Sunday, February 17, 2013

ဒေးဝန်းအောင်ကျော်ရွှီ၏ကိုယ်တွိရခိုင်ပြည်သိမ်းတိုက်ပွဲမှတ်တမ်း (အစ/အဆုံး)


(ပင်းဝါ၊ မြောက်ဦးသိမ်းတိုက်ပွဲ)

ဇေယျန္တု။ ။ ဗောဓိမည်ရ၊ မုနိန္ဒသည်လောကသျှင်၊ သောင်းရပ်ခွင်ဤလူ့မြီ၊ ပွင့်လာဘိသည်၊ မုနိသမ္ဗုဒေ၏၊ သီဒါဝယ်သဲလုံးရှိ၊ ဒွေးပါဒတော်၊ စုံနှစ်ဖော်ကို၊ ကျွန်သာလက်ဦးပီး၍၊ ကြောင်းဦးလျှောက်တင်ပါမည်၊ သောင်းဇမ္ဗူဝယ်၊ သျှင်လူရွှီနားတည်လော့။ မိစ္ဆိမည်နောက်ရပ်သာ၊ အန္ဒိယတိုင်းပြည်မသည်၊ ထက်မှာနတ်ဘုံသာသို့၊ မြစ်ဂင်္ဂါသီတာလည်း၊ သမုဒ္ဒရာ၊ လေးမျက်နှာသည်၊ ပတ်ကာဝန်းလျှက်နီ၏။ ဘိလပ်ပြည်မြို့စက္ကြာ၊ အိမ်ရာစီသည်၊ ပဆာမင်းတုံသော်ကား၊ ထက်ဒေ၀ါဟန်မပြား၊ လေးယောက်မောင်ပင်၊ ဝေဟန်သျှင်သည်၊ ဘုံခွင်မိုဃ်းသကြားသို့၊ သျှင်မင်းများထံတော်ဝယ်၊ တရာ့တစင်း၊ ထီးဆောင်းမင်းရို့၊ မကြွင်းခရိုသေလျှက်၊ ဘဏ္ဍာငွေခန့်ဇနာ၊ အဖူးလက်ဆောင်၊ များမြောင်ဆက်သွင်းပါ၏၊ မင်းမြတ်စွာအဏာနှင့်၊ ကုလီကတ္တာ၊ ရွှီမြို့တော်ဝယ်၊ ဗော်ရော်လာသတ်ကလည်း၊ နှုတ်သံမြအမိန့်တော်၊ ငါစိုးအုပ်သည်၊ အရှိတောင်ဖက်ဝယ်၊ ခေါ်တွင်ကာစစ်တကောင်း၊ မြို့ဝန်အရာ၊ ခန့်အပ်ပါသည်၊ ၀ါနော်သပ်ဖလောင်းရို့၊ လျှင်ကြောင်းစီလွှတ်ခါ၊ ၀ါနော်သပ်လည်း၊ မင်းမြတ်၏အာဏာနှင့်၊ ချီကြွလှာတုံပေငြား၊ ဆိုက်ရောက်ပါသော်၊ မြို့မှာမူးမတ်များနှင့်၊ မျိုးလေးပါးသူတကာ၊ မိမ္မယောက်ျား၊ တိုင်းပြည်သားမှာ၊ မိဘရောက်ပြန်လာသို့၊ အုပ်ချုပ်ကာစီရင်ငြား၊ မရမာသည်၊ ဘာသာစပ်တခြားနှင့်၊ လိမ္မငြားတတ်ပွန်သူ၊ အမီးပုစ္ဆာ၊ ပြဿနာကို၊ ကျီအောင်ဖြေမည့်လူဟု၊ တွေးဆယူရှာသောအခါ၊ ပွင့်သစ်ပန်းသွင်၊ မေ့ထိပ်တင်သည်၊ သခင်ကိုတွေးမြော်၏။ ခေါ်တွင်ကာလူအများ၊ မောင်သော်တလီ၊ အောင်ကျော်ရွှီသည်၊ သက်ဝီမေ့ထိပ်ထားကို၊ မြော်မြင်ငြားလူတကာ၊ ရင်၌မွီးသည်၊ သားကြီးဟန်ပမာသို့၊ မြို့ဝန်သာ ဝေါနော်သတ်၊ မေ့ချစ်မောင်ကို၊ စိတ်တွင်လောဘကပ်လျှက်၊ မပြတ်ငါ့ထံမှာ၊ တိုင်းပြည်ကိစ္စ၊ ဟူသမျှသည်၊ တခုမကျန်ပါအောင်၊ ဆောင်ရွက်ကာနီရမည်၊ စားစရိပ်မှာ၊ တလငွေနှစ်ဆယ်ကို၊ မပြတ်စီပီးမည်သာ၊ အာဏာချသည်၊ ရှိကတောင်းဆုပါ၍၊ သက္ကရာဇ်မှာထောင်ဖြစ်၊ တရာ့သျှစ်ဆယ်၊ စွန်းဝယ်နှစ်ခုနှစ်ဝယ်၊ အချစ်မေ့သခင်၊ စစ်တကောင်းသည်၊ ဖလောင်းမင်းရင်ပြင်၌၊ တိုင်းပြည်တွင်မှုကိစ္စ၊ ပေါ်ထွက်ရာကို၊ ဖြီဖျော်မိုးမစက၊ ယင်းမှာနီသူရို့မှာ၊ ရီခမိုးကို၊ ချမ်းချမ်းဖက်နီပါသို့၊ ပျော်ပါးကာအသွယ်သွယ်၊ ချမ်းငြိမ်းလှသည်၊ ထက်မနတ်ဘုံပြည်သို့၊ ရွှင်စမ္ပါယ်နီကြ၍၊ မေ့ချစ်မောင်ကို၊ နတ်လူသထာ၏လေး။

