Saturday, February 9, 2013

ဖဒူမင်းညို (ယီးခြင်း)

ရခိုင်ပြည်မြောက်ဦးခေတ် ရခိုင်ဘုရင်ဘစောဖြူမင်းလက်ထက် ရခိုင်သကြစ် (၈၂၁-၈၄၄) ခုနှစ် စာဆိုအမတ်ကြီးဖဒူမင်းညိုစပ်ဆိုသော ရခိုင်မင်းသမီးစောရွှေကြာ ယီးခြင်း (ယိုင်းခြင်း)

(အပိုဒ် ၁)
(ယီးယင်ယီးယင်၊ ယီးယင့်ယင့်၊ ယင်ယင်လေယီး၊ ယီးလေယီး၊ ယီးယင်ယင်ယီး)
ယီးလျှက်ပျံ့ပျူး၊ ရိုက်ကာကျူးပိမ့်၊ ပေါ်ဦးကမ္ဘာ၊ ငါးကြာပွင့်လိုက်၊ ရောင်မြိုက်ဥာဏ်ဖြူ၊ ငါးဆူသျှင်နည်း၊ ပွင့်မည်ချဉ်းတွင်၊ မိတ္တည်းမရောက်၊ လေးပါးနောက်ဝယ်၊ ငါးထောက်တောင်တာ၊ သာသနာတွင်၊ ငါးစင်းအမြတ်၊ န၀တတ်ရီကျ၊ ငါးရာရသား၊ ဂစ္ဆပနဒီ၊ ဤသည်ညာမွန်၊ ယဉ်တက်တဘက်၊ ပင်လယ်ထွက်မှ၊ နှစ်ဘက်ကမ်းခြီ၊ ဖြားရီမှီဝယ်၊ ရှိဆီပြုပ္ပာ၊ အာကာမှီခိုင်း၊ တောင်ပြိုင်းပြိုင်းနှင့်၊ ဆိုင်းဆိုင်းမဏ္ဍိုင်၊ ရခိုင်ညွန့်ဖူး၊ မွန်ကြည်မြူးသို့၊ မြောက်ဦးရွှီးနန်း၊ တည်လတ်ထွန်းသည်၊ ဤကျွန်းဇမ္ဗူထူးတည့်လေး။    ။

ထူးတည့်မှောက်တော်၊ ဟုတ်တည့်သြော်၊ ကျော်သဲတဆူ၊ ဇမ္ဗူဒီပ၊ ကျွန်းလုံးခသည်၊ မင်းတြားတည့်ရင်သွီး၊ မှောက်တော်ထွီး၊ ယီးလဲ့ယင်ယင်ယီး။    ။

(ပီပျောက်)

(အပိုဒ် ၃၀)
(ယီးယင်ယီးယင်၊ ယီးယင့်ယင့်၊ ယင်ယင်လေယီး၊ ယီးလေယီး၊ ယီးယင်ယင်ယီး)
မင်းကြီးမင်းလှ၊ မင်းဓမ္မလျှင်၊ လူ့ခွင်ကျော်ဟိုး၊ လွန်ဟိန့်ကြိုးလျှက်၊ တန်းခိုးပြောထူး၊ ဘစောဖြူဟု၊ ပြည်သူ့သခင်၊ ထိုအသျှင်မှာ၊ သံသာရှိဟောင်း၊ ဘ၀နှောင်းက၊ အကြောင်းသင့်၍၊ ရင်နှိုက်ရသား၊ မိဘမျှက်ဖျော်၊ သမီးတော်ကို၊ ချီငေါ်နှစ်သိမ့်၊ ခြိမ့်ခြိမ့်ညံညံ၊ ကပ္ပျာသံဖြင့်၊ ကျံကျံရင့်ကျူး၊ ယီးယင်ထူးဖြင့်၊ ပျံ့ပျူးသာယာ၊ ဆိုစိမ့်ငှာလျှင်၊ စီကာပတ်ကုံး၊ နိဒါန်းထုံးကို၊ ပန်းကုံးအသွင်၊ ဖွဲ့စီရင်၍၊ အသျှင်ရွှီနား၊ နာကြားစီရန်၊ အကျွန်ပဏ္ဍိ၊ က၀ိခေါ်ဆို၊ မင်းညိုဖဒူ၊ အသျှင့်လူလျှင်၊ တမူတသီး၊ ဆက်သွင်းပီးသည်၊ ပြည်သူ့ထိပ်သီး၊ အသျှင်မင်းကြီး၊ ယီးယင်ယင်ယီး။        ။
ထိပ်သီးမှောက်တော်၊ ဟုတ်တည့်သြော်၊ မင်းမော်မိဘ၊ သမီးလှကို၊ ချိုမြသံညောင်း၊ ယိုင်းခြင်းကောင်းဖြင့်၊ မောင်းမများစွာ၊ လွှဲစိမ့်ငှာလျှင်၊ ရွီးကာတည့်စီပီး၊ ယိုင်းယင်ယီး၊ ယီးယင်ယင်ယီး။    ။