုတ်ပါ၊၊

အေနီရာမှာ စာရွီးသူတစိ့ချေတင်ပြချင်ပါသည်။ စာရွီးသူသည်အိန္ဒိယနိုင်ငံ မီဇူရမ်ပြည်နယ်သို့ (၁၉၉၄) ခုနှစ်တွင် ရခိုင်ဒုက္ခသည်များအရေးကိစ္စကြောင့် လားရောက်ခီပါသည်၊၊ ဗာကိစ္ဆရီဘုန်းကြီးကျောင်း၌ တညဥ့်တည်းခိုနီရာတွင် စောင်တည်တောင်ကျောင်း ဆရာတော်အသျှင်ကြီးကေသရအပါအ၀င် တခြားမိတ်ဆွေပန်းဇင်းပျိုများနှင့် စကားလက်ဆုံကျဖူးခပါသည်။ စကားဝိုင်း၌ ရခိုင်ပြည်ရေ အင်္ဂလိပ်လက်အောက်က၄င်း၊ ဗမာလက်အောက်က၄င်း၊ ပဇာကြောင့် လွတ်လပ်ရေးမရပါသနည်း။ ရခိုင်သူ
ရခိုင်သားသည်၎င်း၊ ရခိုင့်တော်လှန်ရေးသည်၎င်း၊ ဇာကြောင့်စည်းလုံးညီညွတ်မှု ပြိုကွဲနီရသနည်း။ စကားရပ်နှစ်ခုထွက်လာပါသည်။

သူ့အမြင်ကိုယ့်အမြင် ပြောဆိုဆွေးနွေးယင်းနှင့် အဖြေမရဖြစ်နီပါသည်၊၊ စာရွီးသူသည် ရခိုင်ပြည်၏ ဘာသာတရားဆိတ်သုန်နီမှု၊ ရခိုင်စာပီမထွန်းကားမှုကြောင့် ရခိုင်သားကရခိုင်သားကို အသိအမှတ်မပြုမှု။ အပြန်အလှန်မလေးစားမှုများကြောင့်၊ ရခိုင်သားများ၊ စာရိတ္တပျက်ပြား၍ စည်းလုံးညီညွတ်မှုမရခြင်းဖြစ်ပါသည်ဟု ဆွေးနွေးပြပါသည်၊၊
စည်းလုံးညီညွတ်မှုမဟိခြင်းကြောင့် အင်္ဂလိပ်လက်အောက်ကသော်၎င်း၊ ဗမာလက်အောက်ကသော်၎င်း၊ လွတ်လပ်ရေးမရခြင်း ဖြစ်ပါသည်။ ရခိုင်သားက ရခိုင်သားကိုအသိအမှတ်မပြုမှု အဓိကဗီဇလက္ခဏာသည် ရခိုင်စာပီမှာ မူတည်ပါသည်။ ရခိုင်စာပီနှင့် ဘာသာတရားထွန်းကားလျှင် ရခိုင်သားများညီညွတ်ကာ လွတ်လပ်ရေးအရသာကို ခံစားစံစားရစွာ ကောင်းကောင်းကြာလားခဗျာ ဖြစ်ပါ၏။ ဤသည်ကို ဘာကိစ္ဆရီဆရာတော်ကြီးကလွဲလို့ အရာတဦးတယောက်၏လက်ခံမှုကိုမှ မရခပါ။

ဘာသာရေးဆိတ်သုန်မှု
ဘာသာရေးဆိတ်သုန်မှုနှင့်ပတ်သက်၍ စာရွီးသူကိုယ်တွိ တချို့ကိုတင်ပြပါမည်။ စာရွီးသူရို့ရွာ ဘုန်းကြီးကျောင်း၌ အမြင့်တမိုက်ခန့်ရွှေဘုရား (၁၅) ပါး၊ ငွေဘုရား (၂၅) ပါးကို ငယ်စိုင်ခါကပင်သင်္ကြန်ကျတိုင်း ရွှီအုပ်ထဲကယူပြီး ဘုရားရီချိုးရာတွင် မြင်ဖူးလေ့ဟိပါသည်။ အကြောင်းအမျိုးမျိုးကြောင့် ဘုန်းတော်ကြီးကျောင်းတွင် ဘုန်းကြီးမြဲလေ့မဟိပါ။

တရက်နိမှာဘုန်းကြီးတပါး ကျောင်းလာထိုင်ပါသည်၊၊ များမကြာခင် ရွှေဘုရားတပါးနှင့်ငွေဘုရားသုံးပါး စပျောက်လားပါသည်၊၊ ရွာသားများ သင်္ကြန်ဘုရားရီချိုးသောခါ သိရပါသည်၊၊ ထိုကဲ့သို့ ဘုရားပျောက်မှုကိုသိတိုင်း ရွာထဲက မသင်ခါသူများကိုရဲခေါ်ပြီး သတ်ပုတ်စစ်ဆီးလေ့ဟိပါသည်၊၊ လက်ပူးလက်တွဲကား မမိပါ၊၊
နှစ်များမကြာခင် ဘုန်းကြီးကျောင်းဟိ ဘုရားပလ္လင်ခုန်တန်းမှာတင်ထားသော ရွှီအုပ်ထဲက ရွှီဘုရား (၁၅) ပါး၊ ငွေဘုရား (၂၅) ပါးရို့ ဒေသစာရီကြွလားဟန်ပေါ်ပါသည်၊၊ ဘုရားတပါးလည်း ကိမ်းဝပ်ခြင်းမဟိလိုက်ပါယာ၊၊

ယင်းနှစ်မိုးရာသီညဥ့်တညဥ့်မှာ ဘုန်ကြီးကျောင်းနား စေတီ(၅) လုံးအနက် ပျက်စီးနီသောစေတီတလုံးကို မီးလက်လက်နှင့် ဖောက်ထွင်းနီသည်ကို ရွာသားများမြင်ရပါသည်။ ရွာသားများဝိုင်းဝန်းလိုက်ရာ လူကိုကား မမိလိုက်ပါ။ သို့သော်စေတီဌာပနာကား တခုလည်းမကျန်ပါ။ အစအနတစိချေကိုရာ တွိရပါသည်။ ၄င်းကျန်ဟိသောဌာပနာများကို ဘုန်းကြီးကျောင်းသို့တင်ထားရန် ရွာသားများ ဆုံးဖြတ်ကြပါသည်။ ကျောင်းထိုင်ဘုန်းတော်ကြီးကိုကား ကျောင်း၌မတွိရပါ။
ကျောင်းသားမောင်သျှင်များကိုမိန်းစမ်းကြည့်ရာ “ဆရာတော်ညဇာက လူစိမ်းနှစ်ယောက်သုံးယောက်နန့် တိုက်ခန်းထဲမှာ စကားတိုးတိုးပြောပနာ မဆမဂေါင်းချ ကြက်တွန်ချိန်ကပင် ပျောက်လားခပါရေ” ဟုပြောကြပါ၏။ ယင်းနိညဥ့်ခါကပင် ရွာကဘုန်းကြီး
ကျောင်းသို့တခါလည်းမကြွခလီပါပျာ။ ရွှီဘုရား၊ ငွေဘုရား၊ စေတီဌာပနာများနှင့်အတူ နိဗ္ဗာန်ဖုံသို့ ကြွလှမ်းလားပုံပေါ်ပါ၏။

နောက်တနှစ်ဆောင်းရာသီမှာ ချောင်းသာအလယ်ကျွန်း ရွာဟောင်းဘုန်းကြီးကျောင်းကို ဓါးမြတိုက်ပါသည်။ ရွှီဘုရား၊ ငွေဘုရား တပါးမကျန်ပါလားခပါသည်။ ရွှီရောင်ကွပ်ထားသော ပီစောင်တအုပ်လည်း ပါလားခပါသည်။ ဓါးမြတိုက်မှုနှင့်အများမကြာ သားလွန်းတောင်ထိပ် ကံဆိပ်ရွာအနီး တောကျောင်းဘုန်းကြီးကျောင်းရှာနားက စေတီကိုဖောက်ထွင်းသံကြားရပါသည်။ တဆက်တည်း တောင်ပုတ်ကေရွာနားက သားလွန်းတောင်ဖျားမှာတည်ထားသော ဘုရားနောက်ပြန်ဘုရားကို ဖောက်ထွင်းပါသည်။ မိုးရာသီနားရောက်ခါနီးမှာ ပုဏ္ဏားကြီးဘုန်းကြီးကျောင်းက ရွှီပရပိုက်ပီစောင်ကို ဓါးမြတိုက်ပါသည်။ နောက်တနှစ်မှာ ရခိုင်ပြည်တွင် နာမည်ကြီးဘုရားတဆူဖြစ်သော
မျောက်ကြိမ်ဘုရားကို ဓါးမြတိုက်ပါသည်။

စာရွီးသူသည် အိန္ဒိယနိုင်ငံသို့မထွက်ရောက်မှီ နွီရာသီများ၌ ခရီးလားလေ့ဟိပါသည်။ ၁၉၈၇ - ခုနှစ် မြောက်ဦးမြို့နယ် ဆရစ်ချောင်းဘုန်းကြီးကျောင်းမှ မြဘုရား၊ စိန်ဘုရား၊ မဟာကျန်ဘုရားသုံးပါုး ဓါးမြအတိုက်ခံရပါသည်။ မြဘုရားမှာ မီးခံတိုက်တာကိုထမ်းမပါ၍ ကျန်ခပါသည်။ ကျန်နှစ်ပါးကား ကံဆိုးမိုးမှောင်ကျ ခိုးသားငါးရာနောက်တကောက်ကောက်
လိုက်ပါလားရပါ၏။ လက်နက်ကိုင်ဓါးမြများမှာ အယောက် (၂၀) ကျော်ပြီး၊ သူရို့၌ စက်ထိုင်ဘုတ်ပါပါသည်။ စာရွီးသူသည် ဆရစ်ချောင်းဇရပ်ဆိပ်၌ ညဥ့်အိပ်လျှက်ဟိပါသည်။ ခုနှစ်ရက်တပတ်အဖမ်းခံရပါသည်။ စစ်ဆီးသတ်ပုတ်ခြင်းခံရပါသည်။ ရွာထဲမှ
အသိမိတ်ဆွေမိသားစုတစုထောက်ခံ၍ လွတ်မြောက်လာပါသည်။
လွတ်မြောက်လာပြီးနောက်မြောက်ဦးမြို့တွင်  ငပိရောင်းနီစိုင် မြောက်ဦးမြို့နယ် ခမီးရွာတရွာဖြစ်သော အကြီးတော်မရွာ ရွာသူကြီးနှင့် ဘုန်းကြီးကျောင်း ဓါးမြအတိုက်ခံရပါသည်။ ရွှီဘုရားများပါလားပါသည်။၊ ရွာသူကြီးထံမှရွှီငွေရတနာများ၊ ဒင်္ဂါးများ သိန်းနှစ်ဆယ်ခန့် ပါလားခပါသည်။ ဤသည်ကို ကျားထောက်နောက်ခံပြုသူများမှာ အုပ်ချုပ်သူအာဏာပိုင် ဖက်ခွက်စားများဖြစ်နိုင်ပါသည်။

ရခိုင်ပြည်အတွင်း တူးဖော်ရဟိသော တန်ဖိုးမဖြတ်နိုင်သော သမိုင်းဝင်ရတနာများ၊ ခိုးယူတူးဖော်မှုများ၊ ဓါးမြတိုက်မှုများမှ ရဟိသည့်သမိုင်းဝင်ပစ္စည်းများကို ရခိုင်ပြည်အာဏာပိုင်များမှတဆင့် မြန်မာပြည်အာဏာပိုင်မှောင်ခိုဈီးကွက်သို့
တင်ပို့ရောင်းချကြပါသည်။

၎င်းမှောင်ခိုဈီးကွက်မှ တန်ဖိုးမဖြတ်နိုင်သော ရတနာတချို့ကို ဖက်ခွက်ထောက်လှမ်းရေးများက နိုင်ငံခြားသို့တင်ပို့ရောင်းချကြပါ၏။ ၁၉၈၇ -
ခုနှစ် မြောက်ဦးမြို့နယ် ဆရစ်ချောင်းဘုန်းကြီးကျောင်း ဓါးမြတိုက်မှုမှ စိန်ဘုရားတပါးနှင့်မဟာကျန်ဘုရားတပါးကို စစ်တွေရန်ကုန်သင်္ဘောတွင်
ဖက်ခွက်ထောက်လှမ်းရေးများဖမ်းမိကြောင်း သတင်းထွက်ပေါ်လာပါသည်။ သို့သော်မူရင်းနီရာ ဆရစ်ချောင်းရွာဘုန်းကြီးကျောင်းသို့ကား ပြန်အပ်သံမကြားရပါ။

ဖက်ခွက်ထောက်လှမ်းရေးများလက်သို့ အပ်လိုက်ရကြောင်း ကြားသိရပါသည်။
ဖက်ခွက်များသည် ၁၉၉၆ ခုနှစ် ရခိုင်ပြည်မြောက်ဦးနန်းရာကုန်းကို သုံးလတိုင်တိုင် တူးဖော်ပါသည်။ စိန်၊ ရွှီ၊ နီလာ၊ ပတ္တမြား အဖိုးတန်ရတနာများအားလုံးကို သိမ်းယူလားပါသည်။ နန်းရာကုန်း၏အောင်မြီများကိုလည်း ရွှီကျင်ပိုင်ယှောင်ကျင်ပါသည်။ မြောက်ဦးနီ ရခိုင်ပြည်သူများကိုလက်နက်နှင့်ခြောက်ပြီး အစားထိုးမရတန်ဖိုးမဖြတ်နိုင်သော ရှိဟောင်းပစ္စည်းများကို သိမ်းယူပါသည်။ ဥဿလင်းတိုင်း (ပလက်ဝမြို့နယ်) ဥဿလင်းစေတီကို ၁၉၉၆ - ခု နှစ်ဆန်းပိုင်းတွင် သရော်အိုင်ဖက်ခွက်စခန်းက ဖောက်ထွင်းပါသည်။ ရွှီဘုရား၊ ငွေဘုရား၊ စိန်ဘုရား၊ မြဘုရား တပါးမကျန် သိမ်းယူလားခပါသည်။

ယင်းနှစ်နိုဝင်ဘာလ ကူတောင်ကျွန်းရွာ ရခိုင်ဘုရင်မင်းဘာကြီး တည်ထားကိုးကွယ်ခသော ဘုရားပြိုဘုရားကို တူးဖော်ပါသည်။ ညာဏ်တော် (၂) လက္မစိန်သားအစစ်ဖြင့် ထုလုပ်ထားသော ဘုရားတဆူ၊ မြအစစ်ဖြင့်ထုလုပ်ထားသော ဘုရားတဆူနှင့် စစ်တွေရသေ့တောင်ကားလမ်းနား ဂူလေးဝဘုရားတူးဖော်မှုမှရဟိသော စိန်လေးလုံး၊ ရွှီပန်းခိုင်၊ ငွေပန်းခိုင်များ၊ အတွင်းဌာပနာများအားလုံးကို ဖက်ခွက်များ ရန်ကုန်သို့
သိမ်းယူလားပါသည်။ ယင်းကဲ့သို့ ရခိုင်ပြည်တွင်ဘုန်ကြီးကျောင်းဓါးမြတိုက်မှု၊ ဘုရားစေတီဖောက်ထွင်းးမှု၊ ရှိဟောင်းပစ္စည်းတူးဖော်ခိုးယူမှုရို့သည် ရခိုင်ပြည်အနှံ့ဖြစ်ပွားနီပါသည်။ ကနိထိပင်ပေါ်ပျူလာဖြစ် ရီပန်းစားနီပါသည်။

ဘာသာတရားဆိတ်သုန်မှုမှာ ရခိုင်ပြည်ထဲ တခုတည်းကားမဟုတ်ပါ။ ရခိုင့်တော်လှန်ရေးလောကထဲမှာလည်း ထိုနည်းလည်ကောင်းဖြစ်ပါ၏။
စာရွီးသူသည် (၈၈၈၈) အရေးအခင်း ဖြစ်ပြီးနောက် အိန္ဒိယနိုင်ငံသို့ထွက်ပြီး လွတ်မြောက်လာပါသည်။၊ အိန္ဒိယနိုင်ငံ မဉ္ဇူရမ်ပြည်နယ်သက်ဒိစတြိတ်တွင် နှစ်နှစ်နီးပါးနီခရပါသည်။ ရခိုင်ပြည်လွတ်လပ်ရေးအတွက် အဂယင့်အမှန် မျိုးချစ်ပြည်ချစ်စိတ်နှင့် ကိုယ်ကျိုးစွန့်အနစ်နာခံပြီး တော်လှန်တိုက်ပွဲဝင်နီသော တော်လှန်ရေးသမားများကိုတွိဖူးရေပိုင် ရခိုင်ရှိဟောင်းဘုရားများကိုရောင်း၍
ရခိုင့်တော်လှန်ရေးကိုတည်ဆောက်မည့် ရခိုင်မျိုးချစ်ပြည်ချစ် ဂေါင်းဆောင်တချို့ကိုလည်း တွိဖူးပါ၏။ ထိုပုဂ္ဂိုလ်များမှာ ဘုန်းကြီးကျောင်း၌ မှီခိုကပ်ခိုနီကြရသူများဖြစ်ပါသည်။ စာရွီးသူအံ့သြမိပါသည်။ ရခိုင်ပြည်ကိုရှိဆောင်လမ်းပြလုပ်မည့် ရခိုင်မျိုးချစ်တော်လှန်ရေးသမားများ ရှိဟောင်းရခိုင်ဘုရားများကိုရောင်း၍ ရခိုင်တော်လှန်ရေးကို တည်ဆောက်မည်ဆိုသည်မှာ အလွန်ထူးဆန်းပါ၏။
အံ့သြဖို့လည်းကောင်းပါ၏။ ဤအယူအဆကား ရခိုင်ပြည်သူပြည်သားများအား ငရဲပြိတ္တာဘ၀မှ အကျွတ်တရားရအောင်ကယ်တင်မည့်အစား အ၀ီစိ့ငရဲကြီးသို့  ကျောက်ဟှက်ကြိုးဖြတ် ပစ်ချလိုက်သည်နှင့်တူပါသည်။

မြန်မာမှုပြုခံ ရခိုင်စာပီ
(စာပီပျောက်က လူမျိုးပျောက်သည်။ စာပီမြင့်မှလူမျိုးမြင့်သည်) ဆိုသည့်စကားနှင့်အညီ ရခိုင်စာပီနှင့်ပတ်သက်၍ မိန်းခွန်းထွက်လာပါသည်။ ရခိုင်လူမျိုးများ၏အတိတ်သမိုင်းကို မည်သည့်အက္ခရာစာပီဖြင့်မှတ်တမ်းတင်ထားခပါသနည်း၊ ရတု၊ လကာင်္ ၊ အရွဲ့၊ ကဗျာစသည့်များကို မည်သည့်အက္ခရာစာပီဖြင့်ရွီးသားခပါသနည်း။ အဖြေမှာယှင်းယှင်းချေဖြစ်ပါ၏။ ရခိုင်စာပီအက္ခရာနှင့် မှတ်တမ်းတင်ထားခသည် မဟုတ်ပါလား။ ငြင်းမည့်သူလည်း ဟိမည်မထင်ပါ။ ယင်းပိုင်ဆိုကေ ခေတ်ကြီး (၄) ခေတ်နှင့်အတူ ဆင်းသက်လာသော ရခိုင့်စာပီပဇာကြောင့်ပျောက်ကွယ်နီရပါသနည်း။ ပဇာကြောင့် မြန်မာမှုပြုခံနီရပါသနည်း။ ရခိုင့်နိုင်ငံတော်မာရယုမင်းအစ မဟာသမတမင်းအဆုံး မင်းပေါင်း (၂၅၀) ကျော်နန်းစံနှစ်ပေါင်း (၅၀၀၀) ကျော် ဓည၀တီ၊ ဝေသာလီ၊ လေးမြို့၊
မြောက်ဦး ခေတ်ကြီး (၄) ခေတ်ဖြင့် နီထိုင်လာရာ စာပီယိုင်ကျေးမှု၊ အနုပညာသည်မြောက်ဦးခေတ်တွင် အထွတ်အထိပ်သို့ရောက်ခပါသည်။
သို့သော်လည်း မဟာသမတရာဇာမင်းမတိုင်မှီကပင် ရခိုင်ရို့သည်ဖောင်ပျက်ဝါးပိုင်ပြိုကွဲကာ မြန်မာလက်အောက်ရောက်ခရပါ၏။

ကနိဆိုလျှင် ရခိုင်နိုင်ငံတော်သည်သူတပါးလက်အောက်၌ နှစ်ပေါင်း (၂၂၄) နှစ် ပြည့်လားခပြီးဖြစ်ပါ၏။ ရခိုင်စာပီပျောက်ကွယ်နီရသည်မှာလည်း ကနိအထိဖြစ်သည်။
ရခိုင်နိုင်ငံတော်သည်သူတပါးလက်အောက်ကျရောက်မှုနှင့်အတူ ရခိုင်စာပီ၊ ယိုင်ကျေးမှု၊ သမိုင်းအမွီအနှစ်အားလုံး မြန်မာမှုပြုခံရပါသည်။ သို့ဖြစ်ပါသော်လည်း မည်သူတဦးတယောက်ကမှ ရခိုင့်စာပီမူရင်းကို ထုတ်ဖော်ရွီးသားခြင်း မဟိပေ။ အထူးသဖြင့်လွတ်လပ်နယ်မြီရောက် ရခိုင့်စာပီပညာသျှင်များ ပိုဆိုးပါသည်။ မြန်စာပီ၊ မြန်မာလီသံလွှမ်းနီသောစာပီ၊ မြန်မာတ၀က်ရခိုင်တ၀က် ကပျက်စာပီများကိုရာ
မှင်ယောင်လိုက် ရွီးနီကတ်ပါသည်။ တော်လှန်ရေးလောကတွင် ဖုတ်စား၍မကုန် မြင်တိွနီရပါသည်။

ကနိခေတ်မြန်မာစာကို ရခိုင်သားများက ရခိုင်စာဟုအသျှင်ခံလျှက် ဟိပါသည်။ ကနိခေတ်မြန်မာစာသည် မြန်မာဝေါဟာရများဖြင့် ရွီးသားထားသည်ဖြစ်သဖြင့် မြန်မာစာဖြစ်ပါသည်။ ရခိုင်စာမဟုတ်ပါ။ မြန်မာဝေါဟာရများဖြင့် ရွီးသားထားသောမြန်မာစာကို ဇာပိုင်လုပ် ရခိုင်စာလို့အသျှင်ခံလို့ရပါဖို့လဲ့။ စကေတပွေ အရှက်ဟိစီချင်ပါသည်။ အသျှင်ခံချင်ပါလျှင် ကိုယ်ပိုင်ရခိုင်ဝေါဟာရများနှင့် ရခိုင်ပိုင်ရွီးကတ်ရဖို့ မဟုတ်ပါလား။
မြန်မာစာပီကို ရခိုင်စာပီပညာသျှင်များက မှင်ယောင်လိုက် ခိုးချနီသိမ့်ရေအပြင်၊ ရခိုင်မူရင်း စာပီရတု၊ လင်္ကာ၊ အရွဲ့၊ ကဗျာ၊ ကျောက်စာ၊ ပီစာများကိုလည်း ရက်ရက်စက်စက် လက်မတွန့်ဘဲ မြန်မာမှုပြုလျှက်ဟိပါ၏။ ကောင်းကောင်းဝမ်းနည်းဖို့ကောင်းစွာက ရခိုင့်တော်လှန်ရေးနယ်မြီထုတ် စာစောင်မဂ္ဂဇိန်းရို့ဖြစ်ပါသည်။ မဆလခေတ်
ပြည်တွင်းရခိုင်ပညာသျှင်ကြီးများပြုစုသော ရခိုင်ပြည်နယ်ဖြစ်စိုင် သမိုင်းစာအုပ် စာပီကဏ္ဍတွင်လည်း သုဝဏ္ဏဒေ၀ီစောပြည့်ညို၏ သိန်ကန်မိန်တွင်ရတုကို မြန်မာမှုပြုထားပါသည်။

ရခိုင်ကံကြမ္မာ နှစ်(၂၀၀) ( ၁၃၄၆ - ခုနှစ်ပြာသိုလပြည့်ကျော် (၇) ရက်နိထုတ်) တွင်လည်း ၀တီခိုင်(ရခိုင်ပြည်လွတ်မြောက်ရေးပါတီ) သည် သုဝဏ္ဏဒေ၀ီရွှန်းလိုက်ရတုပိုဒ်စုံကို လက်မတွန့်ဘဲ မြန်မာမှုပြုထားသည်။ မူရင်း သုဝဏ္ဏဒေ၀ီ၏ရွှန်းလိုက်ရတုနှင့် ရခိုင်ကံကြမ္မာနှစ်(၂၀၀) ပါ မြန်မာမူခံရတုကို တိုက်ဆိုင်ကြည့်ပါက မည်သည်လောက် ကွာခြားသည်ကို တွိမြင်ရမည်ဖြစ်ပါသည်။