လွမ်းတသာခြင်း

(၁) သည်းဘ၀င်မှာ၊ မယေကြွီလု၊ လေးမျက်နှာကို၊ မယ်မျှော်ရှုက၊ ၀မ်းနှုဝမ်းပါး၊ ရီလှိုင်သံလေ၊ ညံဂရက်၊ ယက်သောသောနှင့်၊ အံသြစဖွယ်၊ အပြောကျယ်ကေ၊ ပင်လယ်နဒီ၊ လှိုင်းချီချီနှင့်၊ မှိုင်းရီးပျပျ၊ တမြမြကေ၊ ကမ်းစမထင်၊ သျှစ်ခွင်တိုင်းက၊ မှိုင်းမှုန်ဆင်ပျာ၊ မင်းလွင်ဝိုင်းအုံ၊ မြူခိုးခြုံကေ၊ ပဇ္ဇုန်ဆော်နှိုး၊ ၀ါယောမေလေ၊ တောင်လီဖြိုးလို့၊ မျှော်ရှုတိုင်းပင်၊ ဖေါ်ကွဲသူရို့၊ ပူလို့ကျွန်းအောင်၊ လွမ်းမှုဆင်ကေ၊ ဘ၀င်နုပျို၊ မေပဘာမှာ၊ မျှော်ကာတမ်းပျာ၊ လွမ်းလို့ငိုရေ...။

Saturday, February 16, 2013

ညာမြို့ရပ်စွန်

(၁) စုန်လီကေလက်ယာ၊ ဆန်လီကေလက်ဝဲ၊ ကုလားတန်ကေ၊ မြစ်ပြင်ထဲမှာ၊ ရွက်ဖွဲဖွဲနှင့်၊ ခရီကုန်သွယ်၊ ရောင်းဝယ်ဖေါက်ကား၊ ကုန်သည်ဆိုကေ၊ ထိုမြစ်ထဲမှာ၊ ရွက်ဖားဖားနှင့်၊ လားလာပြောင်းပြန်၊ လီဆန်လီသင့်၊ ယှဉ်ပြိုင်ပေါင်းစပ်၊ ရွက်ချင်းထပ်ခါ၊ လှီအပေါင်းမှာ၊ မြောက်များစွာလေ....။