(၁) သိန်ကန်မိန်တွင်၊ ဆယ့်နှစ်ခွင်ကို၊ လွမ်းပင်မြင့်စည်၊ ကြာရှည်တာအကူး၊ တပေါင်းမင်းလွင်၊ ရွက်ကျင်တောင်လေမြူးက၊ ပြိုက်သွယ်နူးစီးသွယ်ဖြာ၊ မတတ်သာချေ၊ ဤထွေထွေကို၊ ကြည့်လေသမျှသာတည်း၊ ပင်တိုင်းမှာညှာရွက်ကြွေ၊ လေပြင်ခတ်လိုက်၊ ပရစ်ဝေေ၀နှင့်၊ ငှက်ရွှေမောင်နှံစုံ၊ ပန်းနှစ်ခက်ကို၊ ယူလျှက်နှုတ်ဝယ်ငုံ၍၊ စာခွံတုံရွှေနှစ်လို့၊ တထူးထွေလာ၊ ဘာသာလူလို၊ မကိုနှုတ်ဖြင့်တို့၍၊ ဤသို့ချစ်ဘွယ်ဆင်၊ ရာသီခွင်ဆယ့်နှစ်လမ်း၊ ငြမ်းလို့အညီ၊ မိဂသီပင်၊ ရှေ့ဆီမြင်သော်၊ စက်ခွင်မှာယောင်ယမ်းခ့၊ဲ ထောက်လှမ်းမစာနာ၊ ပညာအထု၊ မြတ်သူ့ကြည့်မှန်၊ ကြာလေဟန်မူ၊ သူရတန်မင်း၏ရင်သွေး၊ ဒန်ရမာဇာလီ၊ ဒူရဘီနှင့်၊ ချစ်ညီတူကြရေးကို၊ နောက်မေးမလျှောက်လို၊ နေလည်းနှစ်စင်း၊ နှစ်ပွင့်စုံညီ၊ မဒ္ဒီရှေ့အဟိုတို့၊ တောင်ကျွန်းညိုလောကဓါတ်၊ တိုင်းမဇ္ဈိမာ၊ ယင်းကဖြာသည်၊ ရာဇာမျိုးရို့မြတ်၏၊ ဆက်မပြတ်သိမ်းယူပြန်၊ သာဂီအဆက်၊ နွယ်မပျက်သည်၊ ကနက်ဖြန့်ကာစံ၏၊ ရှစ်တန်ပလ္လင်ရိုး၊ ဘိုးကဆက်ခံ၊ ဘနန်းစံသည်၊ နန်းရံတို့အမျိုးတည်း၊ ကတိုးအနံ့လို၊ သင်းပျံ့မွှီးကြိုင်၊ ရှစ်ရပ်လှိုင်သည်၊ မဏ္ဍိုင်ချက်မြှုတ်သိုထက်၊ နဂိုပြည်ဝေသာလီ၊
ဓညနှစ်ခန်း၊ နှစ်ပြည်မှန်းသည်၊ ထီးနန်းအစီရီတည့်၊ မျိုးသာကီစဉ်မပျက်၊ နှစ်ပေါင်းရှည်ကြာ၊ မဟာနွယ်ရို့တက်၏၊ မယှက်မနှောပြီ၊ ရှစ်သောင်းအချာ၊ ဆက်ကာစိုးစံ၊ နန်းရံမယ့်ဌာနီသို့၊ ရာသီမစွန်းခင်၊ အောင်စည်ယွမ်း၍၊ စက်ပန်းဖြန့်စေချင်သည်၊ နောက်ခွင်ကြာလွန်းစွတကားလည်။ ။

(နှိုင်းယှဉ်ကြည့်ရန်သုဝဏ္ဏဒေ၀ီရွှန်းလိုက်ရတုမူရင်း)
(၁) သိန်ကန်မိန်တွင်၊ ဆယ့်နှစ်ခွင်ကို၊ လွန်ပင်မြင့်စည်၊ ကြာရှည်တာအကူး၊ တပေါင်းမင်လွင်၊ ရွက်ကျင်တောင်လီမြူးက၊ ပြစ်သွယ်နူးစီးသွယ်ဖြာ၊ မတတ်သာပြီ၊ မှိုင်းလို့ရီကေ၊ ကြည့်လီသမျှသာတည်း၊ ပင်တိုင်မှာညှာရွက်ကြွီ၊ လီပြင်းခတ်လိုက်၊ ပရစ်ဝီ၀ီနှင့်၊
ငှက်ရွှီမောင်နှံစုံ၊ လိုင်ချင်းတွဲယှက်၊ ပန်းနုခက်ကို၊ ယူလျှက်နှုတ်ဝယ်မုံ၍၊ စာခွန့်တုံရွှင်နှစ်လို၊ တထူးထွေလာ၊ ဘာသာလူလို၊ မကိုနှုတ်ဖြင့်တို့၍၊ ဤသို့ချစ်ဖွယ်ဆင်၊ ရာသီခွင်ဆယ့်နှစ်လမ်း၊ ငြမ်းနှင့်အညီ၊ မိဂသီပင်၊ ရှိကမြင်သော်၊ စက်ခွင်မှာယောင်ယမ်းခယ့်၊ ထောက်လှမ်းမစာနာ၊
ပညာအထု၊ မြတ်သူ့ကြည့်မှန်၊ ကြာလီဟန်မူ၊ သူရတန်ရင်သွီး၊ ဒန်ရမာဇာလီ၊ ဒူရဘီနှင့်၊ ချစ်ညီတူခရီးကို၊ နောက်မီးမလျှောက်လို၊ နီလည်းနှစ်ဆင့်၊ နှစ်ပွင့်စုံညီ၊ မဒ္ဒီရှိအဟိုရို့၊ တောင်ကျွန်းညိုလောကဓါတ်၊ တိုင်းမဇ္ဈိမာ၊ ယင်းကဖြာကေ၊ ရာဇာအမျိုးမြတ်၏၊
ဆက်မပြတ်သိမ်းယူပြန်၊ သာကီအဆက်၊ နွယ်မပျက်ကေ၊ ကနက်ဖြန့်ကာစံ၏၊ သျှစ်တန်ပလ္လင်ရိုး၊ ဘိုးကဆက်ခံ၊ ဘနန်းစံကေ၊ နန်းရံကိုယ့်အမျိုးတည်း။ ကတိုးနံ့ဥဒဟို၊ သင်းပျံ့မွှီးကြိုင်၊ သျှစ်ရပ်လှိုင်သည်၊ မဏ္ဍိုင်ချက်မြုပ်သိုထက်၊ ပြည်နဂိုရ်ဝေသာလီ၊ ဓညနှစ်ခန်း၊
နှစ်ပြည်လွှမ်းကေ၊ ထီးနန်းအစီရီတည်း။ မျိုးသာကီစဉ်မပျက်၊ နှစ်ပေါင်းရှည်ကြာ၊ မဟာနွယ်မျိုးတက်၏။ မယှက်မနှောပြီ၊ သျှစ်သောင်းအချာ၊
ဆက်ကာစိုးစံ၊ နန်းရံမယ့်ဌာနီသို့၊ ရာသီခွင်မစွန်းခင်၊ အောင်စည်ရွှန်းလို့၊ စက်ပန်းဖြန်စီချင်ရေ၊ နောက်ခွင်ကြာလွန်းစွတကားလည်း။

ဤစာအုပ်တွင်ဝတီခိုင်က (ကြည့်လီသမျှ) ကို(ကြည့်လေသမျှ) ဟူ၍၄င်း၊ (ညှာရွက်ကြွီ) ကို (ညှာရွက်ကြွေ)ွ ဟူ၍၄င်း၊ (လီပြင်းခတ်လိုက်) ကို
(လေပြင်းခတ်လိုက်) ဟူ၍၄င်း၊ (ပရစ်ဝီ၀ီ) ကို (ပရစ်ဝေေ၀) ဟူ၍၄င်း၊ (မင်း၏ရင်သွီး) ကို (မင်း၏ရင်သွေး) ဟူ၍၄င်း၊ (နီ) ကို (နေ) ဟူ၍၄င်း၊ (နောက်မီး) ကို (နောက်မေး) ဟူ၍၄င်း အရှက်တရားကင်းမဲ့စွာ မြန်မာမှုပြုထားသည်ကို တြွိမင်ရပါသည်။ ဤနီရာတွင် စာရွီးသူသည် ရခိုင် (နောက်မီး) ကို မြန်မာကလည်း (နောက်မီး) အဖြစ် အတူတူသုံးသည်ဟု သတိထားမိပါသည်။ ရခိုင် (မီး) ကို မြန်မာက (မေး) ဟူ၍ မသုံးစွဲပါ၊ ၀တီခိုင်၏ (နောက်မေး) ဟူ၍ မြန်မာလွန်ကျွန်မှုဝါဒသည်ကား ရှက်ဖွယ်အတိ ဖြစ်ပါသည်။

မှတ်ချက်။ ။ ရခိုင့်ကံကြမျာနှစ်(၂၀၀) ပါ သုဝဏ္ဏဒေ၀ီရွှန်းလိုက်ရတုပိုဒ်စုံနှင့် မူရင်းသုဝဏ္ဏဒေ၀ီရွှန်းလိုက်ရတုပိုဒ်စုံကိုဆုံးခန်တိုင်အောင် နှိုင်းယှဉ်ကြည့်လိုပါက ဗျာဒိတ်ပန်းမဂ္ဂဇိန်းအမှတ်(၁) ကိုရှာယူဖတ်ကြည့်ပါ။

ရခိုင်အားမာန်စာစောင် (၁) အဖွင့်ကဗျာအဖြစ် ဖဒူမင်းညိုရွီးစပ်သော မှောက်တော်ဧခြင်း (၁) ကို (ပေါ်ဦးကမ္ဘာ၊ ကြာငါးပွင့်လိုက်၊ ရောင်မြိုက်ဥာဏ်ဖြူ၊ ငါးဆူရှင်နည်း၊ ပွင့်မည်ချည်းတွင်၊၊ မိတ္တည်းမရောက်၊ လေးပါးနောက်ဝယ်၊ ငါးထောင်ထောက်တာ၊ သာသနာတွင်၊ ငါးစင်းအမြတ်၊ န၀တ်ရေကျ၊၊ ငါးရာရသား၊ ဂစ္ဆပနဒီ၊ ဤသည်ညာမွန်၊ ယဉ်ထန်တဘက်၊ ပင်လယ်ထွက်သော်၊ နှစ်ဘက်ကမ်းခြီ၊ ဖြားရေမှီဝယ်၊ ရှေ့ဆီပြုဗ္ဗာ၊ အာကာမှီခိုင်း၊ တောင်ပြိုင်းပြိုင်း၌၊ ဆိုင်းဆိုင်းမဏ္ဍိုင်၊ ရခိုင်ညွန့်ဖူး၊ မွန်ကြည်မြူးသို့၊ မြောက်ဥရွှေနန်း၊ တည်လတ်ထွန်းသည်၊
ဤကျွန်းဇမ္ဗူထူးတည်လေ) ဟူ၍ ရွီးသားထားသည်ကို တိရွ ပါသည်။

ဤနီရာမှာ ရခိုင်စာပီကိုမြန်မာမှုပြုထားသည်ကိုတွိရပါသည်။ (ငါးဆူရှင်နည်း) ဆိုသည့်အဓိပ္ပါယ်ဖွင့်ဆိုချက်မှာ ဘုရားငါးဆူကို ညွှန်းဆိုခြင်းဖြစ်ပါလိမ္မည်။ (ငါးဆူရှင်နည်း) ကိုမြန်မာများက (ငါးဆူသျှင်နည်း) ဟုအသံထွက်ပါသည်၊ ရခိုင်ရို့ကား (ရှင်) ဆိုသောဝေါဟာရကို (သျှင်) ဟု အသံမထွက်ပါ၊ (သျှင်) ကို ရခိုင်ရို့က ဘုရားတရား၌ အများသုံးစွဲပါသည်၊ (အရှင်ဘုရား) ဟူ၍ မဟိပါ၊ (အသျှင်ဘုရား) ဟူ၍ရာ
ဟိပါသည်။ ထိုသို့ပြောဆိုရွီးသားကြသည်မှာ မြန်မာများဖြစ်ပါသည်၊ (ရှင်) ကိုရခိုင်ရို့က (ရုပ်ရှင်တော်မဟာမုနိ၊ ဆံတော်ရှင်ဘုရား) စသည့်နီရာများ၌ သုံးစွဲပါသည်။ (ရှင်) ဟူသည်မှာ (အသက်ရှင်သည်) ဟူ၍ အဓိပ္ပါယ်ရပါသည်။ (အရှင်၊ အသီ) ဟူ၍ ရခိုင်ရို့ကသုံးပါသည်။
(ဖြားရေမှီဝယ်) အသုံးအနှုံးမှာလည်း ရခိုင်သားများက ရခိုင်စာပီကိုမြန်မာမှုပြုထားခြင်း ဖြစ်ပါသည်။ (ရေ) ကိုဗမာရို့က (ယေ) လို့အသံထွက်ပါသည်။ (ရေ) ကိုရခိုင်ရို့က (လားရေ၊ လာရေ၊ စားရေ၊ တွိခရေ၊ မြင်ခရေ၊ နီခရေ) ဟူ၍ သုံးပါသည်။ ထို(ရေ) ကို(ရီ) ဟူ၍
ရခိုင်စာပီ၌ ပြောဆိုရွီးသားပါသည်။ (ရီကြိုင်ချောင်း၊ သောက်ရီ၊ သုံးရီ၊ ဖြားရီ၊ ကန်ရီ၊ တွင်းရီ၊ ချောင်းရီ၊ ရီအိုင်) စသည်ဖြင့်သုံးစွဲခေါ်ဝေါ်ပါသည်။  (ရှေ့ဆီပြုဗ္ဗာ) ဆိုသည့်အပိုဒ်၌လည်း (ရှေ့) စကားလုံးမှာ မြန်မာမှုပြုခံရခိုင်စာပီဖြစ်ပါသည်။ (ရှေ့) ကိုမူရင်း ရခိုင်စာပီ၌ကား (ရှိ) သို့မဟုတ် (ရှိယ့်) ဟူ၍ တွိရပါသည်၊ ရခိုင်စကား၌လည်း အခုထက်ထိ(အရှိ၊ အနောက်) ဟူ၍ ပြောဆိုသုံးစွဲလျှက်ဟိပါသည်။

၎င်းရခိုင့်အားမာန်စာစောင် (၁) အဖွင့်ကဗျာ (၂) အဖြစ်တော်လှန်ရေးစာဆို မင်းသားကြီးရွှီဗန်းရွီးသားခသော သီတန်းစားရတုကို ရခိုင်တော်လှန်ရေးသမားများက လက်အား၍ မြန်မာမှုပြုထားပါသည်။ (မင်းသားအမှန်၊ ငါလျှင်ကြံက၊ နိုင်ငံရပ်စည်၊ တိုင်းပြည်အတွက်၊ ကိုယ့်အသက်ကို၊ ရက်ရက်စွန့်ခွာ၊ ကုလားရွာ၌၊ ခန္ဓာရုပ်ဟောင်း၊ ဘ၀ပြောင်းခ့၊ဲ ဖြစ်ကြောင်းသံသာ၊ သတ္တ၀ါတို့၊ မှန်စွာမချွတ်၊ သူမသတ်လည်း၊ မလွတ်တခါ၊ သေအံ့ရာတည်း၊ ကမ္ဘာမကြေ၊ သူတို့တွေလည်၊ အနေမစိုး၊ ငါမြေတိုးသော်၊ အရိုးတခါ၊ တွန်လိမ့်ရာ၏၊ နောင်လာနောင်လူ၊ ရခိုင်သူတို့၊ အယူမပြောင်း၊ ငါ့လမ်းကြောင်းကို၊ ကောင်းကောင်းလိုက်လာ၊ တိုင်းဓညာကို၊ တခါမုချ၊ ငါရို့ရအံ့။ လုံးလရှေ့သန်၊ လိုလျှင်ကြံက၊ နိဗ္ဗာန်မချွတ်၊ လက်ဝါးခတ်သည်၊ စွဲမှတ်ဤစာသေတမ်းစာတည်း) ဟူ၍ ဖြစ်ပါသည်။

(သေအံ့ရာတည်း၊ လုံးလရှေ့သန်၊ စွဲမှတ်ဤစာသေတမ်းတည်း) စသောအပိုဒ်များတွင်(သေ၊ ရှေ့) ဆိုသည့်ဝေါဟာရများမှာ မြန်မာမှုပြုခံ ရခိုင်စာပီဖြစ်ပါသည်။ (သေ) ( ရှေ့) ဟူ၍ ရခိုင်ရို့က သုံးစွဲခြင်းမဟိပါ။ ရခိုင့်စာပီ၌ (သီ) ( ရှိ) ဟူ၍ရာ သုံးစွဲပါသည်။ စကားပြောရာတွင်လည်း
ဤအတိုင်းပင်ပြောဆိုသုံးနှုံးပါသည်။ (သူတို့တွေလည်း) ဆိုသည့်အပိုဒ်၌လည်း (တွေ) ဆိုသောဝေါဟာရကို ရခိုင်၌လုံးဝမတွိရပါ။ (တွေ) သည်မြန်မာစကား စစ်စစ်ဖြစ်ပါသည်။ ဗမာမှုအပြုမခံရသိမ့်သော (ဓည၀တီနိဂုံးရွာများသမိုင်းသာခြင်း၊ မူရင်းသုဝဏ္ဏဒေ၀ီ၏ ရွှန်းလိုက်ရတု) များကို ဖတ်ကြည့်လေ့လာကြည့်လျှင် ရခိုင်စာပီအရွီး အသားအစစ်များကို တွိရပါလိမ့်မည်။ (ရွှန်း) ဆိုသောဝေါဟာရကိုလည်း (ရွှန်း) လား (သျွှန်း) လား သုတေသနပြုရန်လိုအပ်ပါသည်။

အမြင်
အမျိုးသီလကိုစောင်ထိမ်းရေဆိုသော ရခိုင်သားကြီးရို့ အေကနိအမျိုးသီလကို ဖျက်ဆီးနီရေဆိုကေ မမှားပါ။ ရခိုင့်ကံကြမ္မာနှစ် (၂၀၀)၊ ရခိုင်အားမာန်စာစောင်၊ ရခိုင်ဘ၀၊ ဓည၀တီစာစောင်၊ လမ်းပြကြယ်စာစောင်၊ ယခု (ရခိုင်အမျိုးသားသတင်းစာ) ရို့သည်
ရခိုင့်တော်လှန်ရေးနယ်မြီကထွက်သော စာအုပ်စာစောင်များဖြစ်ပါသည်။ သို့သော်လည်း ရခိုင်စကားရခိုင်ဝေါဟာရ တလုံးတပါဒမျှ မတွိရပါ။

အထက်စာစောင်များပါ ဆောင်းပါးကဗျာများသည်ရခိုင်စာပီထဲသို့ လုံးဝသွတ်သွင်းမရသော မြန်မာစာပီများဖြစ်ပါသည်။ အေပိုင် မြန်မာစာပီကို ရခိုင်လူငယ်ထုအတွင်းသို့ ရခိုင့်မျိုးချစ်များက အတင်းအဓမ္မသွတ်သွင်းပီးနီမည်ဆိုပါလျှင် အများမကြာရခိုင်သားကို
ပြတိုက်ထဲမှာကြည့်လီကတ်ပါဖိ။
ရခိုင်စာပီကို လျစ်လျူပြု အမှုမဲ့အမှတ်မဲ့ပစ္စလက္ခတ် ပစ်ထားသည့်အပြင် မူရင်းရခိုင်စာပီများကိုလည်း တတ်အားသမျှမြန်မာမှုပြုနီသော ရခိုင်မျိုးချစ်ကြီးများကို ပဇောင်ပျင်လို့ မျိုးချစ်တေဟုဆိုပါဖို့။ မိမိရို့မှာ ကိုယ်ပိုင်စာပီအက္ခရာ၊ ကိုယ်ပိုင်ဘာသာစကား ဟိပါလျှက်သားနှင့် သူများစာပီ၊ သူများစကားကိုအငှါးသုံးစွဲခြင်းသည် ကျွန်စရိုက်လက္ခဏာဖြစ်သည်။ တောင်ကျော်များက အားလုံးဖတ်နားလည်အောင်
မြန်မာပိုင်ရွီး ရခြင်းဖြစ်သည်ဟု ဆင်ခြီပီးလေ့ဟိပါ၏။ တောင်ကျော်တိကို ရခိုင့်အသိုင်းအ၀ိုင်းထဲက လုံးဝပစ်ပါယ်ရမည်ဖြစ်ပါသည်။ (ငတောင်ကျော်) တိ အသက်ရှင်ဟိနီသမျှ ရခိုင်သားကျွန်ဘ၀က မလွတ်မြောက်နိုင်ပါ။ ငတောင်ကျော်တိသည် ရခိုင့်လူ့အဖွဲ့အစည်းနှင့် ရခိုင့်တော်လှန်ရေးကိုတိုက်ရိုက်တမျိုး၊ သွယ်ဝိုက်တဖုံဖျက်ဆီးနီသော
ကာလနာများဖြစ်ပါသည်။

စာရိတ္တပျက်ပြားမှု၊ ဘာသာတရားအား အလေးအနက်မထားမှု၊ တယောက်ကိုတယောက် အပြန်အလှန်မလေးစားမှု၊ တယောက်ကိုတယောက် ဗိုလ်ကျစိုးမိုးလိုမှုရို့သည် ရခိုင်သား၏ကျွန်ဗီဇလက္ခဏာဖြစ်သည်။ ရခိုင်တချို့ရခိုင်စကားမပြောတတ်ပါယာ။ (ယ) နှင့်(ရ) ကိုကွဲအောင် အသံမထွက်တတ်ပါယာ။ အေပိုင်ဖြစ်လာရခြင်းသည် ရခိုင့်စာပီ မထွန်းကားမူအပေါ် အဓိကမူတည်ပါသည်။ မြန်မာကိုကျည်း အပြစ်ပြောလို့မပြီးပါ။ ကိုယ်မျက်ချီးကိုကိုယ် မြင်ချိန်တန်ပါဗျာယ်ဖြစ်ပါကြောင်း။ အချုပ်ပြောရဖို့ဆိုကေ မြန်မာကိုခေါ်ခီစွာလည်း ရခိုင်သားပါ။ ရခိုင့်စာပီကိုမြန်မာပြုနီသူများမှာလည်း ရခိုင်သားပါ။ ရခိုင်ဘုရားများကို သိုက်တူးရောင်းစားစွာလည်း ရခိုင်သားပါ။ မြန်မာမှုပြုခံရခိုင့်စာပီနှင့်အတူ ရခိုင်သားဦးဏှောက်မြန်မာမှုပြုခံလားရသည်။

လွယ်လွယ်ကူကူနှင့် ဖျောက်ဖျက်နိုင်လိမ့်မည်မဟုတ်ပါ။ ၄င်းကို ရခိုင်စကားတွင် (ဂြင်းကပ်လားယာ) ဟုပြောပါသည်။ အေပိုင်ဆိုကေ ဆရာကြီးရို့ကျွန်တော်ရို့တိက မျိုးဆက်သစ်တိကို ဇာအမွီမျိုးပီးရပါဖို့လဲ။ သမိုင်းဝင်ဘုရားကိုရောင်းလို့ တော်လှန်ရေးလုပ်ဖို့စွာလား။ ဘုန်းကြီးကျောင်းကိုဓါးမြတိုက်လို့ လူမှုဖုံလုံရေးလုပ်ဖို့စွာလား။ (ခင်ဗျားပျောတာ ကျနော်မကျားဘူး၊ ယခိုင်စကားမေ့သွားပျီ) ဆိုရေ အမွီမျိုလား။ သမိုင်းပီးတာဝန်ထမ်းဆောင်ယင်း သမိုင်းကြွီးတင်နီကတ်တေ ရခိုင်မျိုးချစ်၊ ပြည်ချစ်တိ ပဇောင်စိုင်းစားကတ်တေရောင်။ ။


ကျော်ဝင်းချေ (ချောင်းသာကြီး)
၁၉၉၈ ပါတ်ဝန်းကျင်လောက်မှာ ရွီးသားပါသည်။ နိစွဲ့ကို အသေချာ မမှတ်မိ့လိုက်ပါယာ။ ရခိုင်ကျောင်းသားလူငယ်များ အစည်းအရုံးမှ ထုတ်ဝီသော “ပတောက်စည်သံ” မဂ္ဂဇင်း၌ ဖေါ်ပြပြီးဖြစ်ပါသည်။

Saturday, November 7, 2009

မိဖအဖြစ်မှစွန့်လွှတ်လိုက်သည်

မှတ်ချက်။ (စာရွီးသူ ၀န်ခံချက်) ။ အေ၀တ္ထုသည် ကိုဦးသာဇံမိသားစုနှင့် ကိုဖိုးလှမိသားစုများ၏ ကိုယ်တွိအဖြစ်အပျက်ကို အခြေခံရွီးသား ဖေါ်ပြပါသည်။ ၄င်းရို့ခွင့်ပြချက်ကြောင်း ထုတ်ဖေါ်ရွီးသားခြင်းဖြစ်ပါသည်။ အားလုံးကိုအထူးကျေးဇူးတင်ဟိပါကြောင်း....