(၂) ချောင်းငယ်ဝတွင်၊ ဈီးချခါဖြင့်၊ သင့်တင့်လောင်းလှီ၊ အညီစုစပ်၊ ပျားပန်းခက်သို့၊ မပြတ်အိမ်ခြီ၊ အစီယှဉ်သင့်၊ ဆင်လုံးမြင်းရံ၊ လီသွန်းခံပြုတင်း၊ ရပ်ဌာနီမှာ၊ တသွင်းသွင်းလေ....။

Saturday, February 9, 2013

ဗျဉ်း (၃၃) ရခိုင်လှေတော်သံ

က - ကိုမူကား။ ။ ကဉ္စနပဗ္ပတာ၊ ငွေတောင်သာက၊ ဟင်္သာဝမ်းဘဲ၊ ပျံကျဝဲသည်၊ မစဲရံကာ၊ ရံကာသော်လည်း၊ ဟန်စိလေ၊ ဟန်စွလေ။ ။

ခ - ကိုမူကား။ ။ မြတ်လှသီးခံ၊ ရသေ့ပျံကို၊ အကြံယူမှား၊ မင်းသားပြည်သျှင်၊ ပြစ်မှားလျှင်ကေ၊ ပြည်တော်ဝင်ကာ၊ ဝင်ကာသော်လည်း၊ ဟန်စိလေ၊ ဟန်စွလေ။ ။


ဂ - ကိုမူကား။ ။ ဂန္ဓမာလာ၊ ပန်းနံ့ သာနှင့်၊ လင်ရှာမရ၊ နဂါးမလျှင်၊ နိညမပြတ်၊ လှည့်ဖျားတတ်သည်၊ သူမြတ်ရွှင်ကာ၊ ရွှင်ကာသော်လည်း၊ ဟန်စိလေ၊ ဟန်စွလေ။ ။


ဃ - ကိုမူကား။ ။ ဃရာဝါသ၊ ကိစ္စများမြောင်၊ လူ ရို့ဘောင်ဝယ်၊ ခွါဆောင်ချီပြီး၊ မင်းကြီးတတပ်၊ သားလွတ်လပ်သည်၊ အထွဋ်တင်ကာ၊ တင်ကာသော်လည်း၊ ဟန်စိလေ၊ ဟန်စွလေ။ ။


င - ကိုမူကား။ ။ ငဆမုဆိုး၊ နယ်မျိုးလည်ဘိ၊ မဏိပတ္တမြား၊ ကုန်ခါစားသည်၊ လှေးမျှားကိုင်ကာ၊ ကိုင်ကာသော်လည်း၊ ဟန်စိလေ၊ ဟန်စွလေ။ ။



ဖဒူမင်းညို (ယီးခြင်း)

ရခိုင်ပြည်မြောက်ဦးခေတ် ရခိုင်ဘုရင်ဘစောဖြူမင်းလက်ထက် ရခိုင်သကြစ် (၈၂၁-၈၄၄) ခုနှစ် စာဆိုအမတ်ကြီးဖဒူမင်းညိုစပ်ဆိုသော ရခိုင်မင်းသမီးစောရွှေကြာ ယီးခြင်း (ယိုင်းခြင်း)

(အပိုဒ် ၁)
(ယီးယင်ယီးယင်၊ ယီးယင့်ယင့်၊ ယင်ယင်လေယီး၊ ယီးလေယီး၊ ယီးယင်ယင်ယီး)
ယီးလျှက်ပျံ့ပျူး၊ ရိုက်ကာကျူးပိမ့်၊ ပေါ်ဦးကမ္ဘာ၊ ငါးကြာပွင့်လိုက်၊ ရောင်မြိုက်ဥာဏ်ဖြူ၊ ငါးဆူသျှင်နည်း၊ ပွင့်မည်ချဉ်းတွင်၊ မိတ္တည်းမရောက်၊ လေးပါးနောက်ဝယ်၊ ငါးထောက်တောင်တာ၊ သာသနာတွင်၊ ငါးစင်းအမြတ်၊ န၀တတ်ရီကျ၊ ငါးရာရသား၊ ဂစ္ဆပနဒီ၊ ဤသည်ညာမွန်၊ ယဉ်တက်တဘက်၊ ပင်လယ်ထွက်မှ၊ နှစ်ဘက်ကမ်းခြီ၊ ဖြားရီမှီဝယ်၊ ရှိဆီပြုပ္ပာ၊ အာကာမှီခိုင်း၊ တောင်ပြိုင်းပြိုင်းနှင့်၊ ဆိုင်းဆိုင်းမဏ္ဍိုင်၊ ရခိုင်ညွန့်ဖူး၊ မွန်ကြည်မြူးသို့၊ မြောက်ဦးရွှီးနန်း၊ တည်လတ်ထွန်းသည်၊ ဤကျွန်းဇမ္ဗူထူးတည့်လေး။    ။