(အခန်း ၁)
မိုးဂုတ်စက်ဝိုင်းတခုလုံးအား ကြယ်တာယာများနှင့် ထိမ်ထိမ်သာအောင် တန်းဆောင်ဘုန်းလ ညာဥ့်တညာဥ့်ကိုအလှဆင်ထားကြသည်။ နတ်မြစ်တဖက်ကမ်းမှ တာကါနာ (ကယုချောင်း) မြို့၏ညအလှကလည်း လျှစ်စစ်မာကျူရီရောင်စုံကြာပွင့်များနှင့် အလှဆင်ထားသည်က မိုးဂုတ်စက်ဝိုင်ကို အပြိုင်အဆိုင်။ စီတန်းနီသော ဖြူဝါရောင်မီးသီးကြီးများအောက်မှာ ဆလိုက်မီးသီးငယ်များ တရှုတ်ရှုတ်တချွီးချွီး ပြီးလွှားနီကြသည်ကလည်း မီးရောင်အောက်မှာ မနီဖူးသူတဦး၏ နှစ်လုံးသားကို လွယ်ကူစွာဆွဲဆောင်နီကြ၏။ လှည့်ယူဖမ်းစာနီကြ၏။ စိတ်ဝင်စားစရာ၊ နှစ်သက်စရာမြင်ကွင်းသစ်များကို ကြည့်ရှု့ရစွာက စိတ်ထဲမှာကြည်နုစရာတမျိုး။ ယင်းကဲ့သို့သော တိုးတက်မှုများနှင့် ကိုယ့်တိုင်းကိုယ့်ပြည်ကို အလှဆင်ချင်စိတ်က တသွင်သွင်စီကျလာ၏။ စိတ်အာရုံတခုလုံးကို လွှမ်းမိုးနီရာယူထားလိုက်၏။ “အို……နက်ဖန်မိုးသောက်အာရုံရောက်ကေ ငါရို့လည်း ယင်းဖက်ကမ်းမှာဟိနီလီဖို့……..” စိတ်ထဲမှာ ရည်ရွယ်ယင်း ဒယောစွမ်ကို မဖြုတ်တမ်းဆွုကိုင်ထားသော ညီမငယ်ကို ကောက်ရွက်လိုက်သည်။ “အကိုကြီး..မိမိ….ဇာမာလဲ၊ မိမိကို…….ဇာခါတွိ့ရဖို့လဲ”။ အဖ မမြင်ဖူး၊ မိခင်ကိုရာတမ်းတတတ်သော ၀ါဝါ၏မျက်ရည်ရွှမ်းနီသော မျက်လုံးအစုံနှင့် သူမ၏မိခင်ကို လွမ်းဆွဲနီသောစကားသံများက အစ်ကိုယ်ကြီး၏နှစ်လုံးသားကို တစစီကြွီမွလားစေ၏။ ပြောမထွက်နိုင်သော ခံစားချက်၊ နာကျဉ်းချက်များ အစ်ကိုယ်ကြီးရင်ထဲမှာ အလုံးကြီးဆို့လို့။ မျက်နှာကို အရဲတင်းပျာ မပွင့်တပွင့်ပြုံလျက် တဘက်ကမ်းကိုလက်ညှိုးထိုးကာ… “မိမိနန့်ဘာဘာရို့ ထိုဘက်ကမ်းမှာ။ နက်ဖန်ခါ မိုးထက်စောစောကြီး အပုချေ၊ အကိုချေ၊ အမယ်ကြီး၊ အကိုကြီးရို့ကို လာခေါ်လာဖို့။ အပုချေဖို့ မုန်အများကြီး ၀ယ်လာဖို့လတ်။ အင်္ကျီအလှပချေတိလည်း ၀ယ်လာဖို့လတ်။ ထော….ထိုမှာကြည့်ဇမ်ချက် မီးသီးချေတိပြီးနီကတ်တေထွား…။ ပဇောင်လှရေချင့်…..၊ ကြည့်ဇမ်ချက်…..” “မိမိ..ယင်းမာလာ” “အုံ….ယင်းဖက်ကမ်းမှာ။ ကကောင်းလိမ်မာရေကား….အေသူ။ နက်ဖန်ခါ မိမိနန့် အပုချေနန့် ဂါရီအတူတူစီးကတ်ဖို့တေ။ ၀ူး………၀ူး……၊ ပွင်း……ပွင်း…..ပွင်း………နန့် ပင် မြည်ပျာ ၀ူး…..ထွက်လားလီဖိုယေ။ ဂါရီရှိဆုံးမာ အသူထိုင်ဖို့လဲ….” “၀ါဝါ….ထိုင်ဖို့….”။

“လာ….လာ….ပြန်ကတ်မေဝေး…၊ တနားချေကြာကေ နစက.က အိပ်စရင်းလာစစ်ဖို့၊ မှတ်ပုံတင်လာစစ်ဖို့တေ..။ လာ….လာ….လားကတ်မေ။” ညီချေ၊ ညီမချေရို့ကို လှမ်းခေါ်လိုက်၏။ အပုချေကိုလျော့ပျာ တည်းခိုနီသော ထမင်းဆိုင်သို့ ညီအစ်ကိုယ်မောင်နှစ်မတတော လမ်းလျှောက်ပြန်လာကြသည်။ ထမင်းဆိုင်သည်မကြီး အိမ်ဇိုးဖြူ ဆိုင်ရှိထွက်ကာ ကျန်တော်ရို့အား စောင့်နီဟန်ပေါ်၏။ ကျန်တော်ရို့ကို မြင်စွာနန့် “ဟိုင်း….ဇါကိုလားခီကတ်လေ..နင်ရို့၊ ထောက်လှမ်းရေးက မှတ်ပုံတင်၊ အိပ်စရင်းလာစစ်လို့ မတွိ့ကေ အားလုံးအဖမ်းခံရဖို့တေ…သိယင့်လား။ လာ..အိမ်ထဲကိုဝင်။” အော်၍ လှမ်းခေါ်လိုက်၏။ ဆိုင်သည်မကြီးက သူသမီးကို အိပ်ရာချပီးရန်လည်း “စောယိုင်ဖြူ…..အေ…အချေတိကို ယောင်ပြင်မှာ အိပ်ရာချပီးလိုက်ကား” တဆက်တည်းလှမ်းပြောလိုက်၏။

တန်းစီအိပ်ရာယူထားကြသော ကုန်သယ်အမျိုးသမီးကြီးများ အိပ်စရင်းလာစစ်ရန် မအိပ်ဘဲ ပြောယင်းဆိုယင်း ထိုင်စောင့်နီကြသည်။ အမျိုးသမီးကြီးတဦးက “မောင်မောင်…မင်းရို့ ဇာကလေးဝေ” “စစ်တွေလမ်းမတော်ကပါ” “အရီးလည်း စစ်တွေစံပြကဝေ၊ မင်းရို့ဇာကို လားကတ်တေ”။ “ထိုဖက်ကမ်းကိုလားပါဖို့။” မ၀ံ့မရဲ ပြန်ဖြေလိုက်ရ၏။ “ဘင်္ဂလားကိုလာ၊ မင်းမိဖရို့ ယင်းဖက်ကမ်းမှာလာ။” “ယင်းဖက်ကမ်းမှာဟိလို့ လားကတ်တေမလားယေ” နောက်အမျိုးသမီးကြီးတယောက်က ကြားဝင်ပြောလိုက်၏။ “အရီးရို့လည်း ယင်းဖက်ကမ်းကို လားဖို့ဝေ။ အတူတူလားကတ်ဖို့နန့်။” ပြောဆိုနီကြယင်း ဓါတ်မီးတလက်လက်ထွမ်းလျက် ထောက်လှမ်းရေး အော်ခေါ်သံများကြားလိုက်ရ၏။ ထမင်းဆိုင်သည်မကြီး၊ သမီးဖြစ်သူရို့ ထမင်းဆိုင်ရှိသို့ထွက်လာကာ တဆိုင်ပြီးတဆိုင် ၀င်ထွက်အိပ်စရင်းစစ်လာကြသော နစကစစ်ဗိုလ်၊ ရက်ကွက်ကောင်စီနှင့် ဆယ်အိမ်ကောင်းရို့အား ကြို၍စကားပန္လင်ခံထားကြသည်။ ကွမ်းကြုပ်နှင့်အဖန်ရည်ဘဲကို စားပွဲခုန်မှာချကာ “ထိုင်ပါ..ထိုင်ပါ..ထိုင်ကျပါ။ ကွမ်းယာစားပါဗိုလ်ကျီး။” လှိုက်လှဲစွာကြိုဆိုနီသည်။ တဆက်တည်း ဆိုင်သည်မကြီးက “အကျွန်တို့ဆိုင်မှာ အာဂန္တု (၂၀) လောက်ချိပါတယ်။ မှတ်ပုံတင်က လူတိုင်းပါကျပါတယ်။ အကျွန်ခေါ်ပေးမယ်..အို..ကွမ်းယာစားပါ ဗိုလ်ကျီး။” ယာထားသောကွမ်းယာကို လှမ်ပီးလျက် တည်းခိုနီကြသော ခရီသည်အာဂန္တုများအား လှမ်းခေါ်နီ၏။ ကုန်သယ်အမျိုးသမီးကြီးများ၊ အမျိုးသားများ ထမင်ဆိုင်ခန်းမကြီးသို့ စုလာကြပြီး သူရို့၏မှတ်ပုံတင်များ၊ အကျင့်ဇာရိတ္တကောင်းမွန်းကြောင်း မ၀တထောက်ခံစာ၊ ရပ်ကွက်ဥက္ကဌထောက်ခံစာ၊ ဆယ်အိမ်ဂေါင်းထောက်ခံစာများနှင့်အတူ စစ်ဆေးခံနီကြရ၏။ တချို့ကလည်း နစကစစ်ဗိုလ်နှင့် ရင်းနှီးနီကြပုံပေါ်၏။ ရင်းရင်းနှီးနှီး ပြောကြဆိုကြ၊ ရယ်ကြသွန့်ကြနှင့် ပြီးဆုံးလားကြ၏။ သို့သော် ကျန်တော်ရို့မောင်နှစ်မတတောမှာကား ရင်တခုန်ခုန်နှင့် ဗိုလ်ကြီးဆိုသောစကားလုံသည် ထမင်းလုံးသဆီ၊ သရဲခြောက်သကဲ့သို့ ခြောက်လှန့်နီပါ၏။ တသက်လုံးမမြင်ချင်သော အစိမ်းရောင်စစ်ယူနီဖောင်းကလည်း ကြောက်သီးမွှီးညှင်းထလားအောင် ခြောက်လှန့်နီ၏။ နစကစစ်ဗိုလ်ကြီး ကျန်တော်မျက်နှာကို လှမ်းကြည့်လျက် မှတ်ပုံတင်၊ ထောက်ခံစာများထုတ်ပြရန် မိတ်ပင့်၍ လှမ်းတောင်းလိုက်သည်။ ရင်တဖုန်းဖုန်းခုန်လျက် အသက်ကဆံဖျားမှာရောက်နီသည်။ စိုးရိမ်စိတ်များနှင့်အတူ အဆင်သင့်ကိုင်ထားသော မှတ်ပုံတင်၊ ထောက်ခံစာများအား ရိုသေစွာလှမ်းပီးလိုက်၏။ မှတ်ပုံတင်ကို စူးစိုက်ကြည့်လျက် “နာမည် ဘယ်လိုခေါ်လဲ”။ “ဦးကျော်သိန်းပါ”။ “အဖေနာမည်ကော”။ ဘာဘာနာမည်မီးလာသံကြားရသည့်အခါ တကိုယ်လုံး ကြောက်သီးမွှီးညှင်းထလား၏။ ကြောစိမ့်လာ၏။ နားပန်းဆံများ ထောင်တက်လား၏။ စိတ်အာရုံတခုလုံးမိုးကြိုးပစ်သကဲ့သို့ တုန်လှုပ်ချောက်ချားလား၏။ “….ဘာဘာက ဒီမိုကရေစီ တော်လှန်ရေးသမား။ တခေါက်ချေရာ သိလားကေ ဒုက္ခကြီးကျပျာ…..” ဟု အသိအာရုံထဲ ဗြုန်းတိုင်းဝင်ရောက်လာ၏။ ”ဦးသာဇံပါ။ အမေနာမည်က ကြာသိန်းဖြူပါ။” မူမပျက်ရအောင် အသံထားမှန်မှန်ဖြင့် မပြောမလွတ် ပြန်ဖြေလိုက်ရ၏။ “ဘယ်သွားမှာလဲ”။ “ဘင်္ဂလားသွားပါဖို့”။

ဘင်္ဂလားဒေခ်ျအတွင်း တော်လှန်ရေးသမားများ မြောက်များစွာဟိနီကြ၏။ တော်လှန်ရေးသမားများနှင့် အဆက်အသွယ်ဟိသူရို့၊ ဆွေမျိုးတော်စပ်သူအား စစ်တပ်ကမျက်ခြီမပြတ် စောင့်ကြည်နီကြသည်။ ဆက်သွယ်မှုသတင်းပေါက်ကြား၍ အဖမ်းခံ၊ အနှိပ်စက်ခံရသူရို့လည်း အမြောက်အများ။ ကျန်တော်ရို့မောင်နှစ်မတတောမှာကား တော်လှန်ရေးသမား သားသမီးများဖြစ်နီကြသည်မှာ အဆက်အသွယ်ဟိသူရို့ထက် ပို၍ကြောက်စရာ၊ စိုးရိမ်စရာကောင်း၏။ ပို၍အန္ဒရာယ်ကြီးမာ၏။ ဒုက္ခကိုဘုရားကယ်လို့ ရမည်မထင်။ စိုးရိမ်စိတ်များအတွဲလိုက် ဥနှောက်ထဲတန်းစီဝင်လာကြ၏။ ဟန်ပျက်လုနီပါး “အဲဒီဘက်မှာ မိမိနန့် ဘာဘာတို့ ဆိုင်ယောင်းနီကျလို့ အလည်သွားတာပါ။” “ဘယ်မှာယောင်းနေကျတာလဲ။” “ကောက်စ်ဘာဇာမှာပါ။” “ကောင်မလေးနာမည်က ဘယ်လိုခေါ်လဲ။” “သန္တာနီ” ကျန်တော့်ညီမ သန္တာနီက သွက်သွက်လက်လက်ပင် ပြန်ဖြေလိုက်၏။ မည်သည့်တခုမှ စိုင်းစားနီဟန်မပေါ်။ “အသက်ဘယ်လောက်ချှိပျီလဲ” “၁၀ နှစ်” မဆိုင်မတွန့် ပြန်ဖြေနီသော ညီမငယ်အား တချက်ပြန်ကြည့်ကာ….“သတ္တိကောင်းရေထော…” ဟု ချီကျူးမိ၏။ နစကစစ်ဗိုလ်ကြီးသည် ထမင်းဆိုင်သည်မကြီးဖက်လှည့်၍ မျက်ခုန်းပင့်အမူအယာဖြင့် တခုခုတောင်ဆိုနီဟန်ပေါ်၏။ ဆိုင်သည်မကြီးလည်း ပြုံရယ်ပြီး အလစ်သိဟန်ဖြင့် “ဒီနေ့အာဂန္တုလေး နည်းပါတယ်။ ဆိုင်လေးသိပ်မယောင်းယဘူး။ ၃၀၀၀ လောက်ယူသွားပါ..ဗိုလ်ကျီး။” ဒန္ကား ၃၀၀၀ ကို နစကစစ်ဗိုလ်လက်ထဲထည့်ပီးလိုက်၏။ ထိုဒန္ကား ၃၀၀၀ ကို ဆိုင်သည်မကြီးအပါအ၀င် အာဂန္တုများဝိုင်းဝန်းကျခံကြရ၏။ ရပ်ကွက်ဥက္ကဌ၊ ဆယ်အိမ်ဂေါင်း၊ နစကစစ်ဗိုလ်များ ထမင်းဆိုင်မှ ပြန်ထွက်လားပြီးမှ ကျန်တော်စိတ်ဒုန်းဒုန်းကျလားရ၏။ အသက်ချှူပေါက်ရလာ၏။ ပုခုန်းထက်ပိုး၍အိပ်ပျော်နီသော ညီမချေ ၀ါဝါနှင့်ညီးချေ၊ ညီးမချေရို့အား အိပ်ရာချပီးကာ၊ နက်ဖန်မိုးသောက် အာရုံရောက်လျင် ဆက်ရမည့်ခရီးကို စိုင်စားလျက် ဘုရားတရားအာရုံပြု၍ အိပ်ရာ၌ဂေါင်းချလိုက်၏။

(အခန်း ၂)
တန်းဆောင်ဘုန်းလ မိုးထက်ခြင်း၏နှင်းပါးပါးအောက်မှာ တာကာနာမြို့လမ်းများ တိုးမပေါက်နိုင်သောလူဦးရည်များနှင့် ပြည့်ချံနီ၏။ ကျန်တော်ရို့နှင့်အတူ ခရီးကြုံလာကြသော ကုန်သည်အမျိုးသမီးကြီးများအား တာကာနာရွာတော်ကားဂိတ်သို့ လိုက်ပို့ရန်အကူညီတောင်းလိုက်သည့်အခါ ထိုအမျိုးသမီးများအနက် နှစ်ဦးသောအမျိုးသမီးကြီးသည် ရွာတော်သို့တဆက်တည်းလားမည်ဟု သိလိုက်ရသည်။ အကျန်တော်အလွန်ဝမ်းသာလားသည်။ ချောမွီ့စွာအဆင်ပြေလှပါ၏….ဟု သက်ပြင်းချလိုက်ရသည်။ ဤမျှလောက်ကြီးမားသော လူ့သမုဒ္ဒရာကြီးကို မတွိ့ဖူးမမြင်ဖူးသော ကျန်တော်ညီချေညီမငယ်များ ကျန်တော်လက်ကိုမဖြုတ်တမ်းကိုင်ထားကြ၏။ ကားထက်မှာတက်ထိုင်လိုက်ကြ၏။ တနာရီလောက်ကြာသောအခါ ကားလမ်းဘဲလဲယောင်းစောင့်မျှော်နီသော ရွာတော်ရွာကြီးသို့ ရောက်လာကြသည်။ ရွာထဲသို့ ၀င်လိုက်သည်နှင့် ရခိုင်စကားသံများကြားလိုက်ရသည့်အခါ အလွန်နွီးထွီးလား၏။ အမျိုးသမီးကြီးတဦးက “မောင်မောင်…မင်းမိဖရို့နီရေအိမ်ကိုသိလာဝေ..။ မင်းးလားချင်ရေ ရွာတော်ကိုရောက်ပျာတေ။” မီးလာ၏။ ကျန်တော် ဇာပြန်ပြောရမှန်မသိ ဖြစ်လား၏။ “မသိပါ၊ စုံစမ်းကြည့်ရပါဖို့သိမ့်။” ပြန်ဖြေလိုက်ရ၏။ “ယင်းပိုင်ဆိုကေ လာ….၊ အရီးရို့တည်းရေအိမ်က တဆင့်စုံစမ်းကြည့်မေ…လာ…လာ။

ကံကောင်းထောက်မလို့ ဘာဘာနှင့်မိမိရို့ ရွာတော်ကိုရောက်နီကြသည်ဟု ကြားသိရ၏။ ဘာဘာနှင့်မိမိရို့တည်းခိုနီသော အခင်မောင်လုံဖြူအိမ်သို့ ဆက်လိုက်လာကြသည်။ အခင်မောင်လုံဖြူအိမ်သို့ ၀င်ဝင်ချင်း “အခင်….အခင် ဘာဘာရို့မိမိရို့ အေမာဟိပါလာ။ ကျန်တော်ရို့ ဘာဘာနန်မိမိကို လိုက်ရှာနီကတ်ပါရေ”။ “မင်းဖနန့် မင်းမိရို့ ဘုန်ကြီးကျောင်းကို စာပီးဖို့လားကတ်တေ…ဝေ။ လိုက်လားဖို့ဆိုကေ အပါးချေရာဝေ။ လာ အခင်လိုက်ပြမေ။

ဘုန်ကြီးရှိ သင်္ဃာတန်းအောက်မှာ ကြောခိုင်းထိုင်လျက် စကားသာလာဘကျနီကြသည်ကို မြင်လိုက်သောကျန်တော် စိတ်မထိမ်းနိုင်ဘဲ၊ ကျောင်းကန်သိမ်ပုထိုးအား အာရုံမပြုနိုင်ဘဲ “မိမိ…..မိမိ…..အို…မိမိ” အသံတကြီ်း အော်ခေါ်လိုက်၏။ ကျန်အော်ခေါ်သံကြောင့် ဘုန်းကြီးကျောင်းတခုလုံ ပဲ့တင်ခပ်လျက် တကျောင်းလုံဟိသင်္ဃာ၊ လူမကျန် ရုပ်တရက်လန့်ဖြန့်လားကြ၏။ တယောက်မကျန် ကျန်တော်ဟိရာ ကျောင်းတန်းခါးဝသို့ အာရုံစိုက်လှည့်ကြည့်နီကြသည်။ မိခင်သည် ကြောခိုင်းထိုင်ရာမှ နောက်ပြန်လှည့်ကြည့်ကာ “ဦးကျော်သိန်း….မောင်ကြီး….ဦးကျော်သိန်း” ကျန်တော်ဟိရာသို့ ပြီးထလာပြီး ကျန်တော်အားဖက်ထားလိုက်၏။ ကျန်တော့်ဆံပင်များကို ယုယစွာပွတ်ကိုင်လျက် “အသက်ရှည်…ဘုန်းသျှင်” မျက်ရည်များစီးဆင်လျက် “ညီမချေညီချေရို့ကာ မောင်ကြီး” မိခင်၏အသံ မိနစ်များစွာရပ်လား၏။ “အားလုံးသူပါလာပါရေ….ရွာထဲမာကျန်ခပါရေ။” သားသမီလွမ်းနာကျနီသော မိခင်ကြီးသည် ငိုတဖက်ရယ်တဖက်နှင့် အလွန်ပျော်လား၏။

နိုလွတ်ခါစချန်ထားခရရေ ရင်သွီးငယ်ဝါ၀ါနှင့်သားသမီးများကို တွိ့ချင်ဇောနှင့် ရွာသို့ဗျာယာခတ်ဆင်းလာကြသည်။ သားသမီများကို မမြင်ရဘဲဝီးကွာနီရသော မိဖနှစ်ပါးသည် သားချေသမီးရို့ကို မြင်လိုက်ရသည့်အခါ အိမ်ခြံထဲသို့ ပြီးဝင် ၀င်လားကြ၏။ အိမ်ရှိပြင်ထိုင်စောင့်နီကြသော ညီချေညီမချေရို့လည်း ရုပ်တရက် “မိမိ….မိမိ၊ ဘာဘာ…ဘာဘာ” ငိုတ၀က်ရယ်တဖက်အော်သံများနှင့်အတူ ပြီးဖက်ထားလိုက်ကြ၏။ ကျန်တော်သည် အိမ်ခြံလမ်းဝက တပ်တိုင်ကိုကိုင်လျက် အတိုင်းအဆမဟိသော၊ နှိုင်ဆမနိုင်သော မိဖရို့၏ မဟာမောတ္တာသမုဒ္ဒရာနှင့်၊ သောက်သုံးမ၀နိုင်သော သားသမီးရို့၏ မိဖမောတ္တဆာလောင်ခြင်း လှုပ်ယှားမှုမြင်ကွင်းအား နောက်ကစောင့်ကြည့်လျက် အလွန်ပီတိဖြစ်မိ၏။ လူလားမမြောက်နိုင်သိမ့်သော သားသမီးများ၏မိဖမောတ္တာ ဆာလောင်မှုသည် မိဖနှစ်ပါးအား ပဒါမယ်ပြာလူးသကဲ့သို့၊ သားသမီးချေရို့လည့် သမုဒ္ဒရာရီကို သောက်သုံးသကဲ့သို့ သောက်ပြီးယင်းသောက်ယင်း မ၀နိုင်ကြ။ အာသီဿမပြေနိုင်ကြ။ မိဖမောတ္တာရီအိုင်ကလည်း ခမ်းခြောက်ခြင်းအစိုင်မဟိ။ ဤမြင်ကွင်းသည် ကျန်တော်၏ အမြင်အာရုံထဲက မည်သည့်အခါမှ မှုံဝါးလားလိမ္မည်မဟုတ်။ ကမ္ဗည်းကျောက်စာခပ်သကဲ့သို့ ကျန်တော်၏နှစ်လုံးသား၌ ထာဝါရစွဲကျန်နီပါလိမ္မည်။ မျက်ရည်များလည်း ကျန်တော်ပါးပြင်ပေါ်သို့ စီးကျလာကြသည်။

ဖခင်ကိုမမြင်ဖူးသောဝါ၀ါသည် ဖခင်နှင့်လိုက်ရန်တစိမ်းဆန်နီ၏။ ငိုရယ်မျက်နှာနှင့် ကျန်တော်၏ဖခင်သည် သိန်းအောင်ကျော်နှင့် မြသန္တာရို့အား ရွက်လျက် အိမ်သျှင်မကြီး၊ ခရီးကြုံလာကြသည့်အမျိုးသမီးဘကီးရို့အား အထူးကျေးဇူးတင်စကား ပြောပြပြီးနောက် မိသားစုအားလုံ အခင်မောင်လုံဖြူအိမ်ထွက်လာကြသည်။ လမ်းတလျှောက်လုံး ၀ါဝါသည် သမ၏မကျေနပ်ချက်များ၊ ခံစားချက်များအား၊ အဘောင်သျှင်ပြောစကားများ၊ အစ်ကိုယ်လပ် ပြုမူဆက်ဆံမှုများ၊ အစ်ကိုယ်ကြီး၊ အစ်မကြီးများက သူမအားဂရုမစိုက်၊ အစ်ကိုယ်ချေက အနိုင်ကျင့်မှုများအား တခုမကျန် မိခင်အားလျှောက်လွှာတင်လျက် မိခင်၏ရင်ခွင်၌ပိုးလျက်လိုက်လာ၏။ သူမအလွန်ဝမ်းနည်းနီ၏။ သူမအလွန်အားတက်ပျော်ရွှင်နီ၏။

(ခန်း ၃)
ရောက်ဖူးသည်ဟိအောင် ဒါကာမြို့သို့မိသားစုများနှင့်အတူ အလည်တခေါက်ရောက်အောင် လားခပြီးနောက်၊ မိဘများနှင့်တိုင်ပင်ဆွေနွေးပြီး အိုမင်းးမစွမ်းဖြစ်နီသော အဘောင်သျှင်နှင့် ညီငယ်အောင်ကျော်သိန်းရို့အား လုပ်ကျွေးပြုစုရန် ရခိုင်ပြည်သို့ ပြန်လှည့်လာ၏။ မခွဲမခွာချင်လိုကြသော ညီးမငယ်၊ ညီငယ်များ အစ်ကိုယ်လပ် အောင်ကျော်သိန်းအား ခေါ်ယူလာပြီး ပြန်လာလတ်ရန် တတွတ်တွတ်မှာလိုက်ကြ၏။ အဘောင်သျှင်၌ အားကိုးအားထားပြုရန် သားသမီဆွေမျိုးဟူ၍ နောက်ထပ်မဟိ။ တဦးတည်းသောသမီး ကြာသိန်းဖြူသည် သူမ၏လင်ယောက်ျား ဝေသန္တာရာနိုင်ငံရေးသမားနောက်သို့ ပါရမီဖြည့်မင်းသမီဖြစ်ရလီ၏။ ဤသည်မှာ အဘောင်သျှင်အားပြုစုစောင့်လျှောက်ရမည့် တာဝန်တခုလုံးသည် ကျန်တော်၏ပုခုန်းထက်သို့ အလိုအလျှောက်ကျရောက်လာ၏။

ကျောက်တော်မြို့နယ်ထဲသို့ တိုက်ရိုက်ပြန်ကြမည့် နွားကုန်သယ်များနှင့်အတူ ခရီလမ်းကြုံလိုက်လာ၏။ တောင်တန်းကြီးများ အထပ်ထပ်ကိုကျော်ဖြတ်ရမည့် လမ်းခရီသည် အလွန်ကြမ်းတမ်းပါ၏။ လက်နက်ကိုင်ရခိုင့်တော်လှန်ရေးများ ကြီးစိုးထားသော ဒေသဖြစ်သကဲ့သို့ ဗမာစစ်တပ်၏အထူးစစ်ဆင်ရေးနယ်ပယ်ဖြစ်၍ စစ်တပ်များထူထပ်စွာချထားကြ၏။ မည်သိုပင်ဆိုစေ မိမိ၌အထောက်အထား ပြည့်ပြည့်စုံစုံ
ပါလာသည့်အပြင် ဒီမိုကရေစီတော်လှန်ရေးသမားတဦး၏ သားဖြစ်နီမှုကို မည်သူမှသိမည်မထင်။ ထို့ကြောင်းပင် ကျောက်တော်မြို့နယ် ပီချောင်းဖျား၌ ချထားသော ဗမာစစ်တပ်များမီးမြန်းစစ်ဆည်းခြင်းမှ အောင်မြင်စွာလွတ်မြောက်လါပါ၏။ နွားကုန်သယ်များနှင့် လမ်းခွဲ၍ ကျောက်တော်မြို့သင်္ဘောဆိပ်ဟိ ထမင်းဆိုင်တဆိုင်၌ ကျောက်တော်စစ်တွေ သင်္ဘောအဆင်းကိုစောင့်ယင်း တည်းခိုနီလိုက်၏။ ကျောက်တော်နှင့်တဖက်ကမ်းမှ ကျောက်တော်တောင်စေတီကြီးသည် ဗုဒ္ဓသမိုင်း၊ ရခိုင်ရို့၏ပြောင်မြောက်ခသော သမိုင်းများကို ရင်ဝယ်ပိုက်လျက် မားမားမတ်မတ်ရပ်ကာ သမိုင်းတခေါတ်ကို ကြံကြံခံလျက်၊ သမိုင်မှန်နွံမနစ်သော နောက်တကြိမ်တောက်ပြောင်လာမည့် သမိုင်းသစ်ကို စောင့်မျှော်နီဟန်ပေါ်၏။ အလွန်ပင်ခန့်ညားဌေ၀ါပ၏။ သမိုင်ဟူသည် ပတ္တမြား၊ ပတ္တမြားမှန်နွံအောက်မကျွံဟူသော ပညာဟိများ၏စကား အလွန်ပင်မှန်လှပါ၏။ တည်းခိုနီသောထမင်းဆိုင်ရှိမှ ထိုင်လျက် ကျောက်တော်တောင်ကြီးအား ငေးမောကြည့်လျက် ဤသို့သောသမိုင်းအချိန်အ၀ါကြီးမားမှုကြောင့် သားသမီပစ်၊ မယားပစ်၊ ဆွေမျိုးပစ်လျက် ကိုယ်ကျိုးစွန့် အနစ်နာခံကာ တိုင်ပြည်နန့်လူမျိုးအတွက် အဖက်ဖက်မှသက်စွန့်ကြိုးပမ်းခသော၊ ကြိုးပမ်းနီကြသော ရခိုင်မျိုးချစ်များအား အထူးကြည်ညိုလေးစားမှုနှင့်အတူ ရခိုင်ပြည်ကြီးလွတ်မြောက်အောင် ကြိုးစားနိုင်ကြပါစီ…ဟု အားပီးအားမြှောက်ပြမိ၏။ ရခိုင်ပြည်ကြီး ကမ္ဘာတည်သ၍ တည်တမ်းနိုင်ပါစီ..ဟုလည်း ရည်သွမ်းမိ၏။

လမ်းခရီးတလျှောက်လုံး ခြီကျင်လျှောက်လာရသောကြောင့် ညောင်းညာနီ၏။ တကိုယ်လုံးလည်းကိုက်ခဲနီ၏။ စောစောအိပ်ရာဝင်ထားမှ ကောင်းမည်။ မိုးမလင်းခင် သင်္ဘောလက်မှတ်ဖြတ်ထားရန်၊ နီရာဦးယူထားရန် အရေးကြီး၏။ စောစောစီးစီး လှဲယောင်းနီလိုက်၏။

ထမင်းဆိုင်တခုလုံးဓါတ်မီးများဖြင့် ရုပ်တရက်ထိမ်လင်းလား၏။ ဂျီသရီး၊ ဂျီဖိုးပြောင်းဝများ ကျန်တော်ထံသို့ ယင်မြန်စွာဆိုက်ရောက်လာ၏။ ကျန်တော်မျက်စိပြူးလား၏။ ဗြုန်းဒိုင်းဝင်ရောက်လာသော စစ်ဖနပ်ခွာတဖက်သည် ကျန်တော်ရင်ဝသို့ပြီးဝင်လား၏။ နောက်ဘုတ်ဖနပ်တဖက်သည် ကျန်တော်၏မျက်နှာကို ရောင်စုံပတလုံးများတောက်အောင် နမ်းလိုက်၏။ နှာခေါင်းမှ သွီးစက်များဖြာထွက်လား၏။ သနပ်ဘောင်များ နောက်ကုန်းသို့ တဘုန်းဘုန်းကြွီကျာလာကြ၏။ ရင်ညွတ်ကို ပြောင်းဝဖြင့်အကြိမ်းများစွာ ထိုးသတ်ကြ၏။ နားနှစ်ဖက်မှ သွီးစက်များယိုထွက်လာ၏။ သွားများငလျှင်လှုပ်လားကြ၏။ ထမင်ဆိုင်ဝမှ ကျောက်ချလိုက်သည်ကိုသာ အသိစိတ်၌မှတ်မိ၏။ ကျန်တော်၏အသိအာရုံတခုလုံး နှစ်ခြစ်စွာ အိပ်မောကျလားရပါ၏လော။

မျက်နှာသို့ရီစက်များ သွန်ကျလာသည်။ ကျန်တော်လန့်နိုးကျလား၏။ ခန္ဓာကိုယ်တခုလုံး တုံခါနီ၏။ နာကြင်နီ၏။ မျက်နှာတခုလုံးလည်း စည်တင်းသကဲ့သို့ ရောင်တင်းနီ၏။ နောက်ကုန်း၊ ရင်ဖတ်များလည်း အောင့်နာနီ၏။ ခြီထောက်ကိုတချက် ဆွဲမိ၏။ ကျန်တော့်ခြီထောက်နှစ်ဖက်စလုံး ဆွဲမပါလာ။ မျက်ခုန်းဖုံးနီသော မျက်စိတစုံကို အားဓမ္မဖွင့်၍ ရှာကြည့်လိုက်သည်။ ခြီနှစ်ဖက်စလုံး ထိပ်တုံးကြားကို ရောက်နီ၏။ ပထ၀ီမြီကြီး အီစက်မှုကြောင်း အလွန်ချမ်းလာ၏။ တဟိန့်ဟိန့်ကြိုင်းလျက် မိဘများအားတမ်းတမိ၏။ ဘုတ်ဖနပ်တစုံ ကျန်တော့်မျက်နှာရှိ၌ရပ်လျက် “ဟဲ….ယခိ၊ ယခိ” ယိ့သပ်သပ်ခေါ်နီသည်။ မျက်လုံဖွင့်၍ကြည့်မိသည်။ “ယခိ..သတိယပြီလား၊ မင်းနာနည်ဘာလဲ”။ “ဦးကျော်သိန်း” လျှာလုံ၍ပြန်ဖြေလိုက်သည်။ အံဘောင်များ၊ လျှာရင်းများ မလှုပ်နိုင်အောင်နာကြင်နီ၏။ “ဘယ်လို….ဉ်ီးကျော်သိန်း..ဟုတ်လာ။ မှန်မှန်ပြော၊ မပြောယင် အသေသတ်ပစ်မယ်….ကြားလာ” ဟောက်ငေါက်လာ၏။ “အဖေနာမည် ဘယ်လိုခေါ်လေ။” “ဦးသာဇံ” “ဘယ်ကပြန်လာတာလဲ” “ဘင်္ဂလားဒါခ်ျ”။

လွယ်ထားသောသနပ်ကို ဘဲသို့လွှဲလိုက်ပြီး၊ ကျန်တော်မျက်နှာနား ထိုင်ချလိုက်သည်။ “အဲဒီမှာ ဘာသွာလုပ်လေ” မကြားရ၍ အနားကပ်မီးလာသည်။ “ညီလေ၊ ညီမလေးတွေကို မိမိနဲဘာဘာတို့ဆီလိုက်ပို့ခဲတယ်။” “မင်းမိဘတွေ ဘင်္ဂလားဒါခ်ျမှာ ဘာလုပ်လေ။ ဖာခံနေကျတာလား” မိဖနှစ်ပါးအားစော်ကားလိုက်၏။ “ဒီမိုကရေစီ ဖာခံနေတာလား…ဟုတ်လာ” ပို၍ယုတ်မာလာ၏။ “ဆိုင်ယောင်းနေကျတယ်။” “မအေလိုး ညာနေသေးတယ်” အော်ဆဲလိုက်ပြီး ကျန်တော့်ဆံပင်ကို ဆွဲဆုပ်ကိုင်လိုက်လျက် တညဇာလုံး အသတ်ခံထားရသောမျက်နှာ ဖူးရောင်မဲညိုနီသည်ကို လက်ဝါးဖြင့်ထပ်၍ ပိတ်သတ်လိုက်သည်။ မျက်လုံးများပြူးထွက်လားမတတ် ခံစားလိုက်ရ၏။ နှာခေါင်းမှ သွီးတောက်များယိုထွက်ကျလာ၏။ တဆပ်ဆပ်ခါနီသော ကျန်တော့်ကိုယ်ခန္ဓာကို မြီကြီးသို့ ဆောင့်ချလိုက်ကာ၊ ရင်ညွတ်ကို ဒူးငုတ်ဖြင့် ထောင်းချလိုက်သည်။ ပါးစပ်မှ သွီးခဲများအော့ထွက်လာ၏။ စစ်သားသုံးလေးယောက် အခန့်ထဲဝင်လာကြပြီး ကျန်တော်အား ထိပ်တုံးမှပြန်ဖြုတ်ကာ ခြီထောက်နှစ်ချေင်းကို ပူးချိုင်လျက် ဇောတ်ထိုးမိုးပြန် တွဲလောင်းချိုင်ထားလိုက်သည်။ မျက်နှာကို အ၀တ်ဖဲ့ဖြင့်ချုပ်ထားကြသည်။ ၀တ်ထားသော အင်္ကျီ၊ ဒယောများကို ဆွဲချွတ်လိုက်ကြသည်။ အ၀တ်မဲ့ကိုယ်ခန္ဓာအား လိပ်ကျောက်ပုတုံးဖြင့် အဆက်မပြတ် တဖျိန်းဖျိန်းသတ်ကြသည်။ နောက်ကုန်း၊ ရင်ဖတ်၊ ၀မ်းကြောများမှ သွီးစက်များယိုထွက်ကျလာ၏။ တွဲလောင်းချိုင်ထားရာ ဂေါင်းအောက်မှာ ရီဖြည့်ထားသော စည်ပိုင်၌ ကျန်တော့်ဂေါင်းကို မြှုတ်လိုက်၊ ဖေါ်လိုက်နှိပ်စက်ကြသည်။ လုံးဝမခံနိုင်သည့်နောက်ဆုံး ညီးငယ်ညီမငယ်များအား မိဖထံသို့ လိုက်ပို့ခကြောင်း၊ ဖခင်သည် Arakan League for Democracy (ALD ရခိုင်ီမိုကရေစီအဖွဲ့ချုပ်) ပါတီဝင်ဖြစ်ကြောင်း၊ လက်ဟိဘင်္ဂလားဒါခ်ျနိုင်ငံဆိုင်ရာ တာဝန်ခံဥက္ကဌဖြစ်ကြောင်း အမှန်တိုင်းယှင်းပြလိုက်ရ၏။

မီမြန်းစစ်ဆေးပြီးနောက် တွဲံလောင်းချိုင်ထားရာမှ ပြန်ဖြုတ်လိုက်ကြသည်။ ကျန်တော်အားလက္ဘက်ရည်တခွက်တိုက်ကြပြီး၊ ဆီးကရက်တလိပ်ကို မီးစွဲလို့ပီးလာ၏။ ဆီးကရက်နှင့် လက္ဘက်ရည်ကိုသောက်ရန်ကား ကျန်တော့်လက်ချောင်းများ မစွမ်းသာချေ။ ကျန်တော်ပါးစပါထဲ ဖြဲ၍လောင်းထည့်ကြသည်။ ကျန်တော်ဆီးကရက်ကို ချိပ်သောက်လိုက်သည့်နောက် မျက်လွှာများ မျက်စိများအား တခါးပိတ်ကျလာသည်။ ကိုယ်ခန္ဓာညောင်းညာလာသည်။ တဖြည်းဖြည်း ကျန်တော်အိပ်ချင်လာ၏။ အမှောင်ခန်းထဲမှာ နှစ်ရက်လုံးလုံး အိပ်ပျော်လားပြီးနောက်၊ ကျန်တော်အား နောက်တခန်းသို့ပြောင်း၍ ဆီးထိုး၊ ဆီးပွတ်လုပ်ကြပြီး၊ ကျောက်တော်တရားယုံး၌ နိုင်ငံတော်ပုန်ကန်သူများအား သတင်းပီးအမှုဖြင့် ကျန်တော်အားတရားစွဲဆိုလိုက်ကြ၏။

ကျောက်တော်ထောင်ချုပ်ထဲ၌ (၆) လခန့်ထားပြီးနောက် စစ်တွေထောင်သို့ ထောင်ပြောင်းလိုက်ကြသည်။ ကျောက်တော်စစ်တွေ သင်္ဘောထက်၌ ၀ိုင်ကြည့်ခံရသည်။ မည်သူတဦးတယောက်မျှ ကျန်တော်အား စကားစပ်ပြောချင်ကြဟန်မပေါ်။ သို့သော် ကျန်တော်အနီးအနားဟိသူများထံမှ ဆီးလိပ်တောင်းသောက်ကြည့်သည်။ တချို့ကလည်းမပီးချင်ကြသည့်အပြင် အထင်အမြင်မချင်းသောမျက်နှင့် ကြည့်ကြ၏။ တချို့ကလည်း အိပ်ထဲကဖက်ဆီးလိပ်များထုတ်ပီးကြ၏။ စစ်တွေဆပ်ရကျချေင်း သင်္ဘောဆိပ်၌လည်း လူများကျန်တော်အားဝိုင်းအုံကြည့်နီကြသည်။ ကျန်တော်၏ကိုယ်ခန္ဓာတခုလုံး ဒါဏ်ရာဒါဏ်ချက်၊ အမာရွက်များနှင့် ပြည်ချံနီ၍ မည်သူမှ မှတ်မိပုံမပေါ်။ ရုပ်သွင်ပြောင်းနီသော ဦးကျော်သိန်း၏ လက်နှစ်ဖက်ကို နောက်ပြန်လက်ထိပ်ခတ်ထားသည်ကို ၀ိုင်ကြည့်ကြဟန်ပေါ်၏။ ကျန်တော် မျက်နှာမဖေါ်ဝံ့အောင်ပင် ရှက်နီ၏။
စစ်တွေထောင်တွင်း၌ ကျန်တော်အား ရာဇ၀တ်မှုကြီးသူများ၊ ကြိုးစင်တင်ရန်ထားသော ထောင်သားများနှင့်အတူ တိုက်ပိတ်ထား၏။ ညီငယ်အောင်သိန်းနှင့် အဘောင်သျှင်ရို့အား ဆက်သွယ်ရန် အလွန်ခက်ခဲ့နီချိန် ရမာန်းတပါတ်ယုံးချိန်းကျသောနိ့ တရားယုံးအချုပ်ခန်းထဲ၌ မှတ်မထင်ဘဲ သူငယ်ချင်းတယောက်နှင့် တွိ့ခွင့်ရလိုက်၏။ သူငယ်ချင်းအား စာတိုတစောင်ကို ညီဖြစ်သူအောင်ကျော်သိန်းထံ ရောက်အောင်ပို့ပီးရန် ကုညီတောင်းလိုက်ရ၏။

အခန်း (၄)
“အောင်ကျော်သိန်း၊ အောင်ကျော်သိန်း” အသံတုန်တုန်ဖြင့် အဘောင်သျှင်အော်ခေါ်သံကြားရသော အောင်ကျော်သိန်းသည် ရီဆိုင်းထမ်းကို ဒရွင်းစည်ပိုင်းနား မျှောင်ချထားလိုက်ပြီး လက်နှစ်ဖက်ကိုခါးထောက်လျက် “ဇာလေ… ကျွိ့ကျွိ့ခေါ်နီရေ၊ ရီမပြည့်သိမ့်။ ရီခပ်ရဖို့သိမ့်။ ဇာလုပ်ဖို့လဲ ခေါ်စွာ” စိတ်ဆိုးဆိုးဖြင့်ပြန်မီးလိုက်သည်။ “အဘောင်သျှင်တခုပြောမေ၊ ဒေမာ စာတစောင်ရောက်နီရေ။ ဇာလေချင့် ဖတ်ကြည့်ဇမ်”ပြောယင်း အိမ်ရှိသို့ထွက်လာသော အဘောင်သျှင်လက်မှ အောင်ကျော်သိန်း စာကိုလှမ်ယူဖတ်ကြည့်လိုက်သည်။

သို့
ညီချေ အောင်ကျော်သိန်း

ရက်စွဲ ၆၊ ၀၇၊ ၉၉

အားကိုးကြီးစွာနန့် အကိုကြီးစာရွီးသတင်းပို့လိုက်တေ။ အကိုကြီး ဘင်္ဂလားဒါခ်ျက ညီချေ၊ ညီမချေရို့ကို လိုက်ပို့လို့အပြန်ခရီးမာ နွားကုန်သယ်တိသတင်ပီးရေအတွက်ကြောင့် ကျောက်တော်မြို့ထက်မာ စစ်တပ်နန့်စစ်ထောက်လှမ်းရေးက ဖမ်းဆီးချုပ်နှောင်လိုက်ကတ်တေ။ အေကု စစ်တွေထောင်ကို ရောက်နီရေ။ အကိုကြီးကို တိုက်ပိတ်ထားရေ။ တယောက်နန်လေ့ ဆက်သွယ်မရစွာ (၄) လ လောက်ကြာလားပျာ။ ထောင်ထဲမာ တယောက်တည်းစိတ်ကိုဖြည့်တင်းပြီး နီနီရရေ။ အကိုႀကီးမာ ဒေယာ၊ အက်ႌ၊ ပဆို တခုလည့္မဟိ။ သမာန်တလင်းထက်မာ အ၀တ်မဲ့အိပ်နီရရေ။ စစ်ထောက်လှမ်းရေက နှိပ်စက်လို့ အကိုကြီး ကျန်းမာရေး ကောင်းနီမကောင်းဖြစ်နီရေ။ အထက်က ဖေါ်ပြထားရေ ပစ္စည်းတိကိုယူလာပြီးကေ ထောင်ဝင်စာတခေါက် လာတွိပါဝေ…..ညီချေ…..

မင်းအကိုကြီး
ဦးကျော်သိန်း
စစ်တွေထောင်

“သီ……..သီ…….၊ လေးဆယ်ငါးခါ…သီ။ မင်းမသီကေ…အသူသီဖို့လဲဝေ အကိုကြီး။ မင်းကို ငါအမြှုတ်ထွက်အောင် ပြောလိုက်တေ။ အချေတိကို လိုက်မပို့ခီကဲ့။ မင်းဒုက္ခကို မင်းခံ၊ ငါနန့်တခုလေ့မဆိုင်” ဒေါသကြီးတတ်သော အောင်ကျော်သိန်းသည် အန်ကြိတ်မြည်တွန်လိုက်၏။ “ဇာလေချင် မင်းအကိုကြီး ဇာဖြစ်နီလေ။ အဘောင်သျှင်ကိုချက် ပြောပြပလင်” သိချင်ဇောကြီးဖြင့် မီးလာသော အဘောင်သျှင်အား နောက်တကြိမ် အသံထွက်ဖတ်ပြလိုက်သည်။ “ဘုရား…..ဘုရား….ဒုက္ခငရဲကြီး” မြည်တွန်လျက် သူမ၏ပါးရီလိပ်များကြားသို့ မျက်ရည်စက်များ ဖြတ်စီးဆင်းလားကြ၏။ “ဇာလောက်ဒုက္ခ ရောက်နီလိမ့်မေ မသိမြီးချေ။ ဦးကျော်သိန်းကိုလားတွိကတ်မေနန့် မြီးချေနန့်” အားကိုးမဲ့စွာမီးလာ၏။ “အဘောင်သျှင်လားတွိခီ……ငါမတွိ။ ယင်းသူကို ယင်းလောက်ပြောလိုက်တေ အချေတိကို လိုက်မပို့ခီကဲ့။ သားသမီးကို ဂရုမစိုက်တေမိဖကို ဇာလုပ်ဖို့လိုက်ပို့ဖို့လဲ့။ ငါရို့တိကို ကမြင်းလို့မွီးပစ်ခစွာလာ။ သားမစစ်သမီးစစ် ထွက်ပြီးလားခကတ်တေ။ သားသမီးကိုမစစ်တေမိဖကို သားသမီးကစစ်ရဖို့လား။ ယင်းသူဒုက္ခကို ယင်းသူခံ…ငါနန့်တခုလေ့မဆိုင်။ တွိ့ချင်ကေ အဘောင်သျှင်လားတွိ့ခီ။ ငါမတွိ့” အဘောင်သျှင်ကို ငေါက်အော်ပြာဆိုပြီး အောင်ကျော်သိန်း ရီဆိုင်းထမ်းကိုထမ်းလျက် ရီခပ်ထွက်လားလီ၏။

ထောင်တွင်းထဲ၌ နှစ်တာရှည်ထောင်ဒါဏ်ကျနီသော ထောင်သားတဦး ကျန်တော့်ထောင်တန်းခါးဝရှိမှာရပ်လျက် “ဦးကျော်သိန်း…..မင်းဖနာမေ ဇာခေါ်လေ” မီးလာ၏။ “ဦးသာဇံ….” “အိမ်ကလူလာတွိ့ရေ….ငါနောက်ကို လိုက်ပါလတ် ဝေး” ကျန်တော်လည့် ထောင်ဝင်စာလာတွိ့ရာနီရာသို့ ဥိးဆောင်လားနီသော ထိုထောင်သားနောက်သို့ လိုက်လာ၏။

သံဇာကာပေါက်များကြားမှ အိုမင်းမစွမ်းရောက်နီသော အဘောင်သျှင်၊ ညီချေအောင်ကျော်သိန်းရို့ကို လှမ်းမြင်လိုက်ရ၏။ စိတ်ထဲ၌ ၀မ်းမြောက်အားတက်မိသော်လည့် အဘောင်သျှင်သည် ရုပ်ပျက်နီသော ကျန်တော်အားမြင်လိုက်ရသည့်အခါ ၀မ်းနည်းကြီးကွဲစွာ အော်ငိုလိုက်၏။ မျက်ရည်များသူမ၏ ပါးရီလိပ်ကြားများသို့ ၀င်ပြီးလားကြ၏။ ပါးရီလိပ်များကြားမှ ပြီးထွက်လာကြ၏။ “ဦးကျော်သိန်း….ဥိးကျော်သိန်း” အောင်ခေါ်ပြီး သူမစားသံများရပ်နားလားဟန်ပေါ်၏။ အဘောင်သျှင်အား စိတ်ဓါတ်မကျအောင် အားပီးစကားများပြောပြီး၊ အောင်ကျော်သိန်းအား ရှိနီငှားရန်တိုက်တွန်းလီ၏။ သို့သော် အောင်ကျော်သိန်း၏ ဒေါဿက မီးတောင်ပေါက်ကွဲလာသကဲ့သို့ တဟုန်းဟုန်းစီးထွက်လာ၏။ “အဝေး…..အကိုကြီး မင်းကိုငါ အကြိမ်ကြိမ်ပြောလိုက်တေ။ အချေတိကိုလိုက်မပို့ခီကဲ့။ သားသမီးတရွီကိုပစ်လို့ လင်နောက်ကိုလိုက်ပါလားခရေ မိမိလေ၊ ငါရို့ကိုထက် ဘာဘာကိုရာချစ်တေ..ဝေ…၊ အများလူတကာ ကျောင်းတက်နီရေအချိန်မာ ငါရို့လက္ဘရည်ဆိုင်မာ စပွဲထိုးလုပ်လို့၊ ကားဝက်ချွက်မာ သံချီးခြစ်လို့ ညီချေညီမချေတိ လုပ်ကျွေလို့ကျန်ခရရေ။ ဘာဘာထွက်လားလို့မကျီ၊ နိုညှီမစင်ရေ အချေကိုပစ်လို့…..ငါရို့အမိလေ…လင်နောက်ကိုရာလိုက်လားခရေ။ ဖြတ်ဖြတ်တီလို့ လိုက်လားခရေ။ သားသမီးကိုထက် လင်ကိုချစ်တေဝေး……။ ကမ္ဘာမီးလောင်သားကောင်ကိုရာခုထိုင်ရေဝေး…….။ လင်ကောင်ကိုခုထိုင်ရေလို့မဟိ….မှတ်ထားမင်း။ မိဖ၀တ္တရားမကျီပြွန်ရေ….အေပိုင်မိဖမျိုးကို…ငါအောင်ကျော်သိန်း….ဘာဘာဦးသာဇံ၊ မိမိကြာသိန်းဖြူရို့ကို မိဖအဖြစ်က တသက်ပါတ်လုံး စွန့်လွှတ်လိုက်ပျာဝေး….အကိုကြီး။ တရပ်ကွက်လုံးမာ အောင်ကျော်သိန်းမာ မိဖမဟိလို့ မောင်းခတ်ကြေငြာလိုက်ပျာ။ သားသမီးမစစ်တေမိဖကို မိကောင်းဖခင်လို့ မခေါ်ဝေး………၊ ယင်းပိုင်စွန့်ပစ်ခြင်းခံရရေ သားသမီးကိုလေ့ မိကောင်းဖခင်သားသမီးလို့ မခေါ်ဝေး……..မှတ်ထားမင်း။ ကောင်းကောင်းရှက်ဖိုကောင်းရေဝေ အကိုကြီး။ ငါ့ကိုငါရှက်တေ။ ယေဇူနန့် လူတောသျှင်တောကို ငါမလား။ မိဘမဟိဆိုခါမှ ညီးအကိုမောင်နှစ်မလေ့ ဟိသိမ့်လာ။ ဒေမာ မင်းအတွက် အဘောင်သျှင်မာယူခရေ အ၀တ်အစားနန့် ထမင်းခြောက်တပူး ရဲသားဘက်မာထားခယင့်။ လားပျာယေ။ ကိုယ့်ပြဿနာကို ကိုယ်ဖြေယှင်။” ဒေါဿမုန်းတိုင်းတိုက်ပြီး အောင်ကျော်သိန်း ထောင်ဝင်စာလာတွိ့ရာမှ နောက်ပြန်လှန်ထွက်လားလီ၏။

ဤအဖြစ်အပျက်တခုလုံးသည် မိဘနှစ်ပါးမှာလည့် အပြစ်မဟိသလို ညီချေအောင်ကျော်သိန်းမှာလည်း အပြစ်မဟိဟု ကျန်တော်ကောင်းကောင်း သဘောာပေါက်မိ၏။ သို့သော် အောင်ကျော်သိန်းအား သဘောပေါက်နားလည်လာအောင် ယှင်းပြရန်ကား ပြောပေါက်မရလိုက်ချေ။ မိဘနှစ်ပါးသည် အုပ်ချုပ်သူဗမာစစ်ထောက်လှမ်းရေးနှင့် ၄င်းစစ်အာဏာသျှင်ရို့၏ သားကောင်းဖြစ်လာရသလို သူရို့၏သားသမီးများသည်လည်း နိုင်ထက်စီးနင်းမှု လောင်းရိပ်အောက်မှာ အသစ်အအုံဖျက်စီးခြင်းခံလိုက်သည်မှာ ဖိနှိပ်စိုးမိုးသူရို့၏ စနစ်ဆိုးကြောင်းသာဖြစ်ရ၏။ သားသမီးများသည်လည်း မိဘရို့၏ ရင်ဝယ်အောက်က ခွဲထုတ်ခြင်းခံလိုက်ရသည်။ ထိုအတူ မိဘနှစ်ပါးသည်လည်း ချစ်လှစွာသော သားသမီးများအား မလှမပခွဲခွာကြရ၏။ ဤသည်မှာ အုပ်ချုပ်ခံသူရို့၏ အပြစ်ကားမဟုတ်။ ကျူးကျော်လွှမ်းမိုးထားသူရို့၏ လက်ချက်သာဖြစ်သည်။ စနစ်ဆိုးဝါဒဆိုးသာဖြစ်သည်။ ညီချေအောင်ကျော်သိန်း နားလေနိုင်စွမ်းနည်းပါးမှုမှာ သဘာဝမကျဟု မဆိုနိုင်ပေ။ အသက်အရွယ်နုငယ်၍သာဖြစ်သည်ဟု ခွင့်လွှတ်မိ၏။ ညီချေအောင်ကျော်သိန်း တနိနိတရက်ရက် နားလည်သဘောပေါက်လာလိမ္မည်ဟု မျှော်လင်းလျက် တတွတ်တွတ်ပြောနီသော အဘောင်သျှင်၏ စကားသံများကိုစူးစိုက် နားထောင်လိုက်၏။

အခန်း (၅)

လပေါင်းများစွာကြာလားခပြီးနောက် အမှတ်မထင် အောင်ကျော်သိန်းထံသို့ စာတစောင်ရောက်လာ၏။ အောင်ကျော်သိန်း စိတ်မပါတပါ စာအိပ်ကိုဖွင့်ဖတ်လိုက်၏။

သို့
ညီချေ အောင်ကျော်သိန်း

ညီချေနီကောင်းလိမ့်မေလို့ မျှော်လင်းလျက်၊ ညီချေဘ၀အပြင်ဘက်က တော်စပ်နီရေ နောင်တော်ကြီး ချစ်ခင်စွာနန့် စာရွီးလိုက်တေ။ စိတ်တိုင်မကျကေ အေစာကိုဆုတ်ဖြဲ ၀ဲသတ်ပစ်လို့ရရေ။ မင်းသဘောမကျရေ အကြောင်းအရာတခုကို အကိုကြီးယှင်းပြမေ။ စိတ်ရှည်ရှည်ထားဖတ်ကြည့်။ မင်း ဘာဘာနန့်မိမိရို့ကို အထင်လွဲနီရေစိတ် ကကောင်းကြီးထွား နီရေ။ ယင်းအတွက်နန့် အကိုကြီးစိတ်မကောင်း။ စိတ်မချမ်းသာ။ ဘာဘာနန့်မိမိရို့သိကေ ဇာလောက်ခံစားရကတ်မေ မသိ။ ယူကျုံးမရဖြစ်ကတ်ရဖို့စွာ သေချာရေ။

ကျူးကျော်သူအာဏာသျှင်စနစ်ဆိုက ငါရို့မိသားစုကို အစိတ်စိတ်အမွှာမွှာ ဖြစ်အောင် ဖန်တီလိုက်တေ။ ခွဲခြမ်းလိုက်တေ။ မင်းနားလေအောင် အကိုကြီးယှင်းပြမေ။ ၁၉၈၈ ခုနှစ်မာ ၈၈၈၈ ဒီမိုကရေစီအရေးတော်ပုံကြီး ပေါ်ထွက်လာရေ။ ဒီမိုကရေစီနန့် စစ်မှန်ရေ၊ အမျိုးသားအုပ်ချုပ်ပိုင်ခွင့်ပါဝင်ရေ ဖိုင်ဒရယ်ပြည်ထောင်စု ထူထောင်ဖို့ကြိုးစားလာကတ်တေ။

ဒီမိုကရေစီအရေးခြင်းကြောင့် ၁၉၉၁ ခုမာ ပါတီစုံရွီးကောက်ပွဲကို စစ်အာဏာသျှင်ရို့ စိတ်မအီမသာ လုပ်ပီးရရေ။ အေရွီးကောက်ပွဲမာ ရခိုင့်ဒီမိုကရေစီအဖွဲချုပ်က တတိယအများဆုံး မဲနိုင်ခရေ။ ယင်းရခိုင့်ဒီမိုကရေစီအဖွဲချုပ်မာ ငါရို့ဘာဘာရေ စစ်တွေမြိုနယ်အတွင်းမာ တက်ကြွရေ လူငယ်ပါတီဝင်တဦးဖြစ်လာရေ။ တိုင်ပြည်နန့် လူမျိုးအတွက် ပြည်တွင်းထဲမာကြိုးစာနီယင်း စစ်ထောက်လှမ်းရေးက တက်ကြွရေ လူငယ်ရို့ကို လိုက်ဖမ်းမှုကြေင့် မလွှဲမယှောင်သာ နိုင်ငံခြားကိုထွက်ပြီးလားရရေ။

ဘာဘာနိုင်ငံခြားမာ နိုင်ငံရေးလှုပ်ယှားလို့ ငါရို့မိမိကို ဗမာစစ်ထောက်လှမ်းရေးရို့ စစ်ဆေးရေးစခန်းမာ ဖမ်းယူချေုပ်နှောင်ပြီးကေ စစ်ဆေးခြင်းခံရရေ။ ညှင်းပန်းနှိပ်စက်ခံရရေ။ ယငနောက်မာ တပါတ်တကြိမ် အိမ်မာဟိကြောင့် စစ်ထောက်လှမ်းရေးစခန်းကို လူကိုယ်တိုင် သတင်းလားပီးရရေ။ ညာဥ့်နိမယှောင် အချိန်တိုင်မာ ခေါ်ယူစစ်ဆေးခံရရေ။ မင်းအသိ..ဝေ…ညီချေ။ မင်းကိုယ်တိုင်မျက်မြင်ကိုယ်တွိ့ တယောက်ဟုတ်တေ မဟုတ်လား။ ယင်းပိုင်စစ်ဆေးမီးမြန်းနီချိန်မာ ငါရို့မိခင်ကို ကိုယ်ထိလက်ရောက် သတ်ပုတ်ညှင်းဆည်းခကတ်တေ။ မိခင်နန်အမြဲကပ်ပါတတ်တေ ၀ါဝါခိုင်ကို အမိရင်ခွင်က ယူပြီးကေ “လာ…အဖေနဲ့လာ။ ဖအေတူ သမီးလေး၊ အဖေသမီးလေး…..အဖေဆီကိုလာ” ဖမစစ်ဗမာစစ်သားရို့က အမျိုးမျိုးကဲရဲ့တိုင်ထွာ ကတ်တေ။ ယင်းပိုင် ပစအပုတ်နန့် ယုတ်မာတိုင်ထွာခြင်းခံရရေ။ ကိုယ်ထိလက်ရောက် အနိုင်ကျင်ခံရစွာက ဇာလောက်များလိမ့်မေ မသိ။ စိတ်ပိုင်ဆိုင်ရာ ဖိနှိပ်မှုခံရရေ။ ငါရို့ဖခင်ကို ပြန်ခေါ်မပီးနိုင်ကေ နှစ်ရှည်ထောင်ချဖိုထိ ခြိမ်းခြောက်လာလို့ မခံမရပ်နိုင်ဖြစ်ပြီးကေ နိုညှီမစင်ရေ ၀ါဝါခိုင်ကို ပစ်ပနာ ဘာဘဟိရေဘင်္ဂလားဒါခ်ျကို တိတ်တိတ်ချေ ခိုးထွက်လားရစွာဖြစ်တေ။

အဝေ…ညီချေ၊ အကယ်၍ မင်ရာခွဲစိတ်ကုဿရေ ဆရာဝန်တယောက်ဆိုကေ ငါရို့မိခင်ရင်ထဲမာ ကြိတ်မှိတ်ခံစားနီရရေ-ချင်းပြလိုနားမလည်နိုင်ရေခံစားချက်တိ၊ ဖြီဖျက်လိုမရနိုင်ရေ ဝေဒနာ၊ ကုဿလို့ မပျောက်ကင်းနိုင်ရေ ဒါဏ်ရာဒါဏ်ချက်တိ၊ ဖြေဖျက်လိုမရနိုင်ရေ အမာရွက်အကျိတ်အခဲတိကို- ခွဲစိတ်ကြည့်ကေ ကောင်းကောင်းတွိ့ရလိမ့်မေ။ အေပိုင်ခံစားချက်မျိုးကို မျှယူခံစားကြည့်စွာကလွဲလို့ တခြားနည်းနန့် မတွိ့မမြင်နိုင်၊ ကုဿဖို့ မစွမ်းဆောင်နိုင်။ ရဲမယ်၊ စစ်မယ်မဟိရေ ရခိုင်ပြည်ထဲက ဗမယစစ်ထောက်လှမ်းရေး ယောက်ျားတိကြားထဲမာ အမျိုးသမီး (ငါရို့မိမိ) တယောက်တည်း ညာဉ်ံမယှောင် စစ်ဆေးမီးမြန်းခံရမှု၊ ဆဲရဲတိုင်းထွာခြင်းခံရမှုတိရေည အမျိုးသမီးတယောက် လုံခြုံမှုအခွင့်အရေးကို ဇာလောက်ထိခိုက်၊ ချိုးဖောက်ခံနီခရရေဆိုစွာ မင်သိယင့်လား။ နားလည်ယင့်လား….ညီချေ။ အဲ…ဝေ…ယင်းပိုင်အလားတူ အဖြစ်အပျက်တိ ရခိုင်ပြည်တွင်းထဲမာ အများကြီး။ လူမသိဘဲ ဖုံးကွယ်ခံထားရရေ အဖြစ်အပျက်တိလေ့ အမြောက်အများ။ စီးပွားရေး လုပ်ချင်လို့ သမီးအပျိုစင်ကို ဗမာစစ်သား၊ ထောက်လှမ်းနန့် ပီးစပ်လိုက်ရရေ သာဓကတိ စစ်တွေမြို့မာထဲ တပုံကြီး။ ပေါ်တာဆွဲမခံချင်လို့ သမီးကညာကို စစ်သားနန့် ချပီးလိုက်ရရေ ဥပမာတိ ကျောက်တော်မြို့နယ်၊ ပလက်ဝမြို့နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်၊ မြောက်ဦးမြိုနယ်၊ ရသေ့တောင်၊ ဘူးသီးတောင်၊ မောင်တောမြို့နယ်တိမာ တပုံပုံလို့။ နယ်စပ်ရွာချေတိမာ စစ်တပ်က၀င်လာကေ သားလင်ကို ကင်းစောင့်ခိုင်ပြီးကေ သားသမီး၊ သားမယားရို့ စစ်သားအလိုကျ အပျော်တော်အဖြစ် ဆက်ဿရရေ။ ရခိုင်ပြည်အနှံ လားစုံစမ်းကြည့်ကေ မင်းကောင်းကောင်းသိနားလည်လိမ့်မေ။ သဘောပေါက်လိမ့်မေ။

သူရို့သွီးသားထဲက မွီးထုတ်လိုက်တေ သားသမီးကိုမချစ်၊ မသနား၊ မစာနာ၊ မကြင်နာဆိုစွာ အောလောလူဘုံမာ မဟိဝေ ညီချေ။ မင်းကြားဖူးဖို့ ဘုရားဆုပန်ရေ ဝေသန္တရာမင်းကြီး သူရင်ဝယ်သားသမီး ဂနာနန့်ဇာလီကို ဒူဇက္ကာပုဏ္ဏားနှိပ်စက်စွာကို မမြင်နိုင်လို့ သံလျှက်ကိုဆွဲမိလို့ ဘုရားအဖြစ်ကို တဘ၀နောက်ကျလားရလီရေ။ ယင်းချင့်ရေ သားသမီးရို့အပေါ်ထားရေ မိဘရို့မောတ္တာဖြစ်တေ။ အမျိုးသမီးဂုဏ်သိက္ခာ၊ လုံခြုံကိုထိပါးနစ်နာခြင်းခံလိုက်ရရေ ငါရို့မိခင် သားသမီးမစစ်ဘဲ တိုင်းတပါးကို ထွက်ပြီးလားရခြင်းရေ ညီချေအောင်ကျော်သိန်းကို မချစ်လို့ကားမဟုတ်။ အစ်ကိုကြီးရို့၊ ညီချေ၊ ညီမချေရို့ကို မချစ်၊ မကြင်နာ၊ မသနားလို့ကား မဟုတ်ဝေ ညီချေ။ ဗမာစစ်အာဏာသျှင်ရို့ စနစ်က မိဘနှစ်ပါးနန့် (ငါရို့) သားသမီးရို့ကို ခွဲခြားထားလိုက်စွာရာဖြစ်တေ။ အေပိုင် စနစ်ဆိုးတိကို ဖယ်ယှားပစ်ဖို့ မိမိရေ ဘာဘာနိုင်ငံရေးသမားနန့် ပူးပေါင်းလားစွာရေ ကောင်းကောင်းဂုဏ်ယူဖို့ကောင်းရေ။ အလွန်မြင့်မြတ်တေ လုပ်ငန်းဖြစ်တေ။ အနန္ဒကုသိုလ်လေ့ မြောက်တေ။ အေပိုင်စိတ်ဓါတ်မျိုးကို လူတိုင်မစွမ်းနိုင်။ လူတိုင်းလူတိုင်းမာ မျိုးချစ်ဟိကတ်ကေလေ့ တိုင်းချစ်ပြည်ချစ်၊ မျိုးချစ်ကောင်းတယောက် ဖြစ်လာဖို့မလွယ်ကူ။ မျိုးချစ်ရို့မည်သည်မာ အလုံးစုံကိုယ်ကျိုးစွန့်ပြီးကေ တိုင်ပြည်နန့်လူမျိုးအတွက် အကျိုးဆောင်ကတ်တေ။ အေပိုင်လူသားထဲမာ ငါရို့မိဘ-ဘာဘာနန့်မိမိရို့လေ့ ပါဝင်လိမ့်မေ။ ညီချေ…မိမိနန့်ဘာဘာရို့ တိုင်းပြည်နန့်လူမျိုးအတွက် တစွမ်းတစ အကျိုးဆောင်မှုကို ဂုဏ်ယူလိုက်ပါ။

ဟုတ်တေ ညီချေပြောစွာမှန်ရေ။ ဘာဘာအိမ်က ထွက်င်္ပြီးလားခရရေနောက်ပိုင်မာ ငါရို့ညီအစ်ကိုယ် မောင်နှစ်မတတော ကျောင်းထွက်လိုက်ရရေ။ ချစ်ခင်ရင်းနှီးရေ ကျောင်းသူငယ်ချင်းရို့ကို ကြောခိုင်ပြီးကေ လက္ဘရည်ဆိုင်၊ ကားဝက်ချွက်မာ ၀မ်းရေးအတွက် ရုံးကန်ရရေ။ ငါရို့ပညာရေး အချိန်မတန်ဘဲ ကြွီကျပျက်စီးလားရရေ။ ဘာဘာရာ ရခိုင်ပြည်ထဲမာ ဟိနီခကေ ထောင်နန်းစံလို့ရာ ဟိနီလီဖို့စွာ သေချာရေ။ ရုပ်ပိုင်ဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ ဝေဒနာတိကို ထောင်နန်းစံလို့ ခံစားနီရဖို့အစား မိသားစုအတွက် စိတ်ပိုင်းဆိုင်ရာခံစားပျာ နိုင်ငံခြားမာခိုလှုံပြီးကေ တိုင်ပြည်နန့်လူမျိုးအတွက် တစွမ်းတစကြိုးစားအားထုတ်နီရစွာက ပိုလို့အကျိုးဟိရေ။ ဘာဘာကို ပိုလို့အသက်ရှည်စီရေ။ တိုင်းတပါးကို ထွက်မရောက်နိုင်ဘဲ ထောင်နန်းစံနီကတ်တေ။ ရာပေါင်းများစွာ ရခိုင်တိုင်ချစ်ပြည်ချစ်တိ ရခိုင်ပြည်ထောင်ထဲမာ ဝေဒနာခံစားနီရကတ်တေ။ တချို့ကကိုယ်အင်္ဂါပျက်စီးလားအောင်ထိ သတ်ပုတ်ခံရကတ်တေ။ တချို့က ထောင်ထဲမာ သက်စွန့်လားကတ်ရရေ။ ဇာမဟုတ်တေ ညီချေ၊ ညီမချေရို့ကို လိုက်ပို့ခီလို့ အကိုကြီးထောင်ကျခံနီရရေအပြင် သွားကျိုးအောင်၊ ရုပ်ပျက်အောင်နှိပ်စက်ခံရစွာကိုကြည့်။ အကိုကြီးမာ အမှားတခုလေ့မဟိ။ သာမာန်အရပ်သားတယောက်ရာဖြစ်တေ။ ယေကေလေ့သွင့် ကျူးကျော်အုပ်ချုပ်နီသူ ဗမာစစ်အာဏာသျှင်ရို့ အကိုကြီးကို နိုင်ငံတော်ပုန်ကန်မှုနန့် စွဲချက်တင်ပြီးကေ ထောင်ထဲထည့်ထားစွာရေ တရားဓမ္မကျယင့်လား။ ဓမ္မဓိဌံကျယင့်လား။ မတရားသတ်သတ် အနိုင်ကျင့်နီစွာ မဟုတ်လား။ မင်း သေသေချာချာစိမ်းစားကြည့်ကေ သဘောပေါက်နားလည်လိမ့်မေ။ ဒေလောက်ဆိုကေ မိဖနှစ်ပါးရို့ကိုထားရေ မင်းအဃတ တဖြည်းဖြည်းပျောက်ကွယ်လားလိမ့်မေ။ မိဘနှစ်ပါးရို့အား သဘောပေါက်နားလည်လာလိမ့်မေလို့ မျှော်လင်းယင်း မိဘရို့မကုန်မခန်းနိုင်ရေ အနန္ဒမေတ္တာ အချစ်သမုဒ္ဒရာကို ခူးခပ်သောက်သုံးနိုင်ပါစီ။

မင်း…..အကိုကြီး
ဦးကျော်သိန်း
စစ်တွေထောင်


အောင်ကျော်သိန်း သူအကိုယ်ကြီးစာကိုဖတ်ပြီး နဖူးပြင်လက်တင်လျက် အိပ်ရာထက်၌ လဲလျောင်လိုက်၏။ မည်သည့်ပြောဆိုဝေဖန်မှုတခုမှ ထွက်မလာဘဲ တိတ်ဆိတ်ငြိမ်သက်စွာ အတွေးနယ်ချဲနီဟန်ပေါ်၏။
“အဝေ…..အောင်ကျော်သိန်း..ဇာစိုင်းစားနီလေမင်း။ အစိုင်းစားကြီးကေ ရူးရာရူးလားလိမ့်မေ။ အိပ်ဖိ။” အတူအိပ်နီရေ သူငယ်ချင်း စောစောအိပ်ရန် အားတိုက်လိုက်၏။
“အိပ်လို့မရဝေ” အောင်ကျော်သိန်း သက်ပြင်းချလိုက်သည်။
“ဇာလေ မင်းအကိုအကြာင်းကို စိုင်စားနီလာ”
“အုံ အကိုကြီးနန့်၊ ညီချေ၊ ညီမချေရို့ကိုပါ၊ မိမိနန့်ဘာဘာကိုပါ အတွက်ပေါ်ထော”
“လောလောစိုင် မင်းအကိုကြီး ထောင်ကလွတ်ဖို့ အရေးကြီးရေ။ ရှိနီတယောက်ယောက်ကို အကူညီတောင်းကြည့်ပလင်။ စေတနာနန့် အကျိုးဆောင်ရှိနီကြီးလှဖေါ်သူကို အကူညီတောင်ကြည့် ရနိုင်ရေ။”
“မင်းပြောစွာ ကောင်းရေ။ နက်ဖန်ခါ ရှိနီလှဖေါ်သူနန့် လားတွိကတ်မေ။ မင်းပါလိုက်ပလင်” အောင်ကျော်သိန်း အားရပါးပြောလာ၏။
“အိုကယ် ငါလေ့လိုက်မေ။ ကောင်းကောင်း စိတ်ချလက်ချ အိပ်ပလိုက်” ပြောပြီး အောင်ကျော်သိန်းသူငယ်ချင်း အိပ်ပျော်လားခ၏။ သို့သော် အောင်ကျော်သိန်းတယောက် မျက်စိကြက်တက်နန့် တညာဥ့်လုံး အိပ်မပျော်။

“အဝေး….အောင်ကျော်သိန်း ထ..ထ။ မိုးလင်းနီပျာ..ထ….ထ…ထ..ထ။ ရှိနီဘက်ကိုလားကတ်ဖို့။ အယင်…ထ။” နှိုးသံကြောင်း အောင်ကျော်သိန်း အိပ်ရာမှပြီး မျက်နှာသစ်ရန် အိမ်ရှိသို့ ဆင်းလာ၏။ စည်ပိုင်း၌ ရီမဟိသောကြောင့် အောင်ကျော်သိန်း ရီဆိုင်ထမ်းကိုကိုင်ပျာ ရီးခပ်ထွက်လား၏။ တနားလောက်ကြာသောအခါ ရီစည်ပိုင်းနားလျက် အောင်ကျော်သိန်း သာခြင်းဆိုသံကိုကြားလိုက်ရသည်။

တရပ်တနယ်……တတိုင်တပြည်ရောက်…….အောက်မိရရေ……..မွီးမိခင်သို့လေ….. သားလှအချစ်ချေ………အဖေါ်သင်းကွဲ……...အသစ်နယ်ပယ်ထဲက…….. မိခင်အပြန်လမ်း……. မှန်ဆပျာတမ်းတ……လွမ်းလို့မျှော်ရရေ…………

ကံကြမ္မာ……..ဖန်လာရေစနစ်ဆိုး………..ဗိုလ်ကျစိုးမိုး………အုပ်စိုးသူရို့လေ………. ခြံတွင်းကျူးကျော်………ကျီးဖြူရွာကိုဖျက်ဆီး………..အမျိုးပြုန်အောင်ဖန်တီးလီကတ်တေ….. ကြွင်းကျန်ရေရခိုင်သား……… တောချောင်တောင်ကြား………သားချေသမီးချေရို့ကို…… ပစ်ခွာပျာထွက်ပြီး…………ရပ်ဝီးမြီခြားကိုလေ……………

အခိုက်ကြုံကေ………..ဆုံရေလီညှင်း………….ခွန်းရှည်သတင်းပါး…………… မလိမ္မာအထင်လွဲမှား………ပြောမှားဆိုမှား………..ခွင့်လွှတ်စကား…….မှာကြားလိုက်မေ….. မွီးမိအမင်…နို့ရည်သျှင်သို့လေ……………………

အောင်ကျော်သိန်းအဘောင်သျှင်နန့် သူ၏သူငယ်ချင်း ပြက်ဦးခန်းမှ ချောင်းနားထောင်နီကြသည်။ ဒေါသကြီးတတ်သော၊ တစွပ်ထိုးဂေါင်းမာတတ်သော အောင်ကျော်သိန်း၌ မျက်ရည်ဟူသည် သူအတွက်မဟုတ်သော်လည်း သူ၏ပါးပြင်များသို့ စီးကျလာသော မျက်ရည်များကိုသုတ်လျက် အထစ်အငော့မဟိ ထွက်ကျလာသော သူ၏ခံစားချက် တေးသာခြင်းကို ဆက်ဆိုနီ၏။
“အို…အောင်ကျော်သိန်း….အောင်ကျော်သိန်း………နားလည်သဘောပေါက်တတ်ပျာ။ မင်းမိဘ၊ ညီးအကိုမောင်နှစ်မတိနန့် ပြန်ဆုံနိုင်ကတ်ပါစီ……..မြီးချေ။ အဘောင်သျှင် ဆုတောင်းပီးရေ…ဝေ။” အဘောင်သျှင် ပြက်ဦးခန်းမှ ခိုးနားထောင်နီယင်း ၀မ်းနည်းကြွီကွဲနီသော အောင်ကျော်သိန်းအား မိသားစုများနှင့် ပြန်ဆုံနိုင်စီကြောင်း မောတ္တာပဿိပို့နီ၏။။

ခိုင်မြသိန်း (ချောင်းသာကြီး)
Dum Dum Central Jail, Kolkatta, India
15 September 2006

Monday, September 7, 2009

ရလာဒ်

အမှောင်ကိုယှင်း
ရောင်ခြည်ကိုထွန်းလင်း
အသျှနီဝင်း
ကြောက်ခြင်း၊ လာန့်ခြင်း
နမြောခြင်း၊ နောင်တရခြင်းမဟိ
စွန့်လွှတ်ခြင်းမျိုးစုံနန့်လမ်းပြ
တိုင်းပြည်လွတ်လပ်ရေးရခါမှ
မြန်မာလူမျိုးဒိန်က
တပ်ပီးလိုက်တေ နာမ၀ိ့သေဿန
ရဟန်စင်စစ်က လူဖြစ်ရ
”.....ဦးဥတ္တမ....“ လတ်။

ခိုင်မြသိန်း (ချောင်းသာကြီး)
၀၇၊ ၀၉၊ ၂၀၀၉
Glada Hudik, Sweden

ဘုန်းကြီးကို ဦးတပ်၊ လူကို...အသျှင်....လို့ ခေါ်ကတ် ရွှီရခိုင် နလပိန်းတိ။

Thursday, September 3, 2009

ရခိုင့်စာပီရှင်သန်ထမြောက်ရေး

ရခိုင်စာသည်..............ငါရို့စာ
ရခိုင်စကားသည်.........ငါရို့စကား
ရခိုင်ယိုင်ကျေးမှုသည်........ငါရို့ယိုင်ကျေးမှု
ရခိုင်သမိုင်းသည်..............ငါရို့သမိုင်း
ရခိုင်လူမျိုးသည်................ငါရို့လူမျိုး
ရခိုင်ပြည်သည်.................ငါရို့ပြည်

ရခိုင်စာကို..................လေးစားပါ
ရခိုင်စကားကို...............အမြတ်တနိုးပြောပါ
ရခိုင်ယိုင်ကျေးမှုကို...........တန်ဘိုးထားပါ
ရခိုင်သမိုင်းကို................ချစ်ခင်နက်ချိုင်းစွာလေ့လာပါ
ရခိုင်လူမျိုးကို..................ချစ်မြတ်နိုးပါ
ရခိုင်ပြည်ကို..................အသက်လှဲလို့ကာကွယ်ပါ၊ စောင့်လျှောက်ပါ။

ကြွေးကြော်သံ။ ။.(ရခိုင့်စာပီ ရှင်သန်ထမြောက်ရေး.............ငါရို့အရေး........ငါရို့အရေး။) ၃ ခေါက်အော်ပါ။

ခိုင်မြသိန်း
ကျန်းမာချမ်းသာကြပါစီ

Wednesday, September 2, 2009

တလုပ်စာတွက်

အားတန်ကေလည်း မာန်ကိုလျှော့
ငါ့....အံစွယ်တိ လဲကျလားခယာ။

နန်းကျဘုရင်
ရာဇပန္လင်အောက်
အခေါက်ခေါက်အခါခါ ဒူးထောက်
ငါ.....blueberry သီး ကောက်နီရပျာ။

အို....ခွန်အားဖြစ်စီရေ
ထမင်းတလုပ်စာအတွက်
နီထွက်မှနီဝင်ထိ
အေတောင်ကုန်းမှ ထိုတောင်ကုန်းထိ။

ခိုင်မြသိန်း (ချောင်းသာကြီး)
၀၂၊ ၀၉၊ ၂၀၀၉
Glada Hudik (Sweden)

Friday, August 7, 2009

ခေါတ်ပျက်

ရွာအိုနန့် ဇရပ်ပြို
စေတီပျက်နန့် ကျောင်းရှာပြို
နတ်ပင်အိုနန့် ကန်ဘောင်ပျက်
မသူတော်ရို့လက်ချက်
သူတော်ကောင်းရို့ရွာပြင်ထွက်

ခိုင်မြသိန်း (ချောင်းသာကြီး)
၀၇၊ ၀၈၊ ၀၉
Glada Hudik (Sweden)

Friday, July 24, 2009

အောင်မြင်မှုချှို့ဝှက်ချက်…“အသင်းအဖွဲ့စိတ်ဓါတ်”

အောင်မြင်မှုသည် အတွင်း၊ အပြင်နှစ်စလုံးဖြစ်နိုင်၏။ အပြင်ဘက်-၄င်းသည် ကောင်းမွန်သော အလုပ်တခု (၀ါ) အောင်မြင်မှုအပ်ါအောက်ခြီခံ၍ လူအဖွဲ့အစည်းမှ အသိအမှတ်ပြုခြင်းသည် အပြင်ဘက်၏တိုင်တာခြင်းပင်ဖြစ်၏။ အတွင်း-၄င်းသည်လည်း လိုအင်ဆန္ဒတခု ပြီးပြည့် စုံသည့်အခါ (၀ါ) အလုပ်တာဝန်တခု ပြီးစီးအောင်မြင်လားသည့်အခါ ထိုအောင်မြင်မှုအား အပြည့်အ၀ကျေနပ်နှစ်သိမ်းခြင်း၊ အားရ၀မ်းမြောက်ခြင်း၊ ကြည်နုခြင်းများ၏ စိတ်ခံစားချက် ပင်ဖြစ်သည်။ ဇာပိုင်စွာကို အောင်မြင်မှု၏မှန်ကန်သော အတိုင်းအတာဖြစ်သည်ဟု ပြောရမည်နည်း--အပြင်ဘက်၏ Accolades ကို ပြောရမည်လား သို့မဟုတ် အတွင်းစိတ်၏ ၀မ်းမြောက်ဝမ်းသာဖြစ်ခြင်းနှင့် ငြိမ်းချမ်းခြင်းကိုပြောရမည်လား။

အောင်မြင်မှုကို ကျန်တော်ရို့ကိုယ်တိုင်၌ဟိသော သက်တောင့်သက်သာဟိသည့် အနိမ့်အမြင့် ဒီဂရီနန့်လည်း တိုင်းတာ၍ရနိုင်ပါသည်။ ကျန်တော်ရို့သည် ကျန်တော်ရို့၏ ပင်ကိုယ်မူလ သဘာဝနှင့်ကိုက်ညီသော လားလာလှုပ်ယှားနီထိုင်ကြသည့်အခါ ဤအနိမ့်အမြင့်ဒီဂရီ အတိုင်အတာ ဖြစ်လာတတ်ကြသည်။ ပေါ်လာတတ်ကြသည်။ အကယ်၍ ကျန်တော်ရို့၏ လိုအင်ဆန္ဒစိတ်တိုင်းမကျ (၀ါ) လက်ခံအတည်ပြုထားသည့်နည်းလမ်းသည် သဘာဝနှင့် မကိုက်ညီဟု ကိုယ်တိုင်သိမြင်လာသည့်အခါ တခုခုလိုအပ်နီဆဲ၊ လို၍ ဟာ၍နီဆဲပင်ဖြစ်သည်။

ခေါတ်သစ်စီမံခန့်ခွဲမှုနည်းပညာက ကျေနပ်နှစ်သိမ်းနိုင်သော အလုပ်သမားကောင်းတဦးသည် လှုံ့ဆော်တိုက်တွန်းမှု အားနည်းနိုင်သည်ဟု ညွှန်းပြကြသည်။ ထို့ကြောင်းကုမ္ပဏီ (၀ါ) အဖွဲ့အစည်းအား အကျိုးမပြုနိုင်ပါ။ ပြောရဖို့ဆိုပါကေ မတင့်တိမ်မရောင့်ရဲဖြစ်ခြင်း တခုတည်းနန့် အတင်အဓမ္မလှုံ့ဆော်စီခြင်းသည် အနှုတ်လက္ခဏာဆင်သော ချဉ်းကပ်းမှု တခုသာဖြစ်သည်။
သို့သော် လူအများကအပြုသဘောဆင်သော သေသေချာချာ ကျေနပ်မှုရဟိလာကြသောအခါ သူရို့သည် သူရို့၏ပျော်ရွှင်ခြင်း၊ ၀မ်းမြောက်ခြင်းခံစာချက်များကို တခြားသူများနှင့် မျှဝီလာချင်ကြသည်။ တခြားသူများကိုလည်း ရောင့်ရဲတင့်တိမ်စီချင်ကြပြီး၊ တခြားသူများအတွက် လူမှုရေးလုပ်ငန်းများ စတင်လုပ်ဆောင်လာကြသည်။ သူရို့၏ တိုက်တွန်းလှုံ့ဆော်မှု အဆင့်အတန်းများသည်လည်း အများသူတကာထက် မြင့်မားလာကြပြီး၊ ပို၍ပို၍ ကောင်းမွန်လာကြသည်။ သူရို့သည် အလုပ်ခွင်ထဲ၌ နစ်ပျော်လာကြပြီး၊ ပို၍စိတ်ဝင်စားလာလျက် နိုင်နင်းစွာလုပ်နိုင်လာကြသည်။ ဤသည်မှာ မဟတ္တမဂန္ဒီ၏ စိတ်ပိုင်းဆိုင်ရာ ဖေါ်ပြချက်တခုဖြစ်သည်။

အောင်မြင်မှုအတွင်း၌ ကျန်တော်ရို့၏ ဘ၀ပုံပန်းသဏ္ဍာန် အားလုံးပါဝင်နိုင်သည်။ အကျုံးဝင်နိုင်သည်။ တချို့သော ပညာသည်အလုပ်သမားများ သူရို့၏လုပ်ငန်းခွင် အသီးသီး၌ ချီးကျူးခြင်းခံရနိုင်ကြောင်း ခံရနိုင်ကြပါလိမ့်မည်။ ဂေါင်းဆောင်များသည်လည်း သူရို့၏ နယ်ပယ်ဒေသ အသီးသီးများထဲ၌ ကောင်းချီးသြဘာပြုခြင်းခံရကောင်း ခံရကြပါလိမ့်မည်။ သို့သော် မိသားစုမျက်နှာစာ၌ကား လုံးလုံးလျားလျား ပျက်ကွက်သူများဖြစ်ကောင်းဖြစ်နိုင် ကြသည်။ တချို့တချို့သောပုဂ္ဂိုလ်များ မိသားစုများအတွက် အလွန်ကောင်းသော အိမ်ထောင်ဦးစီးများ ဖြစ်ကောင်းဖြစ်နိုင်ကြသော်လည်း လူအဖွဲ့အစည်းအတွက်ကား ကိုယ်တိုင်ပါဝင်ဦးစီးဦးဆောင်ရန်ကား မတတ်စွမ်းနိုင်ကြပါ။ ဘုရားတရားအလှူလုပ်ငန်းခွင် များ၌ ဿဒါအလျှောက် လွတ်လပ်စွာပူးပေါင်းပါဝင်သကဲ့သို့ ကျန်တော်ရို့သည် လူ့အဖွဲ့အစည်းများအကျိုးအတွက် ပါဝင်ဆောင်ရွက်ကြရာ၌ လုံးဝလွတ်လပ်သူများ ဖြစ်သင့်သည်။ သင်သည် သရက်ခင်းဥယိုင်ထဲ၌ သရက်ပင်တပင်ဖြစ်မြောက်ရေးအတွက် မျိုးစိ့ချရာ၌ တာဝန်ယူကြည့်ပါ။ ၄င်းသရက်ပင် ကြီးပြင်းလာသည့်အခါ သင်အား၊ သင့်အသိုင်းအ၀ိုင်းနှင့် တခြားသောလူသားများအား ချိုမြသောသရက်သီးများမှ ရောင်ပြန် ဟပ်ပါလိမ့်မည်-ဟုဆိုပါလျင်-သရက်သီးအစိ့သည် ဇာလုပ်ငန်းတာဝန်ကို ဆောင်ရွက် ခပါသနည်း။ အမြင်သဘောအားဖြင့် မည်သည့်ခက်ခဲ့မှုကိုမှ ဖေါ်ဆောင်ခပုံ မပေါ်သော်လည်း သရက်သီးအစိ့မှ တဖန်သရက်သီးအဖြစ်၏ အမှန်တရားကား ဆက်လက်ကျန်ဟိနီ ဆဲပင်ဖြစ်သည်။ ဤသည်မှာ သဘာဝတရားပင်ဖြစ်သည်။

ပဇာကြောင်း ကျန်တော်ရို့လူသားများ “အောင်မြင်မှု” ကို ရဟိလိုကြပါသနည်း-ဟုဆိုလျှင် အောင်မြင်မှုသည် ကျော်ဇောကိတ္တဂုဏ်နှင့် ပြည့်စုံစီ၏။ အောင်မြင်မှုအထွတ်အထိပ်၌ ရောက်ဟိနီစီတတ်၏။ ကျေနပ်နှစ်သိမ်းမှုနှင့်ပြည့်စုံစီခြင်း၊ ပျော်ရွှင်ခြင်းနှင့်ပြည့်စုံစီခြင်း၊ လိုအင်ဆန္ဒပြည့်စုံစီခြင်း၊ လောဘတရားအတိုင်း ပြည့်စုံသည့်အဖြစ်များနှင့် အဖေါ်ပြုတတ်ရ၏။ အောင်မြင်မှုသည် ကျန်တော်ရို့ကိုယ်တိုင် လက်တွိ့ခံစား၊ စံစားရသည့် ထူးခြားသော လက္ခဏာတရပ် ဖြစ်သည်။ ၄င်းကိုပင် “အလုံးစုံပြည့်စုံသော တန်ခိုးအာဏာကြီးမားခြင်းဖြစ်၏” ဟု ဆို၏။ ကျန်တော်ရို့သည် အောင်မြင်လိုသော ပြင်ပြမှုစိတ်ဆန္ဒဟိသောကြောင့် ထိုအောင်မြင်မှု ကြီးကြီးမားမား ဆွတ်ခူးနိုင်ကြသည်။ ကြီးကျယ်ခန့်နားလိုကြသည့် အကြောင်းအရင်းမှာ ကျန်တော်ရို့လူသားများ၌ တွီးခေါ်နိုင်သောဥာဏ်စွမ်းရည်များ ဟိ၍ပင်ဖြစ်သည်။ ထို့ကြောင်း ကျန်တော်ရို့သည် အရာရာတိုင်းကို အနိုင်ရလိုကြသည်။ အရာရာတိုင်းကို ပြည့်စုံလိုကြသည်။

အကယ်၍ ကျန်တော်ရို့သည် အောင်မြင်မှုအဓိပ္ပါယ်အလုံးစုံကို နားလည်ကြပါလျင် ကျန်တော်ရို့၏အောင်မြင်မှုသည် တစုံတယောက်ယောက်၏ ယျှုံးနိမ့်ခြင်း၌မှီခိုအားထားခြင်း မပြုသင့် (သို့မဟုတ်) ပုဂ္ဂိုလ်တဦးဦးအားဖြုတ်ချ၍ အနိုင်ရယူခြင်းလည်း မဖြစ်စီသင့်။ ကျန်တော်ရို့၏ပျော်ရွှင်ခြင်း၊ ၀မ်းမြောက်ခြင်းသည် အခြားပုဂ္ဂိုလ်များ၏ ၀မ်းနည်းကြွိကွဲခြင်း၊ ပူဆွဲသောကများအပေါ် အားရမှီခိုအနိုင်ယူခြင်းလည်း မဖြစ်စီရပေ။ တခြားသူများ၏ ဒုက္ခဝေဒနာခံစာရခြင်းကိုလည်း ကရုဏာသက်တတ်ရမည်။ စာနာထောက်ထားတတ်ရမည်။ ထို့အတူ သူရို့၏အမှန်စင်စစ်ပျော်ရွှင်မှု၊ ၀မ်းမြောက်ကြည်နုမှုကိုလည်း အတွိ့အကြုံအဖြစ် သင်ခန်းစာယူတတ်ကြရမည်။

လင်္ကာဒီပကျွန်း (လက်ဟိသီရိလင်္ကာနိုင်ငံ) မှ အောင်ပွဲ့နှင့်အတူ ပြန်ရောက်လာသော ရာမအား “လင်္ကာဒီပစစ်ပွဲ့အား မည်ကဲ့သို့အောင်မြင်ခပါသနည်း” ဟု မီးလာကြသည့်အခါ သူအားစစ်ပွဲ့အတွင်း ကူညီဆောင်ရွက်ပီးကြသည့် မဟာ..ဟာနုမာန်မျောက်တပ်မဟာကြီး အပါအ၀င်၊ အခြားစစ်သည်တော်ကြီးများ၊ စစ်သူကြီးများအား တဦးမကျန်ဂုဏ်ပြုချီးကျူး ဖြေဆို၏။ စင်စစ်မှန်ကန်သော အောင်မြင်မှုသည် တခြားပုဂ္ဂိုလ်များအားလည်း ပျော်ရွှင်ကြည်နုစီ၏။ အသင်းအဖွဲ့တခုလုံး ဂုဏ်ပြုချီးကျူးရာ၌လည်း တေးကဗျာတပုဒ်ကဲ့သို့ ကြည်နုဝမ်းမြောက်စီ၏။ စစ်မှန်သောဂေါင်းဆောင်တဦး (၀ါ) အစေခံဝန်ထမ်းဂေါင်းဆောင် တဦးသည် တဦးတယောက်တည်း အောင်မြင်မှုရယူခြင်း မဟုတ်စီဘဲ အသင်းအဖွဲ့စည်းတခုလုံးကို အောင်မြင်မှုနှင့်အတူ သူရို့၏ (အသင်းဝင်၊ အဖွဲ့ဝင်) ဂုဏ်အချိန်အ၀ါကို လက်တွဲမြှင့်တင်ယူဆောင်လားကြသည်။ မယ်သီတာဟိသောနီရာကို တိတိကျကျ သတင်းရယူပြီးနောက် လင်္ကာဒီပကျွန်းမှ မဟာ..ဟာနုမာန်မျောက် ပြန်ရောက်လာသည့်အခါ မယ်သီတာဟိသောနီရာသတင်းကို ရာမထံသို့တိုက်ရိုက်မဆက်သ ဘဲ၊ ဟာနုမာန်သည် တခြားပူးပေါင်းပါဝင်ကြသည့် မျောက်စစ်သည်တော်များအားစုရုံးပြီး ထိုမျောက်စစ်သည်တော်များအား မယ်သီတာဟိသည့် နီရာသတင်း ပြည့်ပြည့်စုံစုံ အောင်မြင်စွာရယူခြင်း သံတမာန်အဖွဲ့၌ အားလုံးပါဝင်ဆောင်ရွက်နိုင်မှုကြောင့် ဤသတင်းကို ရဟိနိုင်ခသည်ဟု ချင်းပြသည်။ ထိုသတင်းကိုလည်း ရာမထံသို့ အတူတကွဆက်သကြသည်။ ထို့ကြောင့် မျောက်တိုင်းမျောက်တိုင်း တန်းတူပူးပေါင်းပါဝင်မှုကြောင့် မယ်သီတာအား ရှာဖွေတွိ့ဟိခသည်ဟု ခံယူကြသည်။ ဤသည်မှာ တကိုယ်ကောင်းမဆံသော စစ်မှန်သည့် ဂေါင်းဆောင် (၀ါ) အစေခံဝန်ထမ်းလိုသော ဂေါင်းဆောင်ရို့၏ အောက်ခြီခံကျသော အများပူးပေါင်းပါဝင်လိုသော အသင်းအဖွဲ့စိတ်ဓါတ်ပင်ဖြစ်၏။

ဘုရားသခင်သည် ကျန်တော်ရို့အား အယောက်တိုင်းစီ၏ ထူးခြားသောဂုဏ်ဝိသေဿကို ဖန်တီပီးခသည်ဟု ဆိုပါလျင် ကျန်တော်ရို့သည် မိမိကိုယ်ကိုမိမိ ယုံကြည်သူများ ဖြစ်ကြရမည်။ လောကကြီးအတွင်း၌ အတုအပလုပ်ဆောင်ကြသည့်အခါ (သို့မဟုတ်) သူတပါးအား မှာကြားလိုသောသတင်းကို ကိုယ်တိုင်သယ်ယူပို့ဆောင်လာကြသည့်အခါ မိမိကိုယ်ကိုမိမိ မှီခိုသူများဖြစ်ကြရမည်။ ကျန်တော်ရို့သည် ကိုယ့်ကိုကိုယ် ယုံကြည်သူများဖြစ်ကြရမည်။ အကယ်၍ ကျန်တော်ရို့ တစုံတယောက်ယောက်အား အတုအပလုပ်၍ အောင်မြင်မှုကို ရဟိလျှင် ထိုအောင်မြင်မှုသည် တခြားသောပုဂ္ဂိုလ်များနှင့်လည်း သက်ဆိုင်သည်။ ဆက်စပ်မှုဟိသည်။ ဒုတိယအားဖြင့် ကျန်တော်ရို့သည် လွတ်လပ်သူများဖြစ်ကြရမည်။ ပြီးမှ မိမိအလုပ်ကို ဆက်လုပ်ပါ။

အမြင်သဘောအားဖြင့် အရေးပါအရာမရောက်သည့် လှုပ်ယှားမှုကအစ-တခြားသူများအကူ အညီမပါဘဲ မိမိနီသည့်အိမ်ခန်း သပ်သပ်ယပ်ယပ် ဖြစ်လာစီရန်၊ မိမိအ၀တ်အစားများကို ကိုယ်ကိုယ်တိုင်ဂရုတစိုက်ဖြစ်စီရန်နှင့် သန့်ယှင်းသောရီချိုးခန်းတခု အမြဲဖြစ်နီစီရန် မိမိကိုယ်ကို လွတ်လပ်စွာပူးပေါင်းပါဝင်ခြင်းသည် မိမိကိုယ်တိုင်လုပ်၍ ရနိုင်ပါတကားဟု ကိုယ့်ကိုကိုယ် ယုံကြည်မှုရလာစီလိမ့်မည်။ ဤသည်မှာ မိမိကိုယ်ကိုမိမိ လွတ်လပ်သော လမ်းသွယ်၌ ပြုစုပျိုးထောင်ခြင်းဖြစ်၏။

ဘာသာပြန်
ခိုင်မြသိန်း (ချောင်းသာကြီး)
၁၂၊ ၁၀၊ ၂၀၀၄၊
Dum Dum Central Jail, Kolkatta, India.
Thusday, September 28, 2004 ထုတ် The Times of India သတင်းစာပါ {တရားဟောသောမဟာဗောဓီး The Speaking Tree} အခန်းကဏ္ဍမှ စာရွီးဆရာ ဆွာမိနိပ္ခိလာနန္ဒ (Swami Nakhilananda) ရွီးသားဖေါ်ပြသော {Secret of Success: Team Spirit} အား ရခိုင်ဘာသာသို့ သင့်လျှော်အောင် ဘာသာပြန်ဆိုခြင်း ဖြစ်ပါသည်။

Monday, July 20, 2009

အာဏာပါဝါ၏ထိုင်ခုံမှာ…ဂုဏ် (သို့မဟုတ်) အမှုထမ်းခြင်း

ဝန်ကြီးတဦးအဖြစ်၏အဓိပ္ပါယ်မှာ ပြည်သူလူထုအတွက် အမှုထမ်းခြင်းသတ်သတ်သာဖြစ်၏။ မည်သို့ပင်ဆိုစီကာမူ..အကယ်၍…၀န်ကြီးအဖြစ်အား သာယာကျေနပ်နှစ်သိမ်းမှု (၀ါ) ဂုဏ်ဒြပ်သြဇာရယူရန် နည်းလမ်းတခုအဖြစ် သူ၏အတွင်းစိတ်၌ ထင်မြင်ယူဆထားပြီး ထိုရာထူးသည် အသုံးပြုခြင်းခံရပါက၊ ပြည်သူပြည်သားများ တိုးတက်ကြီးပွားမှုကို အဟန့်အတားဖြစ်စီ၍၊ ဖေါက်ပြန်အဂတိလိုက်စားမှုနှင့် လူ့အဖွဲအစည်းအား သောင်းကျန်း ဗိုလ်ကျပြီး ယုတ်ညံ့သောကိုယ်ကျင်တရား လမ်းသွယ်ထဲသို့ ဇောက်ထိုးခုန်ဆင်းလိုက်ခြင်းသာ ဖြစ်သည်။ ကြောင်ရွံ့ခြင်းနှင့် လုံခြုံမှုမဟိခြင်းများက လူ့အဖွဲ့အစည်းကို တင်းတင်းကျပ်ကျပ် ဆုပ်ကိုင်ထားလိမ့်မည်၊ လူသားများကို တားဆီးချုပ်တည်၍ ထားကြလိမ့်မည်။
ဤသည်မှာ ကြောက်ရွံ့ခြင်း၊ လုံခြုံမှုကင်းမဲ့ခြင်းများအား နှိမ်နင်းအောင်မြင်စီလိုရန် လူသားများ အတွက် သဘာဝအကြောင်းတရားဖြစ်သည်။ လူ့အဖွဲ့အစည်းအတွင်း၌ အများစုသည် လုံခြုံမှု ဟိလာစီရန်၊ လုံခြုံမှုစိတ်ချလာအောင် အမြဲတမ်းလိုလို တခုခုလုပ်တတ်ကြပါသည်။ အကျိုး ဆက်အားဖြင့် အာဏာပါဝါ၏ထိုင်ခုန်အတွက် ကြိုးစားအားထုတ် တော်လှန်လာကြ တတ်သည်။ မည်သို့ပင်ဆိုစီ..ထိုပုဂ္ဂိုလ်များသည် အာဏာပါဝါရလာပြီးနောက် ထိုအာဏာ ပါဝါအား စွဲမက်လာကြသည်….မှာ…အမှန်စင်စစ် အာဏာပါဝါမဟုတ်ပါ။ သူရို့၏၀တ္တရားများ ဆောင်ရွက်ကြရန် ၀န်ကြီးယုံးထဲသို့ ရောက်လာကြသည့်တိုင်အောင် သူရို့သည် အနည်းဆုံး အလုပ်လောက်သာ ပြီးစီအောင်မြင်နိုင်ကြသည်။ သူရို့လုပ်ငန်းဆောင်တာ မပြီးစီးသည်ကို ကြည့်၍ သူရို့အားပြစ်တင်ပုတ်ခတ် ဝေဖန်ခြင်းမပြုပါနှင့်။ အာဏာပါဝါ၏ထိုင်ခုန်ကို ရယူ သိမ်းဆည်းလိုက်ပြီးသည့်နောက် သူရို့၏ ငါတကော့ကော့၍ ငေါ့ပြောခြင်းသည် သူရို့၏ စိတ်တွင်း၌ ကြောင်ရွံ့စိုးရိမ်လျက် ကျန်ဟိနီဆဲပင်ဖြစ်သည်။ အဟုတ်အမှန်ပင်… ကြောက်ရွံ့ စိုးရိမ်ခြင်းအမျိုးမျိုးသည် စိတ်တွင်း၌ ပိုမိုတိုးမြင့်လာသည်။ အကယ်၍ ကျပ်တည်းတင်းမာမှုနှင့် ကြောက်ရွံ့စိုးရိမ်နီပါက သင်သည်အပြုသဘောဆောင်သည့် ဖန်တီးမှုအတွီးအခေါ်သစ်နှင့် အတူ အောက်ခြီခံမြင့်မားလာနိုင်မည့် မဟုတ်ပါ။ ထို့ကြောင်း သင်သည် အလုပ်မြောက်များစွာ မလုပ်နိုင်၊ သင့်လူ့အဖွဲ့အစည်းအတွက်လည်း မလုပ်နိုင်သလို၊ သင့်ကိုယ်ရည်အတွက်လည်း လုပ်နိုင်မည်မဟုတ်ပေ။
ဝန်ကြီးများ သူရို့ရလိုကြသည့် သူရို့၏လမ်းကြောင်းကို မရောက်လျင် ၀န်ကြီးများရာထူးမှ နှုတ်ထွက်ကြမည်ဟု ခြိမ်းခြောက်တတ်ကြသည်များကို သင်ရို့မကြာမဏ ကြားကတ်ရပါ လိမ့်မည်။ တချို့နောက်လိုက်များက သူရို့ကိုသူရို့ကိုယ်တိုင် သတ်သီရန်ထိ ခြိမ်းခြောက်တတ် ကြသည်။ သို့သော် ရာထူးမှနှုတ်ထွက်ရန် ဇောတိကတက်ခြင်းသည် တာဝန်မဲ့ခြင်းသာ ဖြစ်သည်။ ဂုဏ်ယူဖွယ်ရာမဟုတ်ပါ။ အနစ်နာခံ စွန့်လွှတ်ခြင်းလည်း မဟုတ်ပါ။ ဤသည်မှာ ပြည်သူမှ အထွတ်တမြတ်လွှဲအပ်ထားသော တာဝန်ဝတ္တရားကို စွန့်လွှတ်ခြင်းအပြုအမူသာ ဖြစ်သည်။ သင်သည် သင်၏ရာထူးစွန့်လွှတ်ခြင်းအား ဇောတိကမာန်မာန ဂုဏ်မောက်ရ လောက်အောင်ထိ ၀န်ကြီးအဖြစ်သည် ဇိမ်ခံပစ္စည်းတခုကား မဟုတ်ချေ။ အလားတူပင်… ၀န်ကြီးရာထူးအား တစုံတယောက်အား အပ်နှံခြင်းသည် ၀န်ကြီးအဖြစ်ရွီးချယ်ခံရသူ၏ အကောင်းဆုံးအစေခံဝန်ထမ်းမှုကို မျှော်လင်းခြင်း၊ တောင်ဆိုခြင်းသာဖြစ်၏။ ၄င်းသည် ဆုလဒ်တခုအဖြစ် အဓိပ္ပါယ်ကောက်ယူဖွင့်ဆိုဖို့ကား မဟုတ်ချေ။
သင်၌ အေကန်စင်စစ် မွီးရာပါကိုယ်ပိုင်ပါဝါစွမ်းရည်ဟိပါက ပြည်သူအကျိုးစီးပွားအတွက် အမှန်ပင်အမှုထမ်းလိုရန် အာဏာရာထူး (၀ါ) အဏာပါဝါထိုင်ခုန်ကား မလိုအပ်ပါ။ မဟတ္တမဂန္ဒီ ပြည်သူ့အကျိုးဆောင်ရွက်နိုင်ခသကဲ့သို့ တရားဝင်ရာထူးဌာနန္တရမဟိဘဲ လူထုအကျိုးစီးပွား အတွက် သင်ပိုပြီးကောင်းကျိုးပြုနိုင်သည်။ ဆောင်ရွက်နိုင်သည်။ မကြာခဏလိုလို အုပ်ချုပ်သူ တဦးသည် မှန်ကန်ပြုပြင်ရေးသမား တယောက်မဟုတ်သလို၊ မှန်ကန်ပြုပြင်ရေးသမား သည်လည်း အုပ်ချုပ်ရေးသမားတယောက်မဟုတ်ပါ။ မှန်ကန်ပြုပြင်ရေးသမားသည် အုပ်ချုပ်မှု အာဏာကို မလိုလားပါ။ မမက်မောပါ။
ပြည်သူလူထုအများစုအား လှုံ့ဆော်မှုပင်ရင်းအချက်အလက်များမှာ ထိခိုက်လွယ်သော၊ ခံစားလွယ်သော စိတ်အာရုံများပင်ဖြစ်၏။ စါမတတ်သူ ဦးရည်များလာသောအခါ ထိခိုက် လွယ်သော၊ ခံစားလွယ်သော စိတ်အာရုံများပို၍ ဖြစ်လာတတ်ကြသည်။ ဤနီရာမှာ ကျယ်ပြန့်သည့်ပညာရေး စနစ်နှင့်ပါတ်သက်လို ဆန်ကျင်တန်ပြန်ပြုရန် အရေးကြီးသည် တခုမှာ ဘာသာရေးပညာရပ်နှင့် သိပ္ပံပညာရပ်နှစ်ခုစလုံးပင်ဖြစ်သည်။
နိုင်ငံရေးဂေါင်းဆောင်အများစုသည် စစ်မှန်သောပြည်သူ့ဝန်ထမ်း အယူအဆအား မိုက်မဲစွာ မျက်ကွယ်ပြထားကြသည်။ ဥပေက္ခာပြုထားကြသည်။ လူမျိုး၏ထုံးတမ်းစိုင်လာ ဘောင်နယ် နမိတ်များကို ကျော်လွန်၍၊ ဘာသာရေးဓလေ့ထုံးတမ်း ဘောင်နယ်နမိတ်များကို ကျော်လွန်၍၊ အမျိုးသားရေးဆိုင်ရာ ဘောင်နယ်နမိတ်များကို ကျော်လွန်၍ အနည်းငယ်သော စွန်စား လုပ်ဆောင်ချက်များ ဟိကြပါ၏။ ထိုနယ်နမိတ်ဘောင်များနှင့် ချုပ်တည်သတ်မှတ်ထား လိုက်သောအခါ သူရို့ကိုသူရို့ကိုယ်တိုင်အား ဘေးဥပါဒ်ဖြစ်စီသလို၊ တခြားသူရို့နှင့် ဆက်နွယ်နီသည့် ပါတ်ဝန်းကျင်တခုလုံးလည်း ထိခိုက်နစ်နာ ပျက်စီးကြရသည်။ ထို့ကြောင်း နိုင်ငံရေးသမားများသည် လူမှုရေးတာဝန်ဝတ္တရားများ ထမ်းဆောင်ရာ၌၊ တိုင်ပြည်အား ဦးစီးဦးဆောင်လမ်းပြရာ၌ နိုင်ငံရေးပညာရပ်များ ကျွမ်းကျင်ရန် အထူးလိုအပ်ပါ၏။ အရေးကြီးသည့်အချိန်ကာလဖြစ်သော ကမ္ဘာမိသားစု (Global Family) ၏ အချိန်နှင့်အမျှ လျှင်မြန်လှုပ်ယှားနီကြောင်းကို ကောင်းကောင်းနားလည် သဘောပေါက်ထားရမည်။ ညက်နီအောင် တတ်မြောက်ထားရမည်။ နွးကျီအောင်လည်း သိထားရမည်။
ဝန်ကြီးများသည် မြှောက်ပင့်ကပ်မျှောင်နီသော နိုင်ငံရေးသံချီးတက်များအားဆန့်၍ ဘေးအန္ဒရယ်လုံခြုံအောင် ကာကွယ်ရန် သူရို့၏စွမ်းရည်များကို ပြုစုပျိုးထောင်ထားရန်လည်း အလွန်အရေးကြီးစွာလိုအပ်ပါသည်။ အမှန်ပင်….သူရို့၏အတွင်းစိတ် (inner voice) ကို လိုက်နာသင့်သည်။ သူရို့၏ လမ်းညွှန်မှုသည် အမှားများထဲမှ အကောင်ဆုံးမှန်ကန်မှုကို ရွီးချယ်စီးစစ်ရန် အတွင်းစိတ်၏အလွန်ကောင်းမွန်သော မူပိုင်လမ်းညွှန်မှုကို လိုက်နာ သင့်သည်။
အယုံအကြည်ကင်းမဲ့သော နိုင်ငံရေနယ်ပယ်မှ ကျန်တော်ရို့လွတ်မြောက်ရမည်။ အမုန်ပွားစီသောနိုင်ငံရေးနွံအိုင်ထဲမှ ကျန်တော်ရို့လွတ်မြောက်ရန် ကြိုးစားရမည်။ စစ်မှန်သော အမြှော်မြင် ဆင်ခြင်တုံတရားနှင့်ပြည်စုံသော နိုင်ငံရေးမူဝါဒသည် ဘာသာစကားကွဲပြားမှု၊ အယူအဆ ယုံကြည်ချက်ကွဲပြားမှု၊ ဘာသာရေးမတူကွဲပြားမှု၊ ဇာတ်နိမ့်ဇာတ်မြင့် မတူကွဲပြားမှုများအား တပြေးညီသဘောထားဖြင့် ပြုစုစောင့်ယှောက်ရန်သာဖြစ်သည်။ အစေခံအမှုထမ်းခြင်းသည် နိုင်ငံရေးအာဏာပါဝါ၏ ဦးတည်ချက်ဖြစ်လာသောအခါ (နိုင်ငံရေး) လှုပ်ယှားမှုတရပ်လုံးသည် တိုးတက်၊ ကြီးပွားချမ်းသာ၊ ဖွံ့ဖြိုးတိုးတက်မှုသို့ ပြောင်းလဲ လာကြသည်။ မည်သို့ပင်ဆိုစီ နိုင်ငံရေးပါတီများသည် မကြာခဏလိုလို အတူတကွ ဖြစ်လာကြသည့်အကြောင်းရင်မှာ ဘုံရန်သူအား တိုက်ခိုက်နှိမ်နင်းရန်အတွက် တခုတည်းသာ ဖြစ်ကြသည်။ ဘုံ်ရည်မှန်ချက်ပန်းတိုင် (သို့မဟုတ်) ဘုံအကျိုးစီးပွား (အမျိုးသားအကျိုးစီးပွား) အတွက်ကား မဖြစ်နိုင်ကြချေ။ သူရို့၏ညီညွတ်ခြင်းသည် ကြောက်ရွံ့ခြင်းနှင့် မုန်းတီခြင်း (၀ါ) ရန်ငြိုးများအား အောက်ခြီခံ၍သာဖြစ်ကြသည်။ မတူကွဲပြားခြားနားသောပါတီများ တိုင်ပြည် အကျိုး၊ ပြည်သူအကျိုး၊ အများအကျိုးများအတွက် အဘက်ဘက်မှ ဖွံ့ဖြိုးမှုတိုးမြင့်မက တိုးမြှင့်လာအောင် အတူတကွပူးပေါင်းလုပ်ဆောင်သင့်သည်။ ရန်ငြိုးအမုန်းတရားကြီး စိုးမိုး၊ လွှမ်းမိုးသည့်နိုင်ငံရေးမူဝါဒ အဆုံးသတ်သင့်ပြီဖြစ်၏။
အလွန်ချမ်းသာကြွယ်ဝသည့် မြီပိုင်သျှင်သူဌေးတယောက်သည် ပန်ခြံအလုပ်သမားနှစ်ဦး ငှား၍ ပန်းခြံ၌အလုပ်လုပ်ခိုင်စီ၏။ နှစ်ဦးစလုံးအား တလှည့်စီပြောင်း၍ လုပ်ခိုင်းစီ၏။ နှစ်ဦးစလုံးပင် ပန်ခြံအားမည်ကဲ့သို့ တိုးတက်ပြောင်းလှဲသင့်သည်။ မည်ကဲ့သို့ ပြုပြင်သင့်သည်နှင့်ပင် သဘောထားကွဲလွဲကြလီ၏။ အလုပ်သမားတဦးက မြီလောက်သာ ပြုပြင်ယှင်းလင်းထား၏။ နောက်လုပ်သမားတဦးရောက်လာသောအခါ ပထမအလုပ်သမား၏ မပြီးဘဲကျန်ဟိနီသော အလုပ်ကိုဆက်မလုပ်ဘဲချန်ထား၍ သူလုပ်လိုသောအလုပ်ကိုသာ ပြောင်လွဲလုပ်လီ၏။ ဤကဲ့သို့ တဦး၏အလုပ်ကိုတဦးက ချန်ထားခြင်ဖြင့် လပေါင်းများစွာ ကြလာ၏။ နောက်ဆုံးမှာ ပန်းခြံကြီးသည် မည်သည့်ပန်းပင်မှ မစိုက်ပျိုးနိုင်ဘဲ၊ မည်သည့်ပန်းပွင့်မှ မထုတ်လုပ်နိုင်ဘဲ ပေါင်းမြက်ထူလျက် ဆက်လက်ကျန်ဟိနီဆဲပင်။ သူရို့၏တတ်စွမ်းမှုစွမ်းရည်များသည် အချဉ်းအနှီးကြွားဝါမှုသာ ဖြစ်လီ၏။
အထက်ဖေါ်ပြပါဥပမာနှင့် လက်ဟိနိုင်ငံရေးပါတီများ၏ မူဝါဒလမ်းစိုင်များနှင့် လုပ်ငန်းများသည် တထပ်တည်း၊ တထည်ရာတည်း ကွက်တိစွပ်ပိုက်ပင်တူနီပါ၏။ ဤကဲ့သို့လည်း ဆောင်ရွက်ကြ၏။ ယခင်ပါတီ၏ မပြီးဆုံးဘဲကျန်ဟိနီသော အလုပ်ကိုဆက်မလုပ်ဘဲ ချန်ထား၍ သွားပုတ်လီလွှင့်ပြောခြင်းဖြင့် အချိန်များကို ဖြုံးတီးပစ်ကြ၏။ ကျန်ဟိနီသော နိုင်ငံရေပါတီများ၏ လုပ်ငန်းများအား ဖြည့်စွက်လိုက်သည့်အခါ၊ နိုင်ငံရေးပါတီတခုနှင့်တခု လေးစားချီးမြှင့်လာကြသည့်အခါ အိန္ဒီယာသည် အမှန်ပင်တောက်ပြောင်ထွန်းလင်း လာလိမ့်မည်။ (ဆတ်ယူဂ (အိန္ဒီယသမိုင်း၌ အလွန်တိုးတက်ခသည့် Satyuga) ခေါတ်တခေါတ်ဟိဖူးခပါ၏။ ၄င်းခေါတ်၏လူသားများသည် အလွန်ရိုးသား၍ မင်းကောင်း မင်းမြတ်များပေါ်ခပါ၏။) သို့မဟုတ် အားလုံးသောနိုင်ငံရေးပါတီများ ဘုံဦးတည်ချက် ပန်းတိုင်သို့ ဦးတည်လာကြသည့်အခါ ရွှီရောင်လွှမ်းသောခေါတ်သို့ ရောက်လာကြလိမ့်မည်။ ဆင်းရဲခြင်းအတိဒုက္ခမှ သက်သာခွင့်ရလာကြလိမ့်မည်။ ဆင်းရဲသူဆင်းရဲသားများအား အာမခံသည့်ဘ၀ကို ထူထောင်ခွင့်ရနိုင်ကြလိမ့်မည်။ စာနာတတ်သည့်စိတ်ထားများ၊ သနားညှာတာတတ်သည့်စိတ်ထားများ ကိမ်းဝပ်နိုင်ကြလိမ့်မည်။ အပြစ်ကင်မဲ့သူပြည်သူ ပြည်သားများအတွက် လုံခြုံမှုပိုမိုရဟိလာကြမည်။ ဖေါက်ပြန်ပြီး အဂတိလိုက်စားသော နိုင်ငံရေးသမားများလည်း ပေါ်ပေါက်လာနိုင်ကြလိမ့်မည် မဟုတ်ပေ။


ဘာသာပြန်
ခိုင်မြသိန်း (ချောင်းသာကြီး)
August 31, 2004
Dum Dum Central Jail, Kolkatta, India.
Thursday, May 27, 2004 ထုတ် The Times of India သတင်းစာပါ “တရားဟောသော မဟာဗောဓီး The Speaking Tree” ကဏ္ဍမှ စာရွီးဆရာ သျှရီသျှရီရာဗီချန်ကာ (Sri Sri Ravi Shankar) ရွီးသားဖေါ်ပြသော { The Seat of Power: Pride or Service} အား ရခိုင်ဘာသာသို့ ဆီလျှော်အောင်ဘာသာပြန်ဆိုပါသည်။

Wednesday, July 15, 2009

ဂေါင်းဆောင်၏တန်ဘိုး--မနာလိုအားကျခြင်း (၀ါ) ပြိုင်ဆိုင်ခြင်း

ဂေါင်းဆောင်မှုသည် တန်ခိုးစွမ်းရည်ကြီးသော လုပ်ငန်းတခုဖြစ်သည်။ ဂေါင်းဆောင်တဦးသည် ရာထူးနှင့်လုပ်ပိုင်ခွင့်များကို အားကျကြသလို ထိုရာထူးနှင့်လုပ်ပိုင်ခွင့်များ၌ နစ်ပျော်တတ်ကြသည်။ သူသည် မြှော်ပင့်လွန်ခြင်း (သို့မဟုတ်) အရို့သေလွန်ခြင်းတခုခုကို လက်ခံရဟိတတ်သည်။ ပြိုင်ဖက်မဲ့ချန်ပီယံ တယောက်အဖြစ် နာကျော်ကြားခံရတတ်သည်။ မြှောက်စားခြင်းခံရတတ်သည်။

ဂေါင်းဆောင်တယောက်သည် မကြာခဏ ပြိုင်ဆိုင်ခြင်းခံရသောအခါ အနည်းငယ်အံ့သြစရာကောင်းသည်မှာ အားကျဖွယ်ရာကောင်းခြင်းပင်ဖြစ်၏။ အချိန်အ၀ါမြင့်မားမှုနှင့် တန်ခိုးအဏာကြီးသော ရာထူးများအတွက် စိတ်အားထက်သန်ပြင်းပြစွာ သူရို့၏ကတိဂ၀တ်၊ သစ္စာများဖြင့် ကြွေးကြော်တတကြသည်။ ယင်းနောက် တိုင်းပြည်အတွင်း အမြင့်မားဆုံးသောရာထူးကို မြူဆွယ်ရယူကြ၏။

ဆိုနီယာဂန္ဒီ (Sonia Gandhi) သည် တိုင်ပြည်၏အမြင့်ဆုံး အာဏာရာထူးအားစွန့်လွှတ်ရခြင်း အကြာင်းအရင်းများသည် ပြည်သူလူထုအား အငြင်းပွားဖွယ်ရာဖြစ်လာသည့်တိုင်အောင် သူမ၏ ပထမထဲက ပထမဆုံးအပြုအမူမှာ “ဤရာထူးအားမယူပါ” ဟု ငြင်းဆိုဖေါ်ပြခြင်း ဖြစ်ပါ၏။ တိုင်ပြည်အတွင်း၌ အရေးအကြီးဆုံးနှင့် လုပ်ပိုင်ခွင့်အာဏာ အဟိဆုံးရာထူးအား စွန့်လွှတ်ရသည်မှာ အကြောင်းအရင်တစုံတခုကို အောက်ခြီခံ၍ အလိုအလျှောက် သဘောပေါက် ယုံကြည်ထားခြင်းသည် သူမ၏အတွင်းစိတ်၌ “ဤရာထူးအားမယူပါ” ဟု တိုက်တွန်းနှိုးဆော်လျက် ဟိခပါလိမ့်မည်။ ထိုတိုက်တွန်းနှိုးဆော်မှုနှင့်အတူ ဣနြေ္ဒရရ သူမ၏ဆုံးဖြတ်ချက်အား တည်ခင်းပြသနိုင်ခပါ၏။

ယခု ထို “စူးငြောင့်သရဖူ” အား မာန်မိုဟန်စိန် (Manmohan Singh) ဥဂေါင်း၌ ၀တ်ဆင်ပီးလိုက်သည်။ ဤသည်မှာ “ဂေါင်းဆောင်မှုနည်းလမ်းမှာ ပဇာကိုခေါ်ပါသနည်း” ဟု ကြည့်ရှု့မှတ်သားဖွယ်ရန် ဥပမာပြသလိုက်ခြင်း ဖြစ်ပါ၏။ နှစ်ဦးစလုံး (Sonia and Manmohan Singh) ဂေါင်းဆောင်များဖြစ်လာကြပြီး အတူတကွ ဦးစီးဦးဆောင်ကြပါလိမ့်မည်။ အမှန်ပင် အစိုးရအဖြစ်အုပ်ချုပ်စီမံခန့်ခွဲသော ပါတီ (၀ါ) အဖွဲ့အစည်းတခု၏ဥနှောက်သည် အလွန်ပင်ကြီးမားပါ၏။ (သို့မဟုတ်) တိုင်ပြည်သည် နယ်နမိတ်မဲ့နီးပါး ကျယ်ပြန့်သော အကျပ်အတည်းအခက်အခဲများကို ဖြေယှင်းနိုင်သော ဥာဏ်အမြှော်မြင်ဖြင့် ပြည်ချံလုနီးနီး ဟိပါလိမ့်မည်။ သူ၏ (မာန်မိုဟန်စိန်) စီမံခန့်ခွဲမှုနှင့် အမိန့်စကားများသည် တရားဥပဒေဖြစ်၍ မင်းမျှောင်ကပ်စားကပ်ဖါးများလည်း ပေါများကြပါလိမ့်မည်။ မည်သို့ပင်ဆိုစီ ဂေါင်ဆောင်တဦးတယောက်မျှ ဂေါင်းဆောင်မှုဝန်ထုပ်ဝန်ပိုးမှ မလွတ်မြောက်နိုင်ခြင်းမှာ အမှန်ပင်ဖြစ်၏။ ဤသည်ကို ကတ်ဒီလခ်မော်တာကားကုမ္ပဏီ (Cadillac Motor Car Company) မှ တိုတုတ်ပြတ်သားစွာ ရွီးချယ်ခေါ်ဝါလိုက်သည်မှာ “ဂေါင်းဆောင်မှုပြစ်ဒါဏ်”--သည်--တချိန်တခါက သမိုင်းတွင်ခပြီး၊ ယင်းကဲ့သို့ ဆက်လက်တည်ဟိဆဲဖြစ်သည်။

လူလောကနယ်ပယ်တိုင်း၌ ကြိုးစားအားထုတ်မှုနှင့်ဆက်စပ်လျက် ထိုပုဂ္ဂိုလ် (ဂေါင်းဆောင်) သည် ပထမဆုံးနာမည်ကျော်ကြားမှု အလင်းရောင်ဖြူထဲ အမြဲမပြတ်ဆက်လက်ရှင်သန်လျက် ဟိပါလိမ့်မည်။ ဂေါင်းဆောင်မှုအာဏာကို ပုဂ္ဂိုလ်တဦးအားအပ်နှံရန်ဖြစ်စီ သို့မဟုတ် ကုန်ပစ္စည်းတခုခုထုတ်လုပ်ရာ၌ဖြစ်စီ ယှဉ်ပြိုင်ခြင်းနှင့်အားကျမနာလိုမှုများသည် (လုပ်ငန်းခွင်၌) အမြဲတမ်းဖြစ်တတ်ကြသည်။ ပန်းချီအနုပညာနယ်ပယ်ထဲ၌ဖြစ်စီ၊ စာပီလောကထဲ၌ဖြစ်စီ၊ တေးရွီးအနုပညာလောကထဲ၌ဖြစ်စီ၊ စက်မှုလက်မှုလုပ်ငန်းခွင်၌ဖြစ်စီ၊ ဆုလါဒ်နှင့်ပြစ်ဒါဏ်ပီးခြင်းသည် အမြဲတမ်းတဘောတည်း တူညီကြသည်။ ဆုလါဒ်သည် ကျယ်ကျယ်ပြန့်ပြန့် အသိအမှတ်ပြုခြင်းဖြစ်၍ ပြစ်ဒါဏ်ပီးခြင်းသည် ပြင်းထန်သောငြင်းဆိုခြင်းနှင့် ဂုဏ်သိက္ခာလျော့ပါးစီအောင်ပြုခြင်း ဖြစ်ပါသည်။

ပုဂ္ဂိုလ်တဦးဦး၏အလုပ် (သို့မဟုတ်) လုပ်ရပ်သည် လောကတခုလုံးအတွက် စံမှီအဆင့်အတန်းတခုဖြစ်လာသောအခါ၊ ၄င်းအဆင့်အတန်းသည် အနည်းဆုံး မနာလိုအားကျမှုမြှားဦးများ၏ ပစ်မှတ်တာဂတ်တခု ဖြစ်လာတတ်သည်။ အကယ်၍ သူ၏လုပ်ရပ်သည် ထူးခြားသည့်ဂုဏ်သတ္တိမဟိပါက (၀ါ) ရွက်ကြမ်းရီကြိုမျှသာဖြစ်နီပါက ပြင်းထန်သောအခက်ခဲအကျပ်အတည်းများနှင့်အတူ သူသည် တယောက်တည်း ၀ိုင်းပယ်ထားခြင်းခံရမည်မှာ သေချာပါ၏။ အကယ်၍ ထိုပုဂ္ဂိုလ်သည် ထူးခြားပြောင်မြောက်သည့် အတွီးအခေါ်အယူအဆ၊ လက်ရာများနှင့် အောင်မြင်မှုအထွတ်အထိပ်သို့ရောက်နီပါက လှုပ်ယှားသယောင်ယောင်၊ အနစ်နာခံသယောင်ယောင်ပြုပြတတ်သော ကပ်စားကပ်ဖားများ ချီးကျူးမှုဘာသာစကား သောင်းခြောက်ထောင်နှင့် ပြည်ချံဝိုင်ရံလျက် ဟိနီပါလိမ့်မည်။ မနာလိုသ၀န်တိုမှုများသည်လည်း အစွမ်းထွက်လာကြလိမ့်မည်မဟုတ်ပါ။ ထိုအစွမ်းမထွက်မှုသည် နှစ်ဖက်ခွဘာသာစကားနှင့် သုခမီအနုပညာသျှင်သည် အများနှင့်သက်ဆိုင်သော၊ အများလက်ခံသော ပန်းချီကားချပ်ကိုရွီးဆွဲပါလိမ့်မည်။ ဇာမဆို သင်သည် ရွီးသားဖေါ်ပြနိုင်သည်။ ဆီးချယ်ရွီးဆွဲနိုင်သည်။ တီမှုတ်သီဆိုနိုင်သည်။ ဖွဲ့စည်းတည်ထောင်နိုင်သည်။ ထူးခြားထက်သန်သော ပညာဥာဏ် (၀ါ) စစ်မှန်သောဆီးတဆိပ်နှင့် သင့်လုပ်ရပ်အား ချယ်မှုန်းမဖျက်ဆီးနိုင်သမျှကာလပတ်လုံး သင်အား မည်သူတဦးတယောက်ကမျှ ထူးကဲကျော်လွန်နိုင်မည် မဟုတ်သလို ဂုဏ်သရည်ပျက်ပြားအောင် မကောင်းသတင်းများလည်း လွှင့်နိုင်ကြလိမ့်မည်မဟုတ်ပါ။ ကြီးကျယ်မြင့်မြတ်သောအလုပ် (သို့မဟုတ်) ကောင်းမွန်သောအလုပ်များလုပ်ပြီး ပြည့်စုံခပြီးအချိန်များ--များစွာကြာပြီးနောက် ထိုပုဂ္ဂိုလ်များ (နောက်လိုက်များ (သို့) တခြားများ) သည် မျှော်လင်းချက်ပျက်ပြီမှု၊ စိတ်ပျက်မှု (၀ါ) မနာလိုစိတ်ထားများဖြင့် သူရို့၏ ဂေါင်းဆောင်၏လုပ်ငန်းများ ပြီးပြည့်စုံခြင်းမပြုနိုင်ခကြောင်း ထုပ်ဖေါ်ပြောဆိုကြပါလိမ့်မည်။

ဂေါင်းဆောင်သည် နှိမ်းနင်းတိုက်ခိုက်ခြင်းခံရသည့် အကြောင်းအရင်းမှာ ဂေါင်းဆောင်တဦးဖြစ်သောကြောင့်ပင်ဖြစ်၏။ ထိုကဲ့သို့ တိုက်ခိုက်မှုသည် သူအားတရားမျှတမှု၊ ညီမျှမှုအား ကြိုးစားအားထုတ် လုပ်ဆောင်စီခြင်း--ထင်ယှားသိသာသောဂေါင်းဆောင်မှု သက်သီသာဓကအဖြစ် ပေါင်းစပ်ပီးလိုက်ခြင်းလည်းဖြစ်၏။ တန်းတူညီမျှမှုချို့တဲခြင်း (ချွတ်ယွင်းချက်) သို့မဟုတ် တန်းတူညီးမျှမှု ပိုမိုကောင်းမွန်ခြင်းများအား ရှာဖွေ၍ နောက်လိုက်များ ချုံ့ချဖျက်ဆီးတတ်ကြသည်။ သို့သော် ပို၍သေချာခိုင်မာသည်မှာ ကြိုးစားအားထုတ်နီရာယူနိုင်မှု ဂုဏ်သိက္ခာကြီးမားခြင်းကိုကား မည်သူတဦးတယောက်မှ တိုက်ဖျက်၍ရနိုင်မည်မဟုတ်ပေ။ ဤသည်မှာ ထူးထူးခြားခြား၊ ထူးထူးဆန်းဆန်းမဟုတ်ပါ။ ကမ္ဘာကြီးစတင်လာစကပင်၊ လူသားများဆန္ဒအာရုံ (တဏှာ) စတင်လာစကပင် ကြီးပွားလိုစိတ်၊ လောလရမ္မက်၊ စိုးရိမ်ကြောက်ရွံ့ခြင်း၊ စိုးရိမ်သောက၊ မနာလိုခြင်း၊ အားကျခြင်းနှင့် သူတပါးထက် ထူးကဲကျော်လွန်လိုသော စိတ်ဆန္ဒများသည်လည်း ကမ္ဘာဦးစတင်ခါကပင် စတင်လာခြင်းဖြစ်သည်။ အရာရာတိုင်း အကျိုးမပြုနိုင်သော်လည်း အကယ်၍ ဂေါင်းဆောင်သည် တည်းတည်းမတ်မတ်၊ မှန်မှန်ကန်ကန်၊ မျှမျှတတ၊ ရိုးရိုးသားသား ဦးစီးဦးဆောင်နိုင်ပါက သူသည်--“ဂေါင်းဆောင်”--အဖြစ် ဆက်လက်ကျန်ဟိနီမည်မှာ အေကန်မလွဲပါ။

အိန္ဒီယနိုင်ငံကျွန်းရွာတောဓလေ့ အချေသူငယ်များ အမြဲတမ်းပုံပြောပြကြသည့် ရွာဓလေ့ပုံပြင်ဝတ္ထုတပုဒ်ဟိပါသည်။ ၄င်းပုံပြင်ကို အလွန်ယှင်းလင်းလွယ်ကူစွာ “အဆိပ်အတောက်ဖြစ်သော ဂေါင်းဆောင်” ဟု ခေါ်ဝါကြသည်။ ဤပုံပြင်သည် အချေသူငယ်များသာမက လူကြီးအတွက်လည်း အလွန်အကျိုးဖြစ်ထွန်းစီပါ၏။

တနိ့သောအခါ နန်းတွင်းအစေးခံ ကျွန်မကြီးသည် ဘုရင်မိဘုရားမကြီး လွှတ်တော်ခန်းမအား သန့်ယှင်းရေးလုပ်နီစိုင် အရိုးအဆစ်များကိုက်ခဲ၍ လက်သီခါးပန်းကျ ညောင်းညာလာ၏။ လုပ်နီကျ နိ့စိုင်သန့်ယှင်းရေးလုပ်ငန်းများ ပြန်လည်မစတင်ခင် နန်းတွင်းဟိ မိဘုရားမကြီး၏ အိပ်ရာသည် သူမအား တရီးတမောအညောင်းဖြေရန် ဆွဲဆောင်ဖိတ်ခေါ်နီသယောင်ယောင် ခံစားလာရ၏။ အစေခံနန်းတွင်းကျွန်မကြီး အိပ်စက်အနားယူနီချိန် မိဘုရာကြီး အမြင်မတော်သောအဖြစ်ကို မြင်သောအခါ အပြစ်ဟိသော “ရာဇ၀တ်ကောင်…. ရာဇ၀တ်ကောင်….အလွန်ရိုင်းစိုင်းယုတ်မာသော ရာဇ၀တ်ကောင်” ဟု အော်ဟစ်လီ၏။
အခွေအရံနန်းတွင်းစစ်သည်တော်များ ကျွန်မကြီးအား ဂေါင်းဖြတ်ပြစ်ဒါဏ်ပီးရန် ဆွဲထုတ်မည်ဆဲဆဲ၌ ရုတ်တရက်အံ့သြမိသည့်အသံဖြင့် ကျွန်မကြီးသည် ဘုရင်မိဘုရားကြီးအား နှုတ်မြွက်ထွက်ဆိုလိုက်သည်မှာ “အကျွနှုပ်သည် မိဘုရားမကြီးအိပ်ရာ၌ ငါးမိနစ်မျှသာ အိပ်စက်အနားယူမှုအား ဤမျှလောက် လူသားမဆန်စွာ ကြီးလဲသောပြစ်ဒါဏ်ခပ်ပါ၏။ ဤအိပ်ရာထက်၌ မိဘုရားမကြီး ယခုအချိန်ထိ နှစ်ပေါင်းမြောက်များစွာ နိ့စိုင်ရက်ဆက်မပြတ် အိပ်စက်တော်မူခြင်းအား မည်မျှကြီးမားသော ပြစ်ဒါဏ်မျိုးခပ်ခြင်း ခံပါမည်နည်း။ မတွီးဝံ့စရာပါ ဘုရား” ဟု လျှောက်တော်မူ၏။



ဘာသာပြန်
ခိုင်မြသိန်း (ချောင်းသာကြီး)
May 27. 2004
Dum Dum Central Jail, Kolkatta, India
Friday, May 21. 2004 ထုတ် The Times of India သတင်းစာပါ “တရားဟောသောမဟာဗောဓီ The Speaking Tree” ကဏ္ဍမှ စာရွီးဆရာ အစ် လီလဗသီ (S Lealavathi) ရွီးသားဖေါ်ပြသော “The Price of Leadership: Emulation & Envy” အား ရခိုင်ဘာသာသို့ သင့်လျှော်အောင် ဘာသာပြန်ဆိုပါ၏။

Monday, July 6, 2009

တြိဂံပုံကို ပြောင်းပြန်လှန်လိုက်သည့်အခါ အစေခံဝန်ထမ်းဖြစ်လာသော ဂေါင်းဆောင်များ

ဂေါင်းဆောင်မှုသည် အာဏာပါဝါနှင့် အမြဲတမ်းဒါမ်တွဲလျက်ဟိနီတတ်ပါ၏။ ယုခုခေါတ်ကာလ၌ကား အနှုတ်လက္ခဏာဆင်နီသော ပုံတူအဓိပ္ပါယ်ဆင့်ပွားများ (မတိမ်းမယိမ်း ဆင့်တူနိုင်ငံရေး) ကို အထူးသဖြင့် နိုင်ငံရေးလောကထဲ၌ အချိန်အကန့်အသတ်အလိုက် ရယူထားကြသည်ကို တွိ့ဟိကြပါလိမ့်မည်။ ဂေါင်းဆောင်မှုနှင့် ဆက်စပ်လို့ အရေးပါအရာရောက်မှု အမီးပုစ္ဆာများဟိကောင်းဟိကြပါလိမ့်မည်။ ဂေါင်းဆောင်များ မဟိမဖြစ်လိုအပ်သည်ဟု ရွီးချယ်အသိအမှတ်ပြုခံရသောအခါ-၄င်းဂေါင်းဆောင်များသည် လူသားများအတွက် (၀ါ) ပြည်သူပြည်သားများအတွက် တလောကလုံးကလက်ခံထားသော အောက်ခြီခံလိုအပ်သည့်သဘောတရားနှင့် တာဝန်ဝတ္တရားများကိုလိုက်နာသော အစေခံဝန်းထမ်ဂေါင်းဆောင်များဖြစ်ကြ၏။ သူရို့၏ပထမဆုံးအလုပ်မှာ ပြည်သူဝန်ထမ်းသာဖြစ်၏။

ထုံးတမ်းစိုင်လာ သက်ဦးဆံပိုင်စနစ်မှာ ဂေါင်းဆောင်မှုစနစ် အသီးသီးခွဲထားသော ပုံစံသစ်များသို့ တဖြည်းဖြည်း ပြောင်လဲလာကြသည်ကို ကျန်တော်ရို့ စတင်သိဟိနားလည် သဘောပေါက်လာကြသည်။ ဤပုံစံသစ်၏ ဂေါင်ဆောင်များသည် အစေခံဝန်ထမ်းများသာဖြစ်ကြ၏။ ထိုအစေခံဝန်ထမ်းဂေါင်းဆောင်များသည် ဂေါင်းဆောင်မှု၏ ပုဂ္ဂိုလ်ရေးဆိုင်ရာတိုးတက်မှု၊ တဦးချင်းတယောက်ချင်း ပါဝင်ပေါင်းစပ်၍ဖွဲ့စည်းနိုင်သည့် အရည်ခြင်းဟိမှု၊ လူမျိုးတမျိုးနှင့် သက်ဆိုင်သောအပြုအမှုများကို ဂရုတစိုက်တန်ဘိုးထားတတ်ခြင်း၊ လူ့အဖွဲ့အစည်းအလိုက် ပူးပေါင်းပါဝင်လိုသည့်ဆန္ဒဖြင့် အလိုအလျှောက် ဆုံးဖြတ်ချက်ချတတ်စီမှုများ တချိန်တည်းတပြိုင်နက်တည်းမှာ တိုးတက်ဖြစ်ပေါ်လာတတ်ကြပါသည်။

အစေခံဝန်ထမ်းဂေါင်းဆောင်များသည် လူမျိုးတမျိုးနှင့်သက်ဆိုင်သော အာဏာပါဝါ (၀ါ) လုပ်ပိုင်ခွင့်အာဏာအား အသုံးပြုမှုနှင့်ဆက်နွယ်လျက် လက်တွိ့ကျသော အတွီးအခေါ်ပညာသျှင်များလည်း ဖြစ်ကြသည်။ အစေခံဝန်ထမ်းဂေါင်းဆောင်များသည် အာဏာပါဝါနှင့် လုပ်ပိုင်ခွင့်အာဏာများအား ပြည်သူပြည်သားများ (သို့မဟုတ်) နောက်လိုက်များ ကြီးပွားချမ်းသာ တိုးတက်လာကြစီရန် ကူညီပီးသည့်ကရိယာများအဖြစ်သာ လက်ခံယုံကြည်ကြ၏။ ထိုအာဏာပါဝါနှင့် လုပ်ပိုင်ခွင့်အာဏာများသည် ပြည်သူများ (၀ါ) နောက်လိုက်များကို ဗိုလ်ကျကြီးစိုးရန်မဟုတ်ပါ။ သွီးစုတ်ဂေါင်းပုံဖြတ်ရန်မဟုတ်ပါ။ လက်တဆုပ်စာ အာဏာပါဝါဟိသူများသာ အကျိုးအမြတ်ရယူဖို့ရန် မဟုတ်သလို အုပ်စုတစုနှင့်တစု (၀ါ) ပုဂ္ဂိုလ်တဦးနှင့်တဦး အချင်းချင်း ဆန့်ကျင်တိုက်ခိုက်ရန်လည်း မဟုတ်ပေ။
ခေါတ်သစ်စီးပွားရေစနစ် အရဲတော်ပုံလှုပ်ယှားမှုထဲ၌ ဂေါင်းဆောင်ကြီးတဦးဖြစ်သူ ရောဘာတ်ဂြိန်းလိဖ် “Robert K Greenleaf” သည် အစေခံဝန်ထမ်း ဂေါင်းဆောင်များအကြောင်းနှင့်ပါတ်သက်၍ တီထွင်ဖေါ်ပြခသည်မှာ “အစေခံဝန်ထမ်း ဂေါင်းဆောင်၏ ပထမဆုံးအလုပ်မှာ အစေခံဝန်ထမ်းသာဖြစ်၏။ နက်ချိုင်းသည့်နှစ်လုံးသားထဲမှ ပေါ်ထွက်လာသော အစေခံဝန်ထမ်းလိုသောစိတ်-ခံယူချက်တခုတည်းနှင့် သူရို့၏အလုပ်ကို စတင်ဆောင်ရွက်တတ်ကြ၏။ ပြီးမှ ဦးဆောင်ရန်ဆန္ဒဟိလာတတ်ကြ၏။ ဤသည်မှာ အကောင်းဆုံးစမ်းသပ်မှုဖြစ်ပြီး အခက်ခဲဆုံးသော စီမံခန့်ခွဲမှုနှင့် ရင်ဆိုင်ရသည်--မှာ--ထိုပုဂ္ဂိုလ်များအား အစေခံဝန်ထမ်း ဂေါင်းဆောင်အဖြစ် ပြုစုပျိုးထောင်ပီးရမည်လား၊ တိုင်ပြည်အတွက် အစေခံဝန်ထမ်းသည့်အခါ ကျန်းမာသန်စွမ်းသည့် အပြစ်အနာဆာ ကင်းသူများဖြစ်ကြမည်လား၊ ဆင်ခြင်မှုတရားနှင့် ပြည်စုံသည့် ပညာအမြှော်အမြင်ဟိကြသူများ ဖြစ်ကြမည်လား၊ လွတ်လပ်သူများ--လွတ်လပ်စွာတွီးခေါ်တတ်သူများ ဖြစ်ကြမည်လား၊ ကိုယ်ပိုင်အုပ်ချုပ်နိုင်သူ (ကိုယ့်ကိုကိုယ်အုပ်ချုပ်နိုင်သူ) များ ဖြစ်ကြမည်လား၊ သူဖာသာသူ အလိုအလျှောက် အစေခံဝန်ထမ်းများအဖြစ် ခံယူတတ်ကြမည်လား၊ အထွေထွေ ပြဿနာများပင်ဖြစ်၏”။

အစေခံဝန်ထမ်းဂေါင်ဆောင်သည် ကြံကြံခိုင်ရပ်တည်လျက် ထုံးတမ်းစိုင်လာ ဂေါင်ဆောင်များအား ဘက်ပြိုင်အံတုတတ်သည်။ ဤစံနမူနာသည် လူအဖွဲ့စည်း တိုးတက်ပြုပြင်ပြောင်လဲရာ၌၊ အဖွဲ့အစည်းများ အင်အားတိုးမြှင့်ရာ၌ ဆုံးဖြတ်ချက်ချရန်နှင့် ဝေဖန်သုံးသပ်ဆင်ခြင်နိုင်ကြရန် ထောက်ခံအားပီးသည့် အနီကပ်ဆုံး လိုက်လျော့ညီထွေအောင် ပြုပြင်ထားသော နည်းလမ်းတခုဖြစ်သည်။ ၄င်းစံနမူနာသည် အားလုံးဆန္ဒအလျှောက် ပူးပေါင်းပါဝင်သော သဘောတူညီချက်ဖြင့် ဗဟိုရ်ဦးစီးချုပ်ကိုင်သော စနစ်ဟောင်ဂေါင်းဆောင်ထံမှ အာဏာပါဝါကို ရယူရာ၌လည်း အကောင်းဆုံး၊ အထိရောက်ဆုံးစနစ်ဖြစ်သည်။ တချို့က ဤပုံစံမျိုးကို တြိဂံသုံးဒေါင့်ပုံကို ပြောင်းပြန်လှန်ထားသော အဆင့်အသီးသီးသတ်မှတ်ခွဲဝီ၍ အုပ်ချုပ်သော စနစ်ဟုခေါ်ဝါကြသည်။ ထို့ကြောင့် အစေခံဝန်ထမ်းဂေါင်းဆောင်၏ စိတ်ထဲ၌ အလိုအပ်ဆုံးမှာ အလုပ်သမားများ၊ လက်လီလက်ကြားဖောက်သည်၊ စားသုံးသူ၊ နယ်မြီများနှင့် လူ့အဖွဲ့အစည်းဖြစ်သည့် ကုမ္ပဏီကြီးများတည်ဟိနီစေရန် အရေးကြီးဆုံးအကြောင်းအရင်းများ ဖြစ်ကြသည်။ အစေခံဝန်ထမ်းဂေါင်းဆောင်များ စိုင်းစားချဉ်းကပ်ရန် ကျန်ဟိနီသည့်အချက်တခုမှာ ဂျပန်လူမျိုးများ၏ ဂေါင်းဆောင်မှုနှင့် စီမံခန့်ခွဲမှုဆိုင်ရာ ပုံစံ (သို့မဟုတ်) စံနမူနာသည် အကောင်းဆုံးဥပမာဖြစ်၏။

အစေခံဝန်ထမ်းဂေါင်းဆောင်တယောက်၏ ထူးခြားထင်ယှားသော လက္ခဏာ (၁၀) ချက်နှင့် ဆက်စပ်လို့ အတွီးခေါ်ပညာသျှင် ရောဘာတ်ဂြိန်းလိဖ်က သူ၏နောက်လိုက်များကို အခိုင်အမာဖေါ်ပြခသည်မှာ…နားထောင်တတ်မှုစွမ်းရည်၊ စာနာနားလည်တတ်မှုစွမ်းရည်၊ ဝေဒနာကိုပျောက်ကင်းအောင် ကုဿတတ်မှုစွမ်းရည်၊ သတိပြုမိတတ်သည့်စွမ်းရည်၊ ဆွဲဆောင်တတ်မှုစွမ်းရည်၊ ထင်မြင်ယူဆ တွီးခေါ်တတ်မှုစွမ်းရည်၊ ဥာဏ်အမြှော်အမြင်ကြီးမားမှုစွမ်းရည်၊ ဘဏ္ဍာစိုးစွမ်းရည်၊ ပြည်သူလူထု တိုးတက်ကြီးပွားချမ်းသာအောင် အာမခံနိုင်သည့်စွမ်းရည်နှင့် လူ့အဖွဲ့စည်းတည်ဆောက်နိုင်မှု စွမ်းရည်များဖြစ်ကြပါ၏။

ဤစွမ်းရည်များအနက် တချို့သောစွမ်းရည်များသည် တခြားပုဂ္ဂိုလ်များထက် သူရို့သဘာဝအလျှောက် ပို၍သာလွန်ကောင်းမွန်တတ်ကြသည်။ သူရို့၏ သဘာဝအလျှောက် ထူးခြားထင်ယှားသော လက္ခဏာစွမ်းရည်များထဲမှ ဤကဲ့သို့သော စာနာနားလည်တတ်မှုစွမ်းရည်၊ ဝေဒနာကိုပျောက်ကင်းအောင် ကုဿတတ်မှုစွမ်းရည်နှင့် ဘဏ္ဍာစိုးစွမ်းရည်များသည် ဖွံ့ဖြိုးတိုးတက်ရန်နှင့် သင်ယူရန် တခြားလက္ခဏာများထက် ပို၍ခက်ခဲသည့် စွမ်းရည်လက္ခဏာများဖြစ်ကြပါ၏။ ယေပင်ငြားလည်း ဤလက္ခဏာစွမ်းရည်ကြီးသုံးရပ်သည် အစေခံဝန်ထမ်းဂေါင်ဆောင်များ၏ အောင်မြင်မှုအတွက် မဟိမဖြစ်လိုအပ်သည့် လက္ခဏာစွမ်းရည်များဖြစ်ကြပါ၏။

နားထောင်တတ်မှုစွမ်းရည်၊ သတိပြုမိတတ်မှုစွမ်းရည်၊ ဆွဲဆောင်တတ်မှုစွမ်းရည်၊ ထင်မြင်ယူဆတွီးခေါ်တတ်မှုစွမ်းရည်၊ ဥာဏ်အမြှော်အမြင်ကြီးမားမှုစွမ်းရည်၊ တိုးတက်ကြီးပွားချမ်းသာစီရန် အာမခံနိုင်မှုစွမ်းရည်နှင့် လူအဖွဲ့အစည်းတည်ဆောက်နိုင်မှုစွမ်းရည်များသည် သင်ယူ၍ရနိုင်သော စွမ်းရည်များဖြစ်ကြပြီး အစေခံဝန်ထမ်းဂေါင်းဆောင်များ၏ ပုံမှန်တိုးတက်ဖွံ့ဖြိုးနိုင်သော စွမ်းရည်များဖြစ်ကြပါ၏။

အိန္ဒီယနိုင်ငံ၏ ခြိတ်ကတ် (Cricket) အသင်းဂေါင်ဆောင် ဂျွန်ရိုတ် (Jhone Right) သည် အစေခံဝန်ထမ်းခေါင်းဆောင် တယောက်အဖြစ် ဂုဏ်အရည်အချင်း (၀ါ) စွမ်းရည်များဟိသူဖြစ်သည်။ သူသည် ကျိတ်လိပ်ခိုင်မာသည့် တဦးနှင့်တဦး အချင်းချင်း သဟဇာတကျကျ အပြန်အလှန်အကျိုးပြု အားကိုးသော၊ စိတ်ချယုံကြည်သော အိန္ဒီယအမျိုးသား ခြိတ်ကတ်အသင်းကို ထူထောင်နိုင်ခသူဖြစ်ပါသည်။ ခြိတ်ကတ်အသင်းသားများ တဦးနှင့်တဦးအပြန်အလှန် နားထောင်တတ်မှုစွမ်းရည်များဟိကြပြီး၊ မတူခြားနားသော အလေ့အထ၊ အကျင့်စရိုက်၊ အတွီးအခေါ်၊ သဘောထား၊ ဘာသာ၊ လူမျိုးများပြဿနာနှင့် တခြားအကြောင်းအရင်းများ၌ မူတည်၍ အကျပ်အတည်းအခက်အခဲများကို စုပေါင်းရင်ဆိုင်ဖြေယှင်းနိုင်သော စိတ်ထားများဟိလာကြစီရန် မိမိရို့၏စိတ်အတွီးများကို အကြိမ်ကြိမ်အဖန်ဖန် စီးစစ်ကြည်စေ၏။ မိမိကိုယ်ကို ဆန်းစစ်ဝေဖန်သုံးသပ်ကြည့်စေ၏။

အသင်းထဲ၌ တဦးတယောက်ချင်း ဂုဏ်ကျက်သရည်သိက္ခာနှင့် ပြည်စုံစေလျက်၊ အသင်းတခုလုံး အောင်မြင်မှုရဟိလာစေရန် အသင်းသားများ၏ ပိုဂ္ဂိုလ်ရေးအတ္တမာန်မာဏများကို ဘေးချိပ်ထားစေ၍ အများပူးပေါင်းပါဝင်မှု (၀ါ) အသင်းသားအားလုံး ပူးပေါင်းပါဝင်မှုဖြင့် အသင်းတခုလုံးဟိ အယောက်စီတိုင်းကို ဆူပါစတား (Super Stars) အဖြစ် လူသိများစေ၏။ ဤသည်မှာ အိန္ဒီယခြိတ်ကတ်အသင်းထူထောင်သူ မစ္စတာဂျွန်ရိုတ်၏ ထူးခြားသောစွမ်းရည်များပင်ဖြစ်၏။

လက်ဟိအိန္ဒီယနိုင်ငံ၏ ၀န်ကြီးချုပ်အဖြစ် ရွီးချယ်တင်မြှောက်ခြင်းခံရသူ မာန်မိုဟန်စိန် (Manmohan Singh) သည် အစေခံဝန်ထမ်းဂေါင်းဆောင်မှု အတွီးအခေါ်မျိုးကို အမြတ်တနိုးတန်ဘိုးထား လေးစားကျင့်သုံးဟန်တူပါသည်။ သို့သော်လည်း အိန္ဒီယနိုင်ငံ၏၀န်ကြီးချုပ် သက်တမ်းတလျှောက်၌ မာန်မာနကင်းမဲ့စွာ စိတ်သဘောထား ပျော့ပျောင်းနုညံ့၍ အကျင့်သီလ၊ ဂုဏ်သိက္ခာသမာဓိနှင့်ပြည့်စုံသော ဂေါင်းဆောင်တဦးဖြစ်ခပါလျှင်--၄င်၏သက်တမ်း ကုန်ဆုံးသောအခါ ပြည်သူတရပ်လုံးက တန်ဘိုးထားလေးကြပါလိမ့်မည။် ကောင်းချီးသြဘာပီးကြပါလိမ့်မည်။(သို့မဟုတ်) အကဲဖြတ်ဝေဖန်ကြပါလိမ့်မည်။ ချုံ့ချပုတ်ခတ်ကြပါလိမ့်မည်။

ဘာသာပြန်
ခိုင်မြသိန်း (ချောင်းသာကြီး)
၀၃၊ ၀၆၊ ၂၀၀၄
Dum Dum Central Jail (Kolkatta, India)
Monday, may 31, 2004 ထုတ် The Times of India ၏ တရားဟောသောမဟာဗောဓီး (The Speaking Tree) ကဏ္ဍမှ စာရွီးဆရာ ချဲရ်ဒီးပ် အစ် ဘာဂါ (Chirdeep S Bagga) ရွီးသားဖေါ်ပြသည့် Inverting the Pyramid: Leaders as Servants အား သင့်လျှော်အောင် ရခိုင်ဘာသာသို့ ပြန်ဆိုထားခြင်းဖြစ်ပါ၏။