Sunday, February 3, 2013

ရခိုင်ကျီးဖြူသာခြင်း


(တန်းခိုးဆရာထွန်း၊ ရခိုင်သကြစ်-၁၂၈၂ ခုနှစ်မှာ စပ်ဆိုပါ၏)


နမောတဿ ဘဂ၀တော အရဟတော သမ္မာသမ္ဗုဒ္ဓဿ


သုံးပါးမယေရတနာ၊ မြတ်ဆရာနှင့်၊ မာတာပီတ၊ ဂုဏ်ပေါင်းကဲလွန်၊ နှုံးမတန်အောင်၊ အနန္တကို၊ ကန်တော့သုံးလီ၊ ထုံးကေသီမှာ၊  သရဘီစံကား၊ နန်းဂေါ်သဇင်၊ ပန်းတော်ဝင်သို့၊ ဆင်ပန်ထားမှ၊ ဥာဏ်သွားလည်းထက်၊ ရှိအဆက်က၊ ဆန်းလက်လာငြား၊ လူကြီးများရို့၊ ပြောဟောတိုင်မူ၊ အရေးယူ၍၊ ကျီးဖြူဝတ္ထု၊ ရှိဖြစ်မှုကို၊ ယခုတဖန်၊ စပ်ကာရံဖြင့်၊ အကျွနုပ်သည်၊ ရှိလွန်လီကေ၊ သက်သီထုံးကို၊ ကုံးလိုက်မည်က၊ သပြီလက်ယာ၊ မြီမျက်နှာတွင်၊ အောင်ချာပူရ၊ ထီးနန်းတည်၍၊ ဌာနီချကေ၊ အဋ္ဌ၀လာ၊ မြို့ပြည်ရွာကို၊ တည်ခါကာလ၊ မြီဝသုန်မှာ၊ ပစ္စုန္နလျှင်၊ သွန်းချဖြိုးဖြိုး၊ ၀ရဇိန်လေ၊ ထိန်ကာကြိုးလို့၊ မိုးကြီးသျှစ်ခါ၊ ရွာခြင်းရာကြောင့်၊ တွင်ခေါ်နာမ၊ နဂရကို၊ အဋ္ဌ၀လာ၊ တွင်တုံပါ၍၊ ဗြမ္မာသက္က၊ အသမ္ဘိန်လေ၊ နရိန္ဒဟု၊ နာမတွင်ငြား၊ ထိုးမင်းဖျားလျှင်၊ တရားလျှော်ရာ၊ များပြည်သူကို၊ ထီဖြူမိုးကေ၊ စိုးစိုင်ခါ၌၊

Friday, January 18, 2013

အချစ်ရတု

သာကြည်ယုယ
မပျော်ရသည်ကြာလှပြီ အသျှင့်သား
အရွှီသည်ပန်းနှင့်တူစွ
စန္ဒာဖြူသည် ကြိုးကြာမယ်ထက်ပူ၍
တကြူကြူလွမ်းရုတ
မောင်ကြောင့်ပူဆာ မခံသာသည်
များစွာဝဋ်ဒုက္ခတည်း --။

ပူခြင်းလှသည်ကြီး၍ပေ
ဦးဂေါင်းထိပ်ပြင် လက်စုံတင်ကေ
ကျွန်လျှင်ကန်တော့ပေ၏ --။

ကြောင်းခြင်းစစ် မှာလိုက်မည်
စကြာပိုင်သား မေသက်ထားသည်
ရွှီနားတဖန်တည်လော့